ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

23/03/2018 13:17 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၉.၃.၂၀၁၈ မွ ၂၃.၃.၂၀၁၈)ထိ

ဒီတစ်ပတ်မှာတော့ ပထမတန်းစားဖြစ်တဲ့ ဆန်ချောစပါးစျေးက ငြိမ်နေပြီး ဒုတိယတန်းစား ဆန်ကြမ်းစပါးစျေးက အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။ မတ်ပဲနဲ့ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ စျေးအနည်းငယ်သာ အတက်အကျရှိပါတယ်။

စပါး

ပြီးခဲ့တဲ့အပတ်က စျေးတက်ခဲ့တဲ့စပါးစျေးက ဒီတစ်ပတ်မှာတော့ စျေးငြိမ်နေပါတယ်။ လက်ကျန်စပါးနည်းလာတာနဲ့အမျှ စပါးစျေးက တက်လာနေပြီးတော့ ဒုတိယတန်းစား စပါးတွေကတော့ ဆန်အဝင်များလာတဲ့အတွက်ကြောင့် စျေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပထမတန်းစားဆန်တွေဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းက တင်း ၁၀၀ ကို ၁၀၀၇၀၀၀ ကျော်၊ ပေါ်ဆန်းရင်က တင်း ၁၀၀ ကို ၉၀၂၀၀၀ ကျော်၊ ဖျာပုံပေါ်ဆန်းက တင်း ၁၀၀ ကို ၉၂၈၀၀၀ ကျော်ရှိပြီး စျေးအပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒုတိယတန်းစား စပါးတွေဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းက တင်း ၁၀၀ ကို ၆၉၀၀၀၀၀ ၊မနောသုခက ၅၉၈၀၀၀ ရှိပါတယ်။ မီးကောက်ကတော့ တင်း ၁၀၀ ကို ၆၁၆၄၀၀ ရှိပြီး တင်း ၁၀၀ ကို ၆၀၀၀၀ ကျော်စျေးတက်လာပါတယ်။ သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၅၆၅၈၀၀ ရှိပြီး ၁၀၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။

ဆန်

ဧရာဝတီတိုင်းမှာတော့ စပါးစျေးက ငြိမ်နေတဲ့အတွက် ဆန်စျေးတွေကလည်း ပြီးခဲ့တဲ့ အပတ်ကအတိုင်း စျေးငြိမ်နေခဲ့ပါတယ်။ ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဆန်ချောစျေးက ငြိမ်နေပေမယ့် ဆန်ကြမ်းတွေကတော့ စျေးကျဆင်းသွားပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ဖြစ်ပြီး အရောင်းအဝယ်က အေးနေတဲ့အတွက် စျေးကျဆင်းသွားတာပါ။ ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ဧည့်မထ ၂၅ မှတ်တန်က တစ်တင်းကို ၇၀၀ နီးပါးစျေးကျဆင်းသွားပြီး လတ်တလောပေါက်စျေးကတော့ တစ်တင်းကို ၂၀၅၀၀ ကနေ ၂၀၈၀၀ ရှိပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၂၄၂၀၀ ကနေ ၂၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ နွေသီးထပ်ရှယ်ကလည်း တစ်အိတ်ကို ၁၀၀၀ လောက်စျေးကျဆင်းခဲ့ပြီး တစ်အိတ်ကို ၂၂၈၀၀ ကနေ ၂၃၀၀၀ ပေါက်စျေးရှိနေပါတယ်။

မတ္ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးအနည်းငယ် အပြောင်းအလဲရှိပါတယ်။ ပြည်ပတင်ပို့မှုများတဲ့နေ့ စျေးကအနည်းငယ်တက်ပြီး တင်ပို့မှုနည်းတဲ့နေ့ဆို စျေးကအနည်းငယ်ကျဆင်းသွားပါတယ်။ တင်ပို့မှုမှာ ၂၀၁၈ ပဲအသစ်တွေလည်း ပါဝင်တဲ့အတွက်ကြောင့် ပဲအသစ်တွေကတော့ ပဲအဟောင်းထက် စျေးကောင်းရနေပါတယ်။ မြန်မာအစိုးရက ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံအစိုးရကို မတ်ပဲ နဲ့ ပဲစင်းငုံနီကို တန်ချိန်တိုးဝယ်ဖို့အတွက်  စာတင်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လလောက်မှာ အိန္ဒိယအစိုးရက ပဲတန်ချိန် ကန့်သတ်လိုက်တည်းကစပြီးစျေးက မထင်မှတ်လောက်အောင်ကျဆင်းသွားကာ ကုန်သည်တွေ တောင်သူတွေ ထိခိုက်မှုအများအပြားဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာလည်း  ပဲလက်ကျန်တွေကျန်နေတာဖြစ်တဲ့အတွက် လျော့ချဝယ်ယူခဲ့ပြီး ယခုနှစ်မှာလည်း ထပ်ပြီးလျော့ချနိုင်ဖွယ်အခြေအနေတွေ ရှိနေပါတယ်။ ထပ်ပြီးတင်သွင်းမယ်ဆိုရင် လက်ကျန်ပဲ အများအပြား ကျန်ရှိနေမှာကို ကုန်သည်တွေက စိုးရိမ်ပြီး မြန်မာမတ်ပဲ စျေးအလွန်သက်သာနေတဲ့အတွက် တောင်သူတွေမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့လည်းစိုးရိမ်မှုများရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲကတစ်တင်းကို ၁၅၅၀၀ နဲ့ တစ်တင်းကို ၂၀၀ ကျပ်လောက်စျေးတက်လာပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၄၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ် စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၈၀၀ ရှိပြီး ၄၀၀ ကျပ်လောက်စျေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း စျေးက အတက်အကျအနည်းငယ်သာ ပြောင်းလဲမှုရှိပါတယ်။ ပဲအသစ်တွေ စပေါ်ချိန်က ပဲအဟောင်းထက် စျေးပိုရခဲ့ပေမယ့် လက်ရှိမှာတော့ ပဲအသစ်တွေက စျေးကျဆင်းသွားပြီး ပဲ အဟောင်းတွေက စျေးအနည်းငယ်ပို ရနေတာကိုတွေ့ရပါတယ်။ ပဲစင်းငုံကတော့ နယ်ကုန်စည်ဒိုင်တွေမှာ ရက်ခြားရောင်းဝယ်မှုသာ ရှိတယ်လို့လည်းသိရပါတယ်။ ပဲစင်းငုံနီကို တန်ချိန် ၄ သိန်းအထိ တိုးဝယ်ဖို့ မြန်မာအစိုးရက အိန္ဒိယအစိုးရကို တောင်းဆိုထားပါတယ်။ ပဲစင်းငုံနီကတော့ နယ်ကုန်စည်ဒိုင်တွေက အဝယ်မလိုက်တဲ့အတွက်စျေးက ကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၀၅၀၀ ရှိပြီး ၂၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၉၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ ၁၁၀၀၀ ရှိပြီး ၂၀၀ ကျပ်စျေးအသီးသီးစျေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းက နှစ်ပတ်ဆက်တိုက် စျေးက တစ်ဖြေးဖြေးစျေးကျဆင်းသွားခဲ့ပါတယ်။ နေ့စဉ် အဝင်မရှိတော့ပေမယ့် အဝယ်ကလည်း အေးနေတဲ့အတွက် စျေးက ငြိမ်နေတာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ပဲတင်သွင်းမှု လျှောက်ထားရမှာ ပဲတီစိမ်းလည်း ပါဝင်တယ်လို့သိရပါတယ်။ ပဲတီစိမ်းက အိန္ဒိယနိုင်ငံအပြင် တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံကလည်း ဝယ်ယူနေတာဖြစ်တဲ့အတွက်ကြောင့် တစ်ခြားပဲတွေ လောက် ထိခိုက်မှုမရှိပေ။ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း တစ်တင်းကို ၁၉၀၀၀ ကနေ ၂၂၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်နေပါတယ်။ နေပြည်တော်မှာတော့ ၃ တင်းဝင် တစ်အိတ်ကို ၆၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၅၀၀ ပေါက်စျေးရှိပြီး ၁၅၀၀ ကျပ်စျေးတက်လာပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၂၀၀ ကနေ ၁၇၅၀ ကျော်ရှိပြီး အတက်အကျ အနည်းငယ်ပြောင်းလဲပါတယ်။

နှမ်းမျိုးစုံ

နှမ်းရောင်စုံဖြစ်တဲ့ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းနက်(စမုံ)၊ နှမ်းနီ၊ နှမ်းညိုအစရှိတဲ့ နှမ်းမျိုးစုံတို့ကတော့ စျေးငြိမ်နေတာ တော်တော်ကြာနေပါတယ်။ စျေးကွက်အတွင်း နှမ်းတွေဝင်ရောက်မှုနည်းလာပြီး အရောင်းအဝယ်ကလည်း နည်းလာတဲ့အတွက် စျေးငြိမ်နေတာလည်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ နှမ်းဆီစက်သမားတွေ ဝယ်ယူမှုမှသာ တစ်အိတ်ကို ၁၀၀၀ ကျော်သာ  တက်ရောက်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက  တစ်တင်းကို ၄၁၇၅၀ နှမ်းဝါက ၃၄၀၀၀နှမ်းနီက ၃၅၀၀၀၊နှမ်းညိုက ၃၂၅၀၀၊နှမ်းနက်က ၃၆၀၀၀၊ပန်းနှမ်းကတော့ ၁၆၅၀၀ ရှိပြီး ပန်းနှမ်းကလွဲပြီး နှမ်းမျိုးစုံစျေးက ပြောင်းလဲမှုမရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ နှမ်းညို က ၃၃၃၀၀ ရှိပြီး ၄၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ နှမ်းနက်က တစ်တင်းကို ၃၅၀၀၀ နဲ့ ၄၀၀၀ လောက်စျေးတက်လာပါတယ်။နှမ်းနီကတော့ စျေးအပြောင်းအလဲမရှိပဲ  ၇၅၀၀၀ ပေါက်စျေးရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း နှမ်းနက်ရော နှမ်းနီရော တစ်အိတ်ကို ၃၆၀၀၀ နဲ့စျေးက ငြိမ်နေပါတယ်။

မဝတ်ရည်မွန်(AMIA)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်