အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဈေးကွက်သုံးသပ်ချက် (၂၄.၅.၂၀၂၄)

ဈေးကွက်သုံးသပ်ချက် (၂၄.၅.၂၀၂၄)

AMIA
AMIA • 24/05/2024

ပဲစဥ်းငုံနီ

ပဲစင်းငုံနီက ဈေးဆက်တိုက်မြင့်တက်လာပါတယ်။ ပိတ်ရက်အပြီးတော့ ဈေးကွက်အတွင်း ဆက်တက်လာတာမျိုးမရှိပဲ ဈေးပြန်အေးသွားတဲ့ အခြေအနေ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ အတက်ဈေး နဲ့ ရှိနေဆဲပါပဲ။ ငွေလဲလှယ်နှုန်းဈေးကြောင့် မြင့်တက်လာတာ ဖြစ်တဲ့ အတွက် အရောင်းအချို့ ရှိပေမယ့် အဝယ်ကတော့ အေးတယ်လို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးမြင့်တက်နေတာ ဖြစ်ပြီး ပဲ လိုအပ်ချက်ကြောင့် ဈေးမြင့်တက်နိုင်မယ့် အခြေအနေရှိတယ်လို့ အိန္ဒိယဈေးကွက်သတင်းတွေ မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပဲ ဈေးကျအောင် နည်းမျိုးစုံ နဲ့ လုပ်ဆောင်နေတာ ဖြစ်လို့ ပဲဈေး အခြေအနေက ကာလတို အခြေအနေ မှာတေ့ာ ကောင်းနိုင်ပေမယ့် ကာလလတ် အခြေအနေမှာတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၃၇၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၂၇၅ ရူပီး ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ပဲစင်းငုံနီ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၃၂၀ မှ ၁၃၄၀ ရှိပြီး ၂၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။ 

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၂၉၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၄၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကုလားပဲ 

ကုလားပဲ ကလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးအနည်းငယ်ပြန်မြင့်လာပါတယ်။ ဝယ်ယူမှုများလာတဲ့အတွက်ကြောင့် ဈေးမြင့်တက်လာတာ မဟုတ်ဘဲ ငွေဖောင်းပွမှုကြောင့် ပဲ ဈေး မြင့်တက်လာတာဖြစ်တဲ့အတွက် ဝယ်ယူမှု အေးပေမယ့် အမြင့်ဈေးနဲ့ ရောင်းချမှုတွေကတော့ ရှိတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၀၈၀  မှ ၄၂၅၀ ကျပ် ရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်ပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၂၅၀   မှ ၄၄၂၀ ရှိပြီး ကုလားပဲခြမ်း ကလည်း  တစ်ပိဿာကို ၅၄၅၀   မှ ၅၉၀၀ ရှိကာ ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ် သောကြာနေ့ နဲ့ ယှဉ်ရင် ကုလားပဲ v2 က တစ်အိတ်ကို ၂၄၇၀၀၀  ကျပ် ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို  ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ကျပ်  ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၈၀၀၀ကျပ်မှ ၂၂၉၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ၊ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၂၅၇၀၀၀ ရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ထောပတ်ပဲ

ပြည်ပ ပို့ကုန်ပဲ ဖြစ်တဲ့ ‌ထောပတ်ပဲကလည်း ပြည်တွင်း ငွေကြေးဈေး ကျဆင်းတဲ့အတွက်ကြောင့် ဈေးက မြင့်တက်နေတာ ဖြစ်ပြီး ဝယ်လိုအားထက် ရောင်းလိုအားက မြင့်တက်နေတယ်လို့ ကုန်သည် အချို့ထံကနေ သိရပါတယ်။ 

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာထောပတ်ပဲ တစ်ပိဿာကို ၆၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ထောပတ်ပဲကလည်း တစ်အိတ်ကို ၃၇၀၀၀၀ မှ ၄၁၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များနေပေမယ့် ဈေးမြင့်တက်နေတဲ့ အခြေအနေပါ။ နယ်စုံကနေလည်း အဝင်ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က အထိ အကျဈေးနဲ့ငြိမ်နေပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲကို အဝင် နေ့စဉ် ၂ သိန်း နီးပါး အဝင်ရှိနေပါတယ်။အရောင်းအဝယ်ကတော့ ပုံမှန် ရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပိဿာကို ၁၆၀၀ မှ ၂၃၀၀ ကျပ်ရှိပြီး  ၁၀၀ ကျပ် တက်လာပါတယ်။ အခြား အမျိုးအစား ဖြစ်တဲ့ မြင်းခြံ၊တောင်တွင်း၊ မင်းဘူး၊ ရွှေဘို၊ မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၅၀၀ ကနေ ၂၅၀၀ ကြားရှိနေပြီး ၁၀၀ ကနေ ၂၀၀ ကြားဈေးတက်လာပါတယ်။

ပခုက္ကူ ဈေးကွက်မှာတော့  တစ်ပိဿာကို ၁၂၀၀ မှ ၂၁၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၀၀  ကျပ်‌ဈေးပြန်မြင့်တက်လာပါတယ်။ 

မေမီမောင်(AMIA)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

3
MyoKyawThu

MyoKyawThu

လွန်ခဲ့သော ၂ နှစ် က

ပဲတီစိမ်းစျေးကွက်လေးသိချင်ပါတယ်

win koko

win koko

လွန်ခဲ့သော ၂ နှစ် က

ကုလားပဲ စျေးနောက်ထပ် တက်လာနိုင်ပါသလား

Naing   Linn

Naing Linn

လွန်ခဲ့သော ၂ နှစ် က

ပဲကြီး စျေးအချေ အနေကို လည်း သိချင်ပါ တယ််ဗျ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။