မြေပဲဈေးဆက်တိုက်မြင့်တက်နေပြီး ဆီဈေးများလည်း အမြင့်ဆုံးရောက်

29/07/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ယခုတစ်ပတ်အတွင်း မြေပဲဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး မြေပဲဆီဈေးတွေလည်း အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

ပြည်ပတင်ပို့မှု ရှိနေသလို ဆီအတွက် ဝယ်ယူမှုတွေကြောင့် မြင့်တက်နေတာဖြစ်တယ်လို့ AMIA က ဆိုပါတယ်။

မန္တလေးဈေးကွက်မှာ မြေပဲလုံးအနီဆန် က တစ်ပိဿာကို ကျပ် ၅၂၀၀ ကနေ ၅၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာလည်း မြေပဲလုံးအနီဆန်က တစ်ပိဿာကို ၅၁၀၀ ကျပ် ပေါက်ဈေးရှိပြီး ၂၅၀  ကျပ်၊ အဖြူဆန်ကတော့  တစ်ပိဿာကို  ၅၂၀၀ ပေါက်ဈေးရှိပြီး ၃၅၀ ကျပ် ဈေးအသီးသီး တက်လာပါတယ်။

မုံရွာဈေးကွက်မှာလည်း မြေပဲလုံးအနီဆန်နဲ့ မြေပဲလုံးအဖြူဆန်တွေဟာ တစ်ပိဿာကို ၅၂၀၀ ကနေ ၅၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မြေပဲဆီတွေကတော့ တစ်ပိဿာကို ကျပ် ၉၀၀၀  ကနေ ၁၁၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀၀ ကျော် ဈေးတက်လာတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်နီဈေးဟာ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၂၀၀၀  ထိ ဆက်တိုက်ဈေးမြင့်တက်ခဲ့ပြီး အဲ့ဒီဈေးနဲ့ပဲ ၃ ရက်ဆက်တိုက် ဈေးငြိမ်နေပါတယ်။

အဝင်နည်းပြီး ပြည်ပတင်ပို့မှုလည်း ရှိတဲ့အပြင် အခြား ငွေကြေးဈေးမြင့်တက်ခြင်းနဲ့ သယ်ယူစရိတ်မြင့်တက်ခြင်းတွေကြောင့် ဈေးတက်နေတာဖြစ်တယ်လို့ AMIA က ဆိုပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်