ကြက်သွန်နီဈေးဆက်တက်နေဆဲဖြစ်ပြီး မတ်ပဲဈေးလည်းဆက်တက်

14/06/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့တစ်ပတ်ကတည်းက နေ့တိုင်းနီးပါးဈေးတက်နေခဲ့တဲ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကြက်သွန်ဈေးကွက်ဟာ မနေ့က အဖွင့်ဈေးမှာတော့ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၁၀၀ ကနေ ၁၇၀၀ အထိ ရှိရာကနေ ဒီနေ့မှာလည်း ဆက်တက်လာတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့ ဈေးနှုန်းဖော်ပြချက်တွေအရ သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ဆက်တိုက်အတက်မှာရှိနေတဲ့ မတ်ပဲဟာလည်း ပြီးခဲ့တဲ့သောကြာအပိတ်ဈေးနဲ့ယှဉ်ရင် မနေ့က တစ်တန်ကို ကျပ် ၁၀၀၀ လောက်လျော့သွားပေမယ့် ဒီနေ့မှာတော့ ကျပ် ၄၅၀၀ ပြန်တက်လာပြီး တစ်တန်ကို ကျပ် ၁၅၃၅၅၀၀ မှာ ရှိနေပါတယ်။

ဒီနေ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီနဲ့ မတ်ပဲဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) (၁)တန် 1535500 ကျပ်

မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၁) (၁)တန1725500 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူရှယ်)(သစ်) (၁)ပိဿာ     1900 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) (၁)ပိဿာ     1800 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) (၁)ပိဿာ     1650 ကျပ်

ကြက်သွန်နီ(ဆိပ်ဖြူလတ်ချော) (၁)ပိဿာ     1300 ကျပ်

ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်) (၁)ပိဿာ     2600 မှ 2800 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၂) (၁)ပိဿာ    2000 မှ 2100 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၃) (၁)ပိဿာ   2600 မှ 2700 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၄) (၁)ပိဿာ   3000 မှ 3400 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၅) (၁)ပိဿာ   3700 မှ 3800 ကျပ်

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

နိုင်ငံတစ်ဝန်း စပါး၊ ဆန်၊ ပဲများအပါအဝင် သီးနှံမျိုးစုံဈေးနှုန်းများကို သိလိုပါက အစိမ်းရောင်လမ်း App ရှိ နေ့စဉ်ဈေးနှုန်းများကဏ္ဍထဲတွင် သက်ဆိုင်ရာမြို့နယ်တစ်ခုချင်းစီအလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်