မြန်မာ့ပဲဈေးကွက်အတွင်းရှိ မတ်ပဲနဲ့ပဲစဉ်းငုံဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
ယခုလဆန်းပိုင်းအတွင်း ပဲဈေးနှုန်းများမှာ တစ်သိန်းကျပ်ဝန်းကျင်တက်ခဲ့ပေမယ့် ယခုလက်ရှိအချိန်ထိ အပြောင်းအလဲမရှိပဲ တည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရပါတယ်။
“ပဲဈေးနှုန်းတွေက အခုလဆန်းပိုင်းလောက်က မတ်ပဲဈေးနှုန်းက တစ်သိန်းနီးပါးလောက်တက်ခဲ့ပေမယ့် အခုလက်ရှိကတော့ သိပ်ပြီးအပြောင်းအလဲမရှိပါဘူး။ ပဲစဉ်းငုံဈေးနှုန်းလည်း တည်ငြိမ်နေပါတယ်”
ယခုလက်ရှိအချိန်ထိ မြန်မာ့ပဲဝယ်ယူမှုအများဆုံးဖြစ်တဲ့ အိန္ဒိယအစိုးရဘက်မှလည်း ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးကြောင်း အဆိုပါအသင်းမှသိရပါတယ်။
ပြည်တွင်းမတ်ပဲဈေးနှုန်းမှာ တစ်တန်ကို ၆၇၀၀၀၀ ကျပ် ၊ ပဲစဉ်းငုံတစ်တန်ကို ၇၃၅၀၀၀ ကျပ် နဲ့ ပဲစဉ်းငုံ အသစ်တစ်တန်ကို ၈၅၀၀၀၀ ကျပ်ရှိနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more