သိလိုရာမေး..မာလာမြိုင် အကြံပေး

29/01/2024 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တောင်သူတိုင်းအတွက် မာလာမြိုင်တဲ့..☘️

နာမည်နဲ့ လိုက်အောင်ကို Marlarmyaing Group  မာလာမြိုင်စိုက်ပျိုးရေးအရောင်းကုမ္ပဏီက အစိမ်းရောင်လမ်းရဲ့ တောင်သူတွေကို ကူညီဖို့ အဖွဲ့လေးတစ်ခု ထပ်ဖွဲ့လိုက်ပြန်ပါပြီ 😱

📢 သိလိုရာမေး..မာလာမြိုင်အကြံပေးဆိုတဲ့ အဖွဲ့လေးပေါ့ 

✅ အဲ့ဒီအဖွဲ့ထဲမှာ စိုက်နည်းပျိုးနည်းကစလို့ ပိုး၊ ပေါင်းပြဿနာတွေအထိ သိလိုရာသာမေး ...

မာလာမြိုင်ရဲ့ စိုက်ပျိုးရေးပညာရှင်တွေက အချိန်နဲ့ တပြေးညီ ကူညီဖြေပေးမယ့်အပြင်

သိလိုတဲ့ ဆေးအေအိုင်ကို တည့်သာမေး.. ပညာရှင်တွေက သုံး ရ..မရကို ပြောပြပေးမှာရှင့် ❤

✅  မာလာမြိုင်ရဲ့ စိုက်ပျိုးရေးပညာရှင်တွေနဲ့ တိုက်ရိုက်စကားပြောခွင့် ရမှာဆိုတော့ 

မာလာမြိုင်က ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး စိတ်ကြိုက်ဆွေးနွေးလို့ ရသွားပြီပေါ့ 😉

အခုချိန်မှာ ဘယ်ဆေးက ဘယ်ဈေးပေါက်ပြီး 

ဘယ်ဒေသက ဆေးကိုယ်စားလှယ်က ဘယ်သူပါ ဆိုတာပါ ပြောပြပေးနိုင်တာမို့ ...

ယုံယုံကြည်ကြည် စိတ်ချ လက်ချ ဝယ်ယူခွင့်ပါ ရရှိသွားနိုင်တဲ့ အခွင့်အလမ်းကိုပါ ပိုင်ဆိုင်ခွင့်ရမှာပါ 👍

✅  အဖွဲ့ထဲမှာရှိနေသင့်တဲ့ နောက်အကြောင်းအရင်းကတော့..

မာလာမြိုင်ကလုပ်မယ့် စိုက်ပျိုးရေးပညာပေးပွဲတွေကိုလည်း လက်မလွှတ်တမ်း သိခွင့်ရမယ်တဲ့..

✅  မေးမယ် ဖြေမယ် ဆွေးနွေးတာထက်ပိုပြီး အကြံပေးမယ်၊ ရင်ဖွင့်မယ်ဆိုရင်လည်း မာလာမြိုင်အဖွဲ့သားတွေက နားထောင်ပေးဖို့ အဆင့်သင့်ပါပဲတဲ့ရှင် 😊

အဖွဲ့လေးက အစိမ်းရောင်လမ်းဆော့ဝဲထဲမှာရှိနေပြီး လင့်ခ်ကိုတော့ Comment မှာပေးထားပါတယ်ရှင့် 👇


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်