မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် လိုအပ်ချက်များ

17/01/2024 16:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၈၆)

စားမှို စိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်းရွက်မှန်စုံ ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၅)

အပူပိုင်းစိုက်မျိုးစိတ် မိုက်ခရိုဂရင်းများ၏  အရည်အသွေးမြင့်စေသော အခြေအနေများ

အပူပိုင်းစိုက်မျိုးစိတ်မိုက်ခရိုဂရင်းများသည် အပူပိုင်းဒေသအလိုက်စိုက်ပျိုးရရှိသော မျိုးများဖြစ်သည်။ မျိုးစေ့ဆိုင်များတွင် မျိုးစေ့များကို အလွယ်တကူဝယ်ယူနိုင်သည်။ မျိုးစေ့ စျေးမကြီးပါ။ ကိုယ်တိုင် စိုက်ပျိုးစားသုံးနိုင်သည်။ မိုက်ခရိုဂရင်းများကို အလွှာအသီးသီးမှ စားသုံးသူများသည် ဝယ်ယူစားသုံးနိုင်သည်။ အပူပိုင်းစိုက်မျိုးစိတ် မိုက်ခရိုဂရင်းများ၏ အာဟာရဓာတ် ပါဝင်မှုနှင့် ကျန်မာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်မှုမြင့်သည်။ မျိုးစေ့အရည်အသွေး၊ အပင်ပြုစုနည်းများ၊ စိုက်ပျိုးသော မီဒီယာ၊ စိုထိုင်းဆ၊ အပူချိန်၊ အလင်းရောင်၊ ရိပ်သိမ်းပြီး ထုတ်ပိုးပစ္စည်း၊ သိုလှောင်ကာလအတွင်း အပူချိန်တို့ကိုတော့ သေချာဂရုစိုက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံရန်ကုန်နှင့် ပုဂံမြို့ တို့တွင် အပူပိုင်းစိုက်မျိုးစိတ် မိုက်ခရိုဂရင်းများစိုက်ကြသည်။ မိုက်ခရိုဂရင်းအစေ့များကို တီမြေဆွေး ကြွယ်ဝပြီး ပီအိပ်ချ်ထိန်းညှိထားသည့် မြေတွင်စိုက်သည်။ အုန်းဆံခွံတွင်လည်း စိုက်သည်။ အပူပိုင်းစိုက်မျိုးစိတ်များသည် အလားအလာကောင်းပြီး ထိပ်တန်း ဖြည့်စွက်အစားအစာအဖြစ် စျေးကွက်ဝင်လာပြီ ဖြစ်သည်။

အပူပိုင်းစိုက် မျိုးစေ့များ၏ မိုက်ခရိုဂရင်းစိုက်ရန် အရေးကြီးသောအချက်များ

မိုက်ခရိုဂရင်း စိုက်ပျိုးချိန်တွင် အရေးကြီးသောလိုအပ်ချက်များ

အပူပိုင်းစိုက်မျိုးစေ့များ၏ မိုက်ခရိုဂရင်း အမျိုးမျိုး

၁။ ဟင်းနုနွယ်အနီ

၂။ ပင်စိမ်း မိုက်ခရိုဂရင်း

၃။ ဆလပ် မိုက်ခရိုဂရင်း 

၄။ မတ်ပဲနှင့်ပဲတီစိမ်း မိုက်ခရိုဂရင်း 

၅။ စပိုင်းနတ် ဟင်းနုနွယ်မိုက်ခရိုဂရင်း 

၆။ ပေါက်ပေါက်ပြောင်း မိုက်ခရိုဂရင်း

၇။ မုံလာဥ မိုက်ခရိုဂရင်း

၈။ ရေကန်စွန်း 

၉။ ပတ်ချွိုင် မုံညင်းဖြူ

သဘာဝအလင်းရောင်ရသော ခြံဝင်းအတွင်းအမိုးအကာဖြင့်စိုက်ခြင်းသည် အထွက် ပိုကောင်းသည်။ အခန်းတွင်း အလင်း ရောင်ဖြင့်စိုက်ခြင်းထက် ပျိုးပင်ပိုရှည် သည်၊ ကယ်လစီယံ၊ သံဓါတ်၊ ဇင့်ဓါတ် ဘီတာကယ်ရိုတင်း၊ အမျှင်ကြမ်း၊ ပရိုတင်းအကြမ်း ပါဝင်မှုမြင့်သည်။ အခန်းတွင်း အလင်းရောင်ဖြင့်စိုက်ခြင်းသည် အနံ့၊ အရသာစသော အာရုံခံ အရည်အသွေး မြင့်သည်။ မည်သည့်နည်းဖြင့်စိုက်သည်ဖြစ်စေ သိုလှောင်သိမ်းဆည်းရာတွင် အပူချိန် ၄-၅ဒီဂရီ စင်တီဂရိတ် တွင် ဇစ်ပါသော ပိုလီအီသလင်းပလပ်စတစ်အိတ်ဖြင့် သိမ်းဆည်းပါလှင် သိုလှောင်သက်တမ်းကြာမည်။ ပျိုးဗန်းဖြင့် မြေအခြေခံစိုက် ပါလှင်  တီမြေဆွေး ၃ဝ% (သို့မဟုတ်) မှိုစိုက်ပြီးကျန်သော ပွားစာဆွေးကျန်မြေ၄ဝ-၅ဝ%ထိ အာဟာရအတွက်ထည့်သုံးနိုင်သည်။

ကိုးကား

Arya KS. et al.,Microgreens of tropical edible-seed species, an economical source of phytonutrients- insights into nutrient content, growth environment and shelf life.

Future Foods. Volume 8, December 2023, 100262Partap M. et al., Microgreen: A tiny plant with superfood potential. Journal of Functional Foods. Volume 107, August 2023, 105697

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်