တူလေး ဘယ်ကုမ္ပဏီကလဲ လက်ဆောင်ဘာပါလဲ....
ဗျာ....ဟုတ်ကဲ့ဒေါ်ဒေါ် ....ကျွန်တော်တို့က နည်းပညာပေးတဲ့အဖွဲ့ကပါ..... လက်ဆောင်တော့မပါလာခဲ့ဘူး
မနက်ဖြန်ကျရင်တော့ ပွဲလာတက်နော် ဒေါ်ဒေါ်... ကျွန်တော်တို့က နည်းပညာတွေပေးမှာဗျ
အော်...လက်ဆောင်မပါရင်တော့မလာတော့ပါဘူးကွယ်တဲ့ စိုက်ပျိုးရေးနည်းပညာပေးပွဲတစ်ပွဲမှာ ကြုံတွေ့လာရကတည်းက ဒီလက်ဆောင်ဆိုတာကြီးကို စိတ်ခုနေတာ ကြာပါပြီ.....
မြန်မာတောင်သူတွေရဲ့ ဓလေ့တစ်ခုလို ဖြစ်နေပြီလား....
ရိုင်းရိုင်းပြောရရင် အကျင့်တွေပျက်နေကြပြီလား....
ဘယ်သူတွေစခဲ့ကြတာလဲ....
ဘယ်သူ့ကိုအပြစ်တင်ကြမလဲ....
လက်ဆောင်ဆိုတဲ့ စီးပွားရေးလှည့်ကွက်တစ်ခုအောက်မှာ မျောနေကြပြီလား.....
ကျွန်တော်တို့ နည်းပညာပေးပွဲတွေ လက်ဆောင်မပါရင် မလာကြတော့.....
လက်ဆောင်ပါတဲ့ အချို့ဟောပြောပွဲတွေ လူစည်နေတက်သည်......
ပွဲတစ်ပွဲပြီးတိုင်းကြားနေရတာက ဒီပွဲက ဒီလက်ဆောင်တွေရလာတယ် ဟိုအဖွဲ့က အဲဒါတွေ ပေးနေတယ် ဆိုတာချည်းပဲ....
ကျွန်တော်တို့ပေးတဲ့ နည်းပညာတွေထက် ဒီလက်ဆောင်တွေက ပိုအရေးပါနေသည်က ကျွန်တော်သိပ်တော့ ဘဝင်မကျချင်ပါ....
ကျွန်တော်ကပဲ အတွေးတွေ လွန်နေတာလားတော့မသိ....
ပြောမပြတက်တဲ့ စောဒက တစ်ချက်ကို မြိုသိပ်ရင်း နောက်နည်းပညာပေးပွဲအတွက် လက်ဆောင်ပေးရန် စီစဉ်လိုက်ပါဦးမည်
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator