တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

18/06/2018 09:42 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တိုကျို ရဲ့ TOCOM ဈေးကွက်မှာ  တနင်္လာနေ့က ပြီးခဲ့တဲ့ သောကြာနေ့ကအဆက်နဲ့ ဆက်ကျတာ ၂ လနီးပါးအတွင်း အနိမ့်ဆုံးကိုရောက်သွားတော့တယ်။ အာရှဘက်မှာ အရန်ရော်ဘာတွေ ပိုလျှံနေတဲ့ အတွက်ကြောင့်ပါ။ ရော်ဘာဝယ်ထား ပြီးသားတွေ စုပုံနေတော့ ဘယ်သူမှ ထပ်မဝယ်ချင်ကြဘူးလေ။ ဒီတော့ ဈေးမလိုက်ဘူးပေါ့။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကိုထင်ဟပ်တဲ့ TOCOM ရော်ဘာဈေးဟာ ထွက်အားကျတဲ့ ရွက်ကြွေရာသီ ပြီးသွား တဲ့နောက် အရှေ့တောင်အာရှဘက်မှ ရော်ဘာအဓိကထွက်တဲ့ နိုင်ငံတွေမှာ ရော်ဘာပိုထွက်လာနေတဲ့အတွက် ရောင်းလို အား များလာမယ့်သဘောကြောင့် ဈေးကျတာလည်းဖြစ်တယ်။

ဂျပန်ဆိပ်ကမ်းမှ အရန်ရော်ဘာပမာဏဟာ မေ ၁၀ ရက်စာရင်းအရ တန်ချိန် ၁၇၀၀၉ တန်ရှိနေတယ်။ လွန်ခဲ့တဲ့နှစ် ဒီအ ချိန်မှာ ၄၀၇၀ တန်ရှိခဲ့တော့  ၄ ဆကျော်များနေတာပါ။ ဒါက Rubber Trade Association of Japan ရဲ့ စာရင်းအရ သိရတာ။ 

"များသည်ထက်များလာတဲ့ အရန်ရော်ဘာတွေက ရော်ဘာဈေးကို ထိခိုက်ပါတယ်" လို့ ဂျပန်ကုန်သွယ်ရေးအရင်းအမြစ် ကလည်းဆိုတယ်။

TOCOM ရဲ့ နိုဝင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ၁ ယန်းကျကာ ၁၈၄.၉ ယန်း($၁.၆၈)/ကီလိုဂရမ်ဈေးနဲ့ ဈေးပိတ် သွားတယ်။ စောစောပိုင်းမှာ ၁၈၄.၃ ယန်းထိကျသွားသေးတယ်။ ဒါက ဧပြီ ၁၉ ကတည်းကဆိုရင် တနေ့တာအတွင်း အနိမ့်ဆုံးဈေးပေါ့။

ရှန်ဟိုင်းရဲ့ SHFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ စက်တင်ဘာမှာ ရော်ဘာဈေးဟာ ယွမ် ၁၂၀ ကျပြီး ၁၁၄၀၀ ယွမ်/တန်ဈေးနဲ့ ပိတ်သွားတယ်။

အင်ဒိုနီးရှားရဲ့ မော်တော်ဆိုင်ကယ်ရောင်းအားက မေလမှာ လွန်ခဲ့နှစ်ကထက် ၁၀.၉% တက်သွားတာ ယူနစ်ပေါင်း ၅၈၉၃၀၄ ထိရောက်သွားတယ်လို့ တနင်္လာနေ့မှာ စက်မှုအသင်းရဲ့ ထုတ်ပြန်ချက်အရသိရတယ်။ သဘောတရားအရတော့ မော်တော်ယာဉ်ရောင်းအားတက်ရင် တိုင်ယာတွေလည်း အသုံးများလာတဲ့အတွက်ကြောင့် တိုင်ယာထုတ်လုပ်ရာမှာ အဓိ ကဖြစ်တဲ့ သဘာဝရော်ဘာက အဝယ်လိုက်ပြီ ဈေးလိုက်လာရမယ်။ ခုတော့ အဲလိုမဖြစ်ဘူး။

တိုကျိုရော်ဘာ ကြိုရောင်း/ကြိုဝယ်ဈေးဟာ ၂ ရက်ကြာကျနေရာမှ အင်္ဂါနေ့ဈေးပိတ်ချိန်မှာ လမ်းကြောင်းပြောင်းသွား တယ်။ ပြန်တက်သွားတယ်ပေါ့။ ယန်းအားပျော့နေတဲ့ နောက်ခံအကြောင်းရင်းကြောင့်ပါပဲ။ ဒါပေမယ့် အရန်ရော်ဘာ များနေတော့ ရော်ဘာဈေးဟာ လွန်ခဲ့တဲ့နေ့က ဖြစ်ခဲ့တဲ့ ၂ ပတ်အတွင်းအနိမ့်ဆုံးဈေးဝန်းကျင်မှာပဲ ရှိနေတယ်။ 

အင်္ဂါနေ့မှာ ဒေါ်လာဟာ ယန်းနဲ့ယှဉ်ရာမှာ ၃ ပတ်အတွင်း အမြင့်ဆုံးရောက်သွားတယ်။ အနီးကပ်စောင့်ကြည့်နေတဲ့ ယူအက်စ်-မြောက်ကိုးရီးယား ထိပ်သီးဆွေးနွေးပွဲကြောင့် သူတို့ ၂ ဦးအတွက် တင်းမာမှုတွေလျော့သွားမယ်ဆိုတဲ့ မျှော် လင့်ချက်ကြောင့်ပါ။ ဒေါ်လာတက်တော့ ယန်းကျတယ်။ ယန်းငွေကျတော့ ယန်းငွေနဲ့ သတ်မှတ်ထားတဲ့ ကုန်စည်တွေကို ဒေါ်လာနဲ့ ဝယ်တဲ့အခါ ဈေးသက်သာပါတယ်။ ဒီတော့ အဝယ်လိုက်ပြီး ဈေးပါ လိုက်လာပါတယ်။

တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ၁.၆ ယန်းတက်ကာ ၁၈၆.၅ ယန်း($၁.၆၉)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။

သို့ရာတွင် TOCOM ရော်ဘာဈေးဟာ ၁၈၄.၃ ယန်းဆိုတဲ့ ၂ လအတွင်း အနိမ့်ဆုံးဈေးဝန်းကျင်မှာ ရောင်းဝယ်နေကြဆဲ ပါ။ ဂျပန်နဲ့ အခြားရော်ဘာ အသုံးချတိုင်းပြည်တွေမှာ အရန်ရော်ဘာတွေ ပိုလျှံနေတာကြောင့်ပါပဲ။

" အရန်ရော်ဘာတွေက သိပ်များနေတော့ ဒီအခြေဆိုက်မှာ ရှင်းပါတယ်" လို့ ဂျပန်ကုန်သွယ်ရေး သတင်းရင်းမြစ်က ဆို တယ်။

ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ စက်တင်ဘာရော်ဘာဈေးဟာ ၅ ယွမ်ကျပြီး ၁၁၄၀၀ ယွမ် ($၁၇၈၀)/တန်ဈေးနဲ့ ပိတ်သွားတယ်။

တိုကျို ကြိုရောင်း/ကြိုဝယ်ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့မှာ ၂ လနီးပါးအတွင်း အနိမ့်ဆုံးကို ရောက်သွားပြန်တယ်။ ရှန်ဟိုင်း အကျနောက် လိုက်ပါသွားတာပါ။ ထုတ်လုပ်မှုများနေသည့်အထဲ ရော်ဘာအသုံးချနိုင်ငံတွေမှာ အရန်ရော်ဘာတွေ များနေ တာကို စိုးရိမ်ကြတဲ့ အတွက်ကြောင့်ပါ။

တိုကျိုရဲ့ TOCOM ရော်ဘာဈေးကွက်ဟာ စောစောပိုင်းမှာ ယန်း ၁၈၀ ဈေးကိုရောက်ကာ ဧပြီ ၁၈ ကစတွက်ရင် နေ့ တွင်း အနိမ့်ဆုံးဈေးကို ရောက်သွားတယ်။ ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး စက်တင်ဘာကန်ထရိုက် ဈေး မှာ ယွမ် ၁၀၆၀၀ ($၁၆၅၅) ထိကျသွားပြီး ၂၀၁၆ ဇူလိုင်မှစလို့ နေ့တွင်းချင်း အနိမ့်ဆုံးဈေးကို ရောက်သွားတယ်။ ဈေးပိတ်တော့ ၁၀၈၃၅ ယွမ်/တန်ဈေးနဲ့ ပိတ်သွားတယ်။

" ဈေးကွက်တခုလုံးဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အခြားဆီက ရော်ဘာတွေနဲ့ လွှမ်းနေတယ်" လို့ ဂျပန် ကုန်သွယ်ရေး အရင်းအမြစ်က ဆိုတယ်။ 

တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာကန်ထရိုက်ဈေးဟာ ၅.၂ ယန်းကျပြီး ၁၈၁.၃ ယန်း($၁.၆၄)/ကီလိုဂရမ်နဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာ ဧပြီ ၁၈ ကစတွက်ရင် အနိမ့်ဆုံးဈေးဖြစ်တဲ့ ယန်း ၁၈၀ ဈေးကို ရောက်သွားသေးတယ်။ ဗုဒ္ဓဟူးနေ့ ကတော့ အကျကြမ်းတဲ့နေ့ပါပဲ။ 

ကြာသပတေးနေ့မှာလည်း ဆက်ကျပေမယ့် ဗုဒ္ဓဟူးနေ့ကလောက်တော့ မများတော့ပါ။ 

သောကြာနေ့ ဈေးပိတ်ချိန်မှာတော့ TOCOM မှာ အနည်းငယ်တက်ပြီး ShFE မှာ အနည်းငယ်ကျပါတယ်။

သတင်းအရ ShFE ကို ကိုင်တွယ်ဆောင်ရွက်နေသူတွေက Technically Specified Rubber (TSR)20 ကြိုရောင်း/ ကြိုဝယ် Future ကို သူတို့၏ Exchange မှာ စတင်ဆောင်ရွက်ပေးဘို့ သဘောတူလိုက်ပြီဖြစ်တယ်။ ကန်ထရိုက်ရဲ့ ပေါ်လစီတွေက TSR 20 လိုပဲ အသစ်စတင်တဲ့ ရှန်ဟိုင်း ရေနံစိမ်းရဲ့ ကြိုရောင်း/ကြိုဝယ် စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပါပဲတဲ့။ ဆိုလိုတာက နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတွေပါ ရောင်းဝယ်ခွင့်ပြုမှာဖြစ်တယ်လို့ ShFE ကပြောပါတယ်။ ဒါပေမယ့် စတင်မယ့် နေ့ကိုတော့ မကြေညာရသေးပါဘူး။ ရှန်ဟိုင်းရဲ့ ShFE မှာ လက်ရှိရောင်းဝယ်နေတဲ့ ရော်ဘာ အတန်းအစားတွေက ပြည်တွင်းမှ Sinochem Rubber (SCR WF ) နဲ့ ပြည်ပမှတင်သွင်းတဲ့ Ribbed Smoked Sheet (RSS 3) တို့ပါ။ အခု TSR 20 ကိုထပ်တိုးကုန်သွယ်ကြမယ်။

RSS 3 ကို တိုကျိုရဲ့ Tokyo Commodity Exchange (TOCOM) မှာလည်း ရောင်းဝယ်တယ်။ TSR 20 ကို အဓိက ရောင်းဝယ်နေတာက စင်္ကာပူ Exchange မှာပါ။ 

ညီသွေး

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်