အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မှိုဒိုင်များသို့ သွင်းမရသဖြင့် မှိုစိုက်တောင်သူများကိုယ်တိုင် လှည့်လည်ရောင်းချနေရ

မှိုဒိုင်များသို့ သွင်းမရသဖြင့် မှိုစိုက်တောင်သူများကိုယ်တိုင် လှည့်လည်ရောင်းချနေရ

    မှိုဒိုင်များသို့သွင်းမရသဖြင့် မှိုစိုက်တောင်သူများကိုယ်တိုင် ဈေးကွက်ရှာဖွေ လှည့်လည်ရောင်းချနေရကြောင်း ငွေနှင်းမှိုကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

ကျွန်တော်က ငွေနှင်းမှိုမျိုးထုပ် (၃၅၀၀) စိုက်ထားပြီး၊ ကောက်ရိုးမှိုနဲ့ ငွေနှင်းမှိုမျိုးထုပ်တွေ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကိုလည်း လုပ်ဆောင်နေပါတယ်။ အဲ့ဒီကနေမှ ငွေနှင်းမှိုအပွင့် တစ်နေ့ကို ငါးပိဿာကနေ ဆယ်ပိဿာကြား နေ့တိုင်းထွက်ပါတယ်။ အခုလောလောဆယ်မှာ ငွေနှင်းမှိုစျေးတွေက ကျဆင်းနေတဲ့အပြင်၊ ဒိုင်တွေကလည်း ကျွန်တော်တို့မှိုခြံတွေဆီက မှိုထွက်သလောက် အကုန်လုံးကို မယူပေးနိုင်ကြဘူး။ ဒါ့ကြောင် အခုရက်ပိုင်း မှိုစိုက်တောင်သူတွေက ဒိုင်တွေကိုသွင်းမရတဲ့အတွက် ကိုယ်တိုင်ပဲ ဈေးတွေမှာ သွားချရောင်းနေရတယ်။

ဟု နေပြည်တော်၊ ပျဉ်းမနားမြို့၊ သစ်လေးလုံးကျေးရွာမှ ငွေနှင်းမှိုစိုက်ပျိုးသူ ကိုညွှန့်ဝင်း(ခ)ကိုညွှန့်က ပြောသည်။

    လက်ရှိဈေးကွက်အတွင်း ငွေနှင်းမှို ဒိုင်သွင်းစျေးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၂၃၀၀)ကျပ်/(၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချနေကြောင်း သိရသည်။

အခုလိုမျိုး ကျွန်တော်တို့တောင်သူတွေကိုယ်တိုင် ဈေးတွေမှာ လိုက်လံရောင်းချတာမှာတော့ နေပြည်တော် အာဟာရသုခဈေးမှာ မနက် (၄)နာရီကနေ (၆)နာရီခွဲလောက်အထိ ရောင်းချပါတယ်။ နေပြည်တော် မြို့မဈေး၊ သပြေကုန်းဈေး၊ ယုဇနဈေး၊ ရွှေကြာပင်ဈေး၊ အင်ကြင်းဈေး၊ ဂန္ဓမာဈေး စတဲ့ တခြားဈေးတွေက ဟင်းသီးဟင်းရွက်နဲ့ ကုန်စိမ်းရောင်းချသူတွေကလည်း ကျွန်တော်တို့ဆီကနေတဆင့် ဖောက်သည်ယူကြတာမျိုးလည်း ရှိပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ငွေနှင်းမှိုထုပ် (၁၀၀၀) စိုက်ပျိုးထားသည့် မှိုခြံတစ်ခုသည် နေ့စဉ် မှိုအထွက်နှုန်း (၇)ပိဿာမှ (၁၂)ပိဿာအတွင်း ထွက်ရှိနိုင်ပြီး တာရှည်အထားမခံသည့်အတွက် ယခုကဲ့သို့ တောင်သူများကိုယ်တိုင် ဈေးကွက်ရှာဖွေ ရောင်းချနေကြခြင်းဖြစ်ကြောင်း သိရသည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၅ နှစ် က

ဘယ်လိုစိုက်ရလဲဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ

U Yan • ဖြေကြားချက် 0 ခု

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ

Kyaw Aye • ဖြေကြားချက် 2 ခု

ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ

U Than Toe Aung • ဖြေကြားချက် 2 ခု

ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး

SiThu • ဖြေကြားချက် 2 ခု

ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ

pius • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။