မှိုခြောက်မှုန့်ကို အာရှနိုင်ငံများသို့ တင်ပို့သွားမည်

Photo -

ပြည်တွင်းထွက် မှိုခြောက်မှုန့်ကို အိမ်နီးချင်းနိုင်ငံများသို့ တင်သွင်းရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ စားသုံးမှိုအစုအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။

ငွေနှင်းမှို၊ကြွက်နားရွက်မှို၊ ကောက်ရိုးမှိုများကို အခြောက်လှန်းကာ ပေါင်ဒါမှုန့် ပြုလုပ်၍ ဟင်းခတ်မှုန့်အဖြစ် အသုံးပြုမှု တွင်ကျယ်လာသည့်အတွက် ယခုကဲ့သို့ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် နမူနာအမှုန့်များကို မလေးနိုင်ငံသို့ လာမည့်ဧပြီလအတွင်း တင်ပို့သွားမည်ဖြစ်ပြီး  အခြားနိုင်ငံများကိုလည်း တင်ပို့နိုင်ရန် စီစဉ်နေသည်။

သတင်းအပြည့်အစုံဖတ်ရန်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"နတ်တော်၊ ပြာသို ကြံဖျားချို"