မြင်းခြံမြို့နယ်အတွင်းရှိ ပြောင်းခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်နေ

Photo - မြင်းခြံမြို့နယ်အတွင်းရှိ ပြောင်းခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်နေ

မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏  ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ခင်း စုစုပေါင်း ဧက ၁၂,ဝဝဝ စိုက်ပျိုးထားပြီး အဆိုပါ စိုက်ပျိုးထားရှိသည့် စိုက်ဧက ၁၂,ဝဝဝ အနက် မြင်းခြံမြို့နယ် ဒေါင်းသစ်ကျေး ရွာအုပ်စု၌ စိုက်ပျိုးထားရှိသည့် အစေ့ထုတ်ပြောင်း စိုက်ခင်းဧက ၄၃၇ ဧကတွင် ၆၃ ဧကခန့်မှာ ငမြှောင်တောင် ပိုး ကျရောက်နေသည်ကို စိစစ်တွေ့ရှိကြောင်း တောင်သူများက ဆိုသည်။

ယခုတွေ့ရှိသော ငမြှောင်တောင်ပိုးမှာ မျိုးစိတ် Spodoptera Frugiptera ဖြစ်ပြီး ယခင် ကျရောက်လေ့ရှိသည့် ငမြှောင်တောင်ပိုး မျိုးစိတ်များထက် ဖျက်ဆီးမှု၊ ပြန့်ပွားမှု လျင်မြန်ကြောင်း သိရသည်။

အပြည့်စုံဖတ်ရန် နှိပ်ပါ...



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

" နိုင်ငံဖွံ့ဖြိုးတိုးတက်လာလေလေ အသားစားမှုနှုန်းမြင့်တက်လာလေ ဖြစ်သည် "