ပင်လုံးပြန့် သဘာဝ ပိုးသတ်ဆေး

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ခါတော့ လွယ်လွယ် ကူကူ ဖျော်စပ် အသုံးပြု နိုင်တဲ့ ပင်လုံးပြန့် သဘာဝ ပိုးသတ်ဆေးတစ်မျိုးကို ဖော်ပြပေး လိုက်ပါတယ်။ Green Way ရဲ့ Facebook Page မှာလည်း စိုက်ပျိုးသူ တစ်ယောက်က မေးထားတာနဲ့ အားလုံး အတွက်လည်း အသုံးဝင်နိုင်မယ်လို့ ယူဆပြီး ရေးသားလိုက်ရပါတယ်။

ပါဝင်သောပစ္စည်း

ကြက်သွန်ဖြူ - ၃ ကျပ်သား

ရေနံဆီ - (၁-၂) ဇွန်း

ငရုပ်သီးစိမ်းအရင့် - ၁ ကျပ်ခွဲသား

ဂျင်း - ၁ ကျပ်ခွဲသား

ရေ - ၃ လီတာ (ရေသန့်ဗူး ၃ ဗူး)

ပြုလုပ်ပုံ နှင့် သုံးစွဲနည်း·        

.         ကြက်သွန်ဖြူ (၃) ကျပ်သားကို ညက်အောင် ထောင်းပြီး ရေနံဆီ (၁)ဇွန်း နှင့် တစ်ည စိမ်ပါ။

·         ငရုပ်သီးစိမ်းရင့် တစ်ကျပ်ခွဲသား နှင့် ဂျင်း တစ်ကျပ်ခွဲသား ကို ညက်အောင် ထောင်းထားပါ။

·         ရေ (၁) လီတာ မှာ ရွှေဝါဆပ်ပြာ ကွမ်းသီးလုံးခန့် ကို ရော၍ ဖျော်ပါ။ (အရည်-၁)

·         ကြက်သွန်ဖြူ နှင့် ရေနံဆီ အရောကို ရေ (၁)လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၂)

·         ထောင်းပြီးသား ငရုပ်သီးစိမ်း နှင့် ဂျင်း အရောကို ရေ (၁) လီတာ နှင့် ရောပြီး အရည်ကို စစ်ယူပါ။ (အရည်-၃)

·         အရည် သုံးမျိုးလုံးကို ရောစပ်၍ ပိုးကျသော စိုက်ခင်းမှာ ပက်ဖျန်း နိုင်ပါသည်။

·         ပင်လုံးပြန့် အာနိသင်ရှိ၍ သီးလုံး ဖောက်ပိုး၊ ထွာကောင်၊ ခူကောင် များအတွက် အထူးသင့်တော်သောဆေး ဖြစ်ပါသည်။

 မှတ်ချက်။ ။ ရေထပ်ရောစရာမလိုပဲ အသင့်ပက်ဖြန်း နိုင်သည့် အသင့်သုံး ပိုးသတ်ဆေးဖျော်ရည် အမျိုးအစား ဖြစ်ပါသည်။ Green Way အတွေ့အကြုံအရ ခြံကျဉ်းကျဉ်းလေးမှာသာ ပက်ဖြန်းဖူးပါသည်။ အောင်လည်း အောင်မြင်ပါသည်။ ဧက အကျယ် ကြီးများ အတွက် မူ မိမိ ကိုယ်တိုင် စမ်းသပ် ပြုလုပ် နိုင် ပါသည်။ မိမိတို့အတွေ့အကြုံကို လည်း ပြန်လည်ဝေမျှပေးစေလိုပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်