တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဇန်နဝါရီလ)

02/01/2019 14:49 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆောင်းသီးနှံစိုက်ပျိုးသူများနှင့် နွေစပါးစိုက်တောင်သူများအတွက် ဆောင်ရွက်သင့်သည်များ နှင့် လယ်ယာထွက်ကုန် အရည်အသွေးမြင့်မားရေးဆိုင်ရာများကို ယခုလအတွက်နှိုးဆော်လိုပါသည်။

ဆောင်းရာသီစိုက်ပျိုးသီးနှံများ

မြေကောင်း၊ အစိုဓာတ်ကောင်းလို့ စိုက်ပျိုးထားသော ဆောင်းသီးနှံတွေ အောင်မြင်ဖြစ်ထွန်းတာ ကြည့်ပြီး အားရနေလို့ မဖြစ်ပါ။ ဆက်လက်သီးပွင့်ရင့်မှည့်စေဖို့လိုအပ်သည်များကို လုပ်ပေးရဦး မည်။ ပြည်တွင်းပြည်ပက မြေသြဇာအာဟာရ အရည်တွေဝယ်ယူသုံးစွဲပြီး မကောင်းလျင်ကောင်းအောင် လုပ်နေကြတာတွေ့မြင်နေရပါသည်။

မြေသြဇာအာဟာရအရည်တွေလိုပဲ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စိုက်ပျိုးရေးဆေးဝါးတွေ အလွယ်တကူ ဝယ်ယူသုံးစွဲ နိုင်သည်။ တစ်ခုတော့ပြောလိုပါသည်။ ကြိုတင်ကာကွယ်ရန်ဖြစ်သည်။ ဆောင်းသီးနှံအမျိုးအစားအပေါ်မူတည်ပြီး ကျရောက်လေ့ရှိသည့်ပိုးမွှားရောဂါ၊ ကျရောက်လေ့ရှိသည့် အချိန်တို့ကိုသိဖို့လိုသည်။ သိရုံဖြင့်မပြီးသေး ကြိုတင်ကာကွယ်ဖို့၊ ကျရောက်လျင်ကျရောက်ချင်း ထိထိရောက်ရောက်နှိမ်နင်းဖို့လိုပါသည်။

သီးနှံအလိုက်အပင်ဖြစ်ထွန်းစဉ် ကျရောက်တတ်သောပိုးမွှားရောဂါများကို ကင်းထောက် စစ်ဆေးသင့်ပါသည်။ လိုအပ်ပါက ကျရောက်သည့်ပိုးမွှားရောဂါအမျိုးအစားနှင့် ကာကွယ်နှိမ်နင်းနည်း စနစ်မှန်တို့ကိုသိဖို့၊ နီးစပ်ရာ စိုက်ပျိုးရေးပညာပေးရေး ဝန်ထမ်းများထံ မေးမြန်းဆွေးနွေး နည်းပညာ ရယူရန် ဖြစ်ပါသည်။

နွေစပါးသီးနှံ

မြန်မာနိုင်ငံအောက်ပိုင်းနှင့် အထက်ပိုင်း နွေစပါးစိုက်ပျိုးကြတာ မတူပါ။ မြန်မာနိုင်ငံအထက်ပိုင်းဒေသ တွေမှာ အချို့က မိုးစပါးကိုတောင် ရိတ်သိမ်းဆဲဖြစ်သည်။ အချို့က ဆောင်းသီးနှံစိုက်ထားသည်။ နွေစပါး အတွက် အလှည့်မပေးနိုင်သေးသလို ရာသီဥတုကလည်း အေးလွန်းနေသေးသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသများအတွက်တော့ နွေစပါးစိုက်ပျိုးရန်ုအသင့်တော်ဆုံးအချိန်ဟု ပြောလိုပါ သည်။ ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးသူများ စိုက်သည်။ မစိုက်ရသေးသူများ အချိန်မနောက်ကျမီ အမြန် စိုက်သင့်ပါသည်။ ပြောလိုသည်များကို ဒီဇင်ဘာလတွင် ပြောခဲ့ပြီးဖြစ်သည်။ အဓိကမှာ မျိုးကောင်းမျိုးသန့်ကို အသုံးပြု ရေး၊ စိုက်ပျိုးရေကိုချွေတာရေး၊ စိုက်ပျိုးကုန်ကျစရိတ်သက်သာရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးတို့ ဖြစ်ပါသည်။

လယ်ယာထွက်ကုန်များအရည်အသွေးမြင့်မားရေး

စိုက်ပျိုးထွက်ရှိသော သီးနှံထွက်ကုန်များ အရည်အသွေးအဆင့်အတန်းမြင့်မားဖို့လိုသည်။ ပြည်တွင်းရောင်းချရန်ပဲဖြစ်ဖြစ်၊ ပြည်ပတင်ပို့ရန်ပဲဖြစ်ဖြစ် ဈေးကွက်ဝယ်လိုအားကို ဆွဲဆောင်မှုရှိဖို့လို ပါသည်။

ပြည်တွင်းရောင်းမည့် စားနပ်ရိက္ခာထွက်ကုန်ဖြစ်ပါက စားသုံးသူများကြိုက်နှစ်သက်ဖို့လိုသည်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနည်းအများရှိတတ်သည်။ ပြည်ပတင်ပို့မည့် လယ်ယာ ထွက်ကုန်သည် ကမ္ဘာ့ဈေးကွက်ကြိုက် အရည်အသွေးရှိဖို့ လိုသည်။ သို့မှသာတင်ပို့နိုင်ပါမည်။

ရောင်းဝယ်ဖေါက်ကားမှုတွင် စိုက်ပျိုးထုတ်လုပ်သူအဆင့်မှ စားသုံးသူအဆင့်အထိ စိတ်ဝင်စား မှုအမျိုးမျိုးရှိပါသည်။ ဖေါ်ပြရလျင်()စိုက်ပျိုးထုတ်လုပ်သူသည် သီးနှံဈေးနှုန်းအမြင့်ဆုံးကိုရရှိလိုသည်။ ဈေးနှုန်းမြင့်မားပါက အကန့်အသတ် မရှိထုတ်လုပ်လိုသည်။ ()လယ်ယာထွက်ကုန်များကို အခြေခံ သော စက်မှုလက်မှုလုပ်ငန်းရှင်များကမူ ဈေးနှုန်းနည်းနည်းဖြင့် ဝယ်ယူလိုသည်။ အရည်အသွေး ကောင်းကောင်းကိုလည်းရယူလိုသည်။ ()ကုန်သည်နှင့် လက်လီရောင်းဝယ်ဖောက်ကား သူများက လည်း ဈေးနှုန်းနည်းနည်းဖြင့် အရည်အသွေးကောင်းကို ရယူလိုကြသည်။ ()စားသုံးသူများကလည်း ထို့အတူပင်။ ဈေးနှုန်းနည်းနည်းဖြင့် အရည်အသွေးကောင်းကောင်းစားသုံးလိုကြပါသည်။

စိုက်ပျိုးထုတ်လုပ်သူလယ်သမားများအနေဖြင့် အရည်အသွေးကောင်းသီးနှံထွက်ကုန်များကို စိုက်ပျိုးထုတ်လုပ်နိုင်မှသာ ဈေးကွက်တွင်ယှဉ်ပြိုင်ရောင်းချနိုင်ပြီး ဈေးကောင်းရရှိနိုင်မည့် အခြေအနေ ဖြစ်ရာ မိမိစိုက်ပျိုးသည့်သီးနှံအလိုက် ထွက်ကုန်အရည်အသွေးမြင့်မားရေးကိုလည်း ဦးတည် ဆောင်ရွက်သင့်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ဆင်းသီဟ

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်