အာဟာရဓာတ်ကြွယ်ဝတဲ့ စူပါအစားအစာ မိုက်ခရိုဂရင်း

27/12/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၈၃)

စားမှိုစိုက်ပြီးပွားစာဆွေးများကို ရွက်မှန်စုံပျိုးပင် မိုက်ခရိုဂရင်းခင်းများတွင် သုံးစွဲခြင်း (၂)

မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းများသည် စားသုံးသူများအတွက် အာဟာရပြည့်ပြီး ကျန်းမာရေးအထောက်အကူပြုသည်။ မိုက်ခရိုဂရင်း သည် ကယ်လစီယံ၊ မက်ဂနီစီယံ၊ အိုင်းရွန်း၊ ဆယ်လီနီယံ၊ ဇင့်နှင့် ဗိုက်တာမင်များပါသော မင်နရယ် အရင်းအမြစ်ဖြစ်သည်။ အာဟာရကြွယ်ဝပြီး ကယ်လိုရီနည်းသည်။ အန်တီအောက်ဆီးဒန့်ပါဝင်မှုများသဖြင့် စျေးကွက်တွင် အဆင့်မြင့် အစားအစာဟုလည်းခေါ်ကြသည်။စားသောက်ဖွယ်ရာများတွင် ထည့်စားပါက အနံ့အရသာပိုကောင်းလာသည်။

၁။ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်း

  • မိုက်ခရိုဂရင်းသည် အစေ့စိုက်ပြီး ၁ဝရက်သား အရွက်မှန်စုံအဆင့် ဖြစ်သည်။ ဖွံ့ဖြိုးဆဲ အရွက်ငယ်များတွင် အာဟာရဓာတ် ပြည့်ဝ သည်။
  • ဘေဘီဂရင်းသည် ၂-၃ ပတ်သား အရွက်ပိုစုံပြီး ပိုမိုဖွံ့ဖြိုးလာသော အဆင့်ဖြစ်သည်။ နေရောင်ဖြင့် အစာချက်မှု ရှိလာသည်။
  • စိုက်ပြီး ၇-၉ ပတ်တွင် အရွယ်ရောက်ပင်ဟု ခေါ်သည်။

၂။ ဗိုက်တာမင် ပါဝင်မှု

  • မိုက်ခရိုဂရင်း အရွယ်ရောက်ပင်များထက် အာဟာရဓာတ်သည် ၄ဝ% ပိုမြင့်သည်။
  • တနေ့လျှင် မိုက်ခရိုဂရင်း/ဘေဘီဂရင်း၂ဝ- ၂၅ ဂရမ်ကို ဓာတ်စာအဖြစ်စားပါက ဗိုက်တာမင်ကေ ပိုရရှိသည်။ ရောင်ရမ်းမှုကို ကြိုတင်တားဆီးသည်။ ဘရိုကိုလီနှင့် မုံညင်းမိုက်ခရိုဂရင်းသည် ဗိုက်တာမင် ဘီ ကြွယ်ဝသည်။ နှလုံးကျန်းမာရေးတိုးစေသည်။
  • ဘေဘီဂရင်းသည် မိုက်ခရိုဂရင်းထက် ဗိုက်တာမင်ကေနှင့် ဘီသည် အနည်းငယ်ပိုပါသည်။
  • အရွယ်ရောက်အပင်ကြီးများနှင့် မိုက်ခရိုဂရင်း၊ ဘေဘီဂရင်းများ၏ ဗိုက်တာမင်ပါဝင်မှုသည် မုံညှင်းမျိုးဝင် မိုက်ခရိုဂရင်းအပင်ကြီးများထက် ဗိုက်တာမင်အေသည် ၂ ဆ ပိုသည်။
  • မုံလာဥ မိုက်ခရိုဂရင်းတွင် အပင်ကြီးများထက် ကယ်လ်ဆီယံ နှင့် ဖက်တီးအက်ဆစ်သည် ၂ဆ ပိုသည်။

၃။ မင်နရယ် ပါဝင်မှု 

မိုက်ခရိုဂရင်းတွင် မင်နရယ် ဖဲရပ်၊ ကောပါး၊ ဇင့်ပါဝင်မှု မြင့်သည်။ ဘေဘီဂရင်းတွင် မင်နရယ်ပါဝင်မှု ကာဗိုဟိုက်ဒရိတ်၊ ဆိုဒီယံနှင့်ကိုလက်စထရောပါဝင်မှုနည်းသည်။

ဟင်းနုနွယ်၊ ကိုင်းလာပင်များ၏ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းပင်များတွင်ပါဝင်သော အေ၊ စီ၊ အီး၊ ကေ၊ အမျှင်၊ အိုင်းရွန်းနှင့် မက်ဂနီစီယံသည် အပင်ကြီးများထက်ပိုပါဝင်သည်။

မိုက်ခရိုဂရင်း၊ ဘေဘီဂရင်းများနှင့် အပင်ကြီး အာဟာရဓာတ်ပါဝင်မှု

၄။ အန်တီအောက်ဆီးဒန့် ပါဝင်မှု 

မိုက်ခရိုဂရင်း အစိုချိန် ၁ ဂရမ် တွင် အန်တီအောက်ဆီးဒန့် ၂.၁၇ မီလီဂရမ် ပါသည်။ ဘေဘီဂရင်း အစိုချိန် ၁ ဂရမ်တွင် အန်တီအောက်ဆီးဒန့် ၂.၆၈ မီလီဂရမ်ပါသည်။ ကလိုရိုဖီး  ၂ဝ% ပိုပါသည်။ 

အရွယ်ရောက်အပင်ကြီးများနှင့် မိုက်ခရိုဂရင်း၊ ဘေဘီဂရင်းများ၏ အန်တီအောက်ဆီးဒန့် ပါဝင်မှု 

ဘရိုကိုလီ၊ မုံညှင်း၊ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းသည် အပင်ကြီးများထက် အန်တီအောက်ဆီးဒန့်၊ (ကယ်ရိုတီနွိုက် ၊ ဖလေဗိုနွိုက်) ပိုသည်။ သွေးတွင်းသကြားကျစေသဖြင့် နှလုံး၊ ကင်ဆာရောဂါများ  ကြိုတင်ကာကွယ်နိုင်သည်။ ဂေါ်ဖီထုတ်အနီ မိုက်ခရိုဂရင်း နှင့် ဘေဘီ ဂရင်း သည် အပင်ကြီးများထက်  ဖိုလိတ် ပိုပါ သည်၊

၅။ အနံ့အရသာ

မိုက်ခရိုဂရင်းသည် စားသောက်ဆိုင်ဟင်းလျာများတွင် အနံ့၊ အရသာ၊ အရောင်အတွက်ထည့်သုံးသည်။ ဘေဘီဂရင်းများထက် အရွယ်ရောက် အပင်ကြီးများ၏ အနံ့၊ အရသာနှင့် ပိုတူသည်။ ဘေဘီဂရင်း အနံ့၊ အရသာသည် မိုက်ခရိုဂရင်းထက်ပျော့သည်။ တစ်ပင်လုံးကို အရွက်သုပ်ရာတွင်အသုံးများသည်။

မိုက်ခရိုဂရင်း/ ဘေဘီဂရင်း စိုက်ပျိုးထုတ်လုပ်ခြင်းသည် ရိုးရှင်းသည်။ လွယ်ကူသည်။ အလင်း၊ ရေ၊ အာဟာရ၊ အစေ့၊ စိုက်ပျိုးပွားစာ အရည်အသွေး ကောင်းရန်သာလိုသည်။

ကိုးကား

Ayeni, A. Nutrient Content of Micro/Baby-Green and Field-Grown Mature Foliage of Tropical Spinach (Amaranthus sp.) and Roselle (Hibiscus sabdariffa L.). Foods 2021, 10, 2546. https:// doi.org/10.3390/foods10112546

Waterland NL. et al.,  Mineral Content Differs among Microgreen, Baby Leaf, and Adult

               Stages in Three Cultivars of Kale. HORTSCIENCE 52(4):566–571. 2017. doi: 10.21273/HORTSCI11499-16

https://mygardyn.com/blog/plant-life-cycle/

https://microgreensworld.com/microgreens-vs-baby-greens/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်