အဆင့်မြင့် မြေတိုင်းသင်တန်း အမှတ်စဉ် (၉) ဖွင့်လှစ်ခြင်း

Photo -

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်မြောင်းဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့မှ ပူးပေါင်းဖွင့်လှစ် သင်ကြားမည့် အဆင့်မြင့် မြေတိုင်းသင်တန်း အမှတ်စဉ် (၉) ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၂၅ ရက် (စနေနေ့) တွင် ဆည်မြောင်းရုံးချုပ် (ရန်ကင်း) ၌  ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။ သင်တန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံ ဘူမိ သိပ္ပံအသင်း ရုံးခန်း၊ အခန်း (၃၀၃) သုံးလွှာ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အုံ၊ လှိုင်နယ်မြေ၊ လှိုင်မြို့နယ် ဖုန်း - ၀၉-၄၅၀၀၅၁၃၁၀၊ ၀၉-၇၉၉၆၉၈၁၂၈၊ ၀၉-၅၀၂၅၉၇၂၊ ၀၁-၅၆၄၅၁၇ သို့ ဆက်သွယ်စုံစမ်း၍ လာရောက်အပ်နှံနိုင်ပါကြောင်း သတင်းရရှိပါသည်။

ကိုးကား၊ မြန်မာ့အလင်း



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မျိုးကောင်းမှ ပျိုးကောင်းမည်"