မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း ဈေးကွက်နှင့်အလားအလာ
မတ်ပဲနဲ့ ပဲစင်းငုံနီဟာ ဆက်တိုက်ကို ဈေးမြင့်တက်နေပြီး ဒီတစ်ပတ်ဈေးကွက်အပိတ် ဒီနေ့ မတ် ၁၇ ရက်မှာတော့ မတ်ပဲဈေးဟာ တစ်တန်ကို သိန်း ၂၀ ကျော်ထိ မြင့်တက်သွားပြီဖြစ်ပါတယ်။ ပဲစင်းငုံနီကတော့ တစ်တန်ကို ၂၂ သိန်း ၈ သောင်းနားကပ်လာပြီး ပဲတီစိမ်းကတော့ ဈေးပါးပါးလောက်အတက်အကျနဲ့ပဲ ငြိမ်နေပါတယ်။
ဒီပဲတွေရဲ့ ဈေးအတက်အကျတွေ ဘာကြောင့်ဖြစ်နေရတယ်၊ အလားအလာ ဘယ်လိုရှိနေလဲဆိုတာတွေနဲ့ ပတ်သက်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) ရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြည်တွင်းလက်ကြီးသမားတွေရဲ့ ဈေးဆွဲတင်မှုတွေကြောင့် ဈေးက တက်နေတာဖြစ်တယ်လို့သိရပါတယ်။ ကြိုပွိုင့်ရောင်းထားတဲ့ပဲတွေကို အပ်ရတော့မှာဖြစ်ပြီး တစ်တင်း ကို ၅၀၀၀၀ ကနေ ၅၅၀၀၀ ကြားပေးပြီး ဝယ်ယူထားကြတယ်လို့ နယ်အချို့က ပဲကုန်သည်တွေက ဆိုပါတယ်။
သတ်မှတ်ထားတဲ့အချိန် ပဲမအပ်ရင်တော့ လက်ရှိပေါက်ဈေးနှုန်းနဲ့ လျော်ရမှာဖြစ်လို့ ဈေးဆွဲတင်နေတာဖြစ်ပြီး ပဲအပ်ကာလ ကျော်လွန်သွားရင်တော့ ဈေးတွေ ပြန်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲလိုအပ်ချက် ရှိနေလို့ CNFဈေးနှုန်းတွေပါ မြင့်တက်နေတာဖြစ်ပြီး မတ်ပဲက ဈေး ဆက်မာဦးမယ်လို့သုံးသပ်မှုတွေ ရှိနေပေမဲ့ လက်ရှိပေါက်ဈေးနှုန်းထက် မြင့်သွားရင်တော့ အဝယ်လျော့နိုင်ပြီး ဈေးချဝယ်ယူတာတွေ ရှိလာနိုင်ပါတယ်။
ဒီနေ့ မတ် ၁၇ ရက်မှာတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၂၀၀၈၀၀၀ ကျပ် ပေါက်ဈေးရှိပီး ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ ကျော် ဈေးမြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာလည်း ဈေးတွေအားလုံးတက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကာလတူ အခြေအနေမှာတုန်းကတော့ မတ်ပဲက တစ်တန်ကို ကျပ် ၁၄ သိန်းကျော်သာ ပေါက်ဈေးရှိခဲ့တာ ဖြစ်ပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း လက်ကျန်မရှိတော့ဘဲ ဈေးက မြင့်တက်နေတာ ဖြစ်ပါတယ်။ ရောင်းသူ ဝယ်သူ စိတ်ကြိုက် ဈေးပေးဝယ်ယူမှုတွေအထိ ရှိနေတယ်လို့လည်း ပဲကုန်သည်တွေအကြား သိရပါတယ်။ အိန္ဒိယနိုင်ငံကလည်း ပဲ အထွက်နှုန်းလျော့မယ်လို့ ထုတ်ပြန်ထားတာကြောင့် မြန်မာပြည်တွင်းမှာရှိတဲ့ အထွက်နှုန်းနည်းတဲ့ ပဲစင်းငုံနီက ဈေးမြင့်နေတာဖြစ်ပါတယ်။ အခုလို ဈေးတွေမြင့်တက်နေပေမယ့် တောင်သူအများစုလက်ထဲမှာတော့ ပဲမရှိတော့ ဘူးလို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ကျပ် ၂၂၇၈၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ နီးပါး ဈေးမြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်၊ ပခုက္ကူ၊ မုံရွာနဲ့ အောင်လံဈေးကွက်မှာလည်း ဈေးတွေမြင့်တက်ပါတယ်။
ပြီးခဲ့တဲ့ နှစ် ကာလတူအခြေအနေမှာတုန်းကတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ၁ သောင်းကျော်သာ ပေါက်ဈေးရှိခဲ့တာဖြစ်ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ပါးပါးလေးအကျရှိတာကလွဲလို့ အတက်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ ပြောလို့ရပါတယ်။ နေ့စဉ်ပဲ အဝင်ပေါ်မူတည်ပြီး အပြောင်းအလဲ အနည်းငယ်သာ ရှိနေတာပါ။ ဗဟိုဘဏ်မူဝါဒကြောင့် ပြည်ပတင်ပို့ရာမှာ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ တင်ပို့မှုကတော့ အနည်းငယ်လျော့နည်းသွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပြည်ပနိုင်ငံအများစုကိုတော့ တင်ပို့နေဆဲဖြစ်လို့ လက်တလောမှာတော့ ဈေးက မာပြီး ငြိမ်နိုင်တယ်လို့ ကုန်သည် အချို့က ခန့်မှန်းပါတယ်။
ရန်ကုန်ဈေးကွက်ကော မန္တလေးဈေးကွက်မှာကော ပဲတီစိမ်းဈေးက အတက်အကျ ပါးပါးလောက်ပဲရှိတာပါ။
နယ်ဈေးကွက်အချို့မှာတော့ ပစ္စည်းလက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ဆက်စပ်မေးခွန်းများ
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 0 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 2 ခု
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
pius • ဖြေကြားချက် 1 ခု
ဆစ်ပိုး ဘာဆေးဖြန်းရလဲ စပါး
yellwaixtun • ဖြေကြားချက် 1 ခု
ဆရာတစ်ချက်ကြည့်ပေးပါအူး ဒိုင်ဇီရလားဆရာ အတာလေးပေးလိုက်လိူ့
U Yan • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026