အုန်းရည်ထဲကဟော်မုန်း ဆိုင်တိုကိုင်နင်နဲ့ ရင့်မှည့်ဟော်မုန်း အီသိုင်လင်း

14/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အရှေ့အပိုင်းတွေမှာ အပင်ဟော်မုန်းတွေဖြစ်တဲ့ အောက်ဆင်နဲ့ ဂျစ်ဘရယ်လင်အကြောင်းတွေကို ဖော်ပြခဲ့ပြီးပါပြီ။
ဒီအပိုင်းမှာတော့ ဆိုင်တိုကိုင်နင်နဲ့ အီသိုင်လင်း အကြောင်းကို အကျဉ်းချုပ်လေးဖော်ပြပေးလိုက်ပါတယ်။

ဆိုင်တိုကိုင်နင် (Cytokinin)

ဆိုင်တိုကိုင်နင်သည် ဟော်မုန်းတစ်မျိုးဖြစ်ပြီး အုန်းရည်တွင် အဓိကပါ၀င်သည်။ ဆိုင်တိုကိုင်နင်ကို အပင်တစ်သျှူးမွေးမြူရေးလုပ်ငန်း (Tissuse Culture)တွင် ကျယ်ပြန့်စွာ အသုံးချလျက် ရှိပါသည်။ ၎င်းသည်ဆဲလ်ကွဲပွားခြင်းကို အဓိကအားပေးသည်။

အီသိုင်လင်း (Ethylene)

အီသိုင်လင်းသည် ကြီးထွားမှုကိုဟန့်တားသည့် အငွေ့အဖြစ်တွေ့ရသောအပင်ဟော်မုန်းတစ်မျိုးဖြစ်သည်။ ကာဗွန်ပါ၀င်သောအရာ၀တ္ထုပစ္စည်းများ မီးလောင်ကျွမ်းရာမှ ထွက်ရှိလာသော မီးခိုးတွင် အဓိကပါ၀င်ပြီး သဘာ၀အတိုင်း ရင့်မှည့်နေသော အသီးများမှလည်း ၎င်းကို ထုတ်လုပ်ပေးပါသည်။ အီသိုင်လင်းသည် အသီးများကို ရင့်မှည့်စေနိုင်သော ဂုဏ်သတ္တိရှိသဖြင့် စီးပွားဖြစ်သစ်သီးရောင်းချခြင်း လုပ်ငန်းတွင် တွင်ကျယ်စွာ အသုံးပြုနိုင်ပါသည်။ ၎င်းအပြင် အသီးများကို မမှည့်လိုပါက သဘာ၀အတိုင်းရင့်မှည့်၍ ဆွတ်ခူးထားသောအသီးမှ ထွက်လာသည့် အီသိုင်လင်းဓာတ်ငွေ့အား ဖယ်ရှားပေးခြင်းဖြင့် ဟန့်တားနိုင်ပါသည်။ ဤသို့ဖြ င့် အသီးခူးဆွတ်ပြီးနောက်ပိုင်း သက်တမ်းကို ရှည်စေခြင်းဖြ င့် ဈေးကွက်တွင်ရောင်းချနိုင်သည့် ကာလကို ဆွဲဆန့်နိုင်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်