(က) စက်နှိုးရာတွင် ဂီယာနှင့် ကလပ် သို့မဟုတ် ဘရိတ်လက်တံကို အသင့်(ဖရီး) အနေအထားတွင်ထားပါ။
(ခ) မိမိဆောင်ရွက်ရမည့် လုပ်ငန်းအရ လီတာနှင့် အသွားနှုန်း မှန်ကန်မှုရှိစေရန် ချိန်ညှိပါ။
(ဂ) ထို့နောက်ဂီယာတံဖြင့် လိုအပ်သောဂီယာနံပါတ်ကို ရွှေ့ပြီးနောက် ကလပ်သို့မဟုတ် ဘရိတ်ကို ဖြ ည်းညင်းစွာထိန်းပြီးလွှတ်ရသည်။ ထိုအခါလက်တွန်း ထွန်စက်ရွေ့လျားသွားပါမည်။
(ဃ) လက်တွန်းထွန်စက်မောင်းနှင်စဥ် အသွားနှုန်းကို ပြောင်းလဲလိုပါကအောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရပါမည်။
(၁) အင်ဂျင်စက်ရှိန်ကို အနိမ့်ဆုံးသို့ လျှော့ချပါ။
(၂) ကလပ် (သို့မဟုတ်) ဘရိတ်လက်တံကို ရပ်တန့်အနေအထားသို့ရွှေ့ပါ။
(၃) ဂီယာတံကို အလိုရှိသောဂီယာနံပါတ်သို့ရွှေ့ပါ။
(၄) ကလပ် (သို့မဟုတ်) ဘရိတ်တံကို ဖြည်းညင်းစွာထိန်းပြီးလွှတ်ပါ။
(င) စက်ကို ကွေ့ရာတွင် ကွေ့လိုသည့်ဘက်ရှိ လက်ကိုင်တံကို ဆွဲ၍ ခြေနင်းတံကို ကန်ပြီးကွေ့ပါ။
(စ) ကွေ့လိုသည့်အခါ ရုတ်တရက်အရှိန်ဖြင့်ကွေ့ခြင်းကို ရှောင်ရှားပါ။
Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။