အိန္ဒိယက ပဲစင်းငုံနှင့် မတ်ပဲတင်ပို့မှု ကန့်သတ်လိုက်၍ ဈေးထိုးကျ

23/01/2018 11:28 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိန္ဒိယ၏ အဓိက ဝယ်လိုအားကောင်းသည့် ပဲစင်းငုံနှင့် မတ်ပဲကို ယခုရက်ပိုင်းအတွင်း ကန့်သတ်ကုန်အဖြစ် သတ် မှတ်လိုက်သောကြောင့် မန္တလေးဈေးကွက်တွင် ပဲဈေးနှုန်း ထိုးကျသွားကြောင်း မန္တလေး ပဲနှမ်းကုန်စည်ဒိုင်ရှိ ကုန်သည် များထံမှ သိရသည်။

အိန္ဒိယနိုင်ငံ ဈေးကွက်တွင် ပဲစင်းငုံများစွာ ရှိနေ၍ ဈေးကျလာသောကြောင့် ၎င်းတို့နိုင်ငံရှိ တောင်သူနှင့် ကုန်သည် များ မနစ်နာစေရန် ပဲစင်းငုံကို ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ကာ တစ်နှစ်လျှင် တန်ချိန် ၂ သိန်းသာ ဝယ်ယူ တော့မည်ဟု အိန္ဒိယအစိုးရက သြဂုတ်လပထမပတ်က ကြေညာခဲ့ခြင်း ဖြစ်သည်။

အလားတူ သြဂုတ်လ ၂၁ရက်နေ့က အိန္ဒိယ၏ သွင်းကုန်ပေါ်လစီတွင် မတ်ပဲနှင့် ပဲတီစိမ်းတို့ကိုလည်း ကန့်သတ် ကုန်စည်အဖြစ် ထပ်တိုး သတ်မှတ်လိုက်ကြောင်း မြန်မာကုန်သည်များထံမှ သိရသည်။

ကုန်စည်ဒိုင်၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်သွင်က “အိန္ဒိယရဲ့ ရိုက်ခတ်မှုကြောင့် ပဲစင်းငုံဈေးဟာ ဆယ်စုနှစ် အတွင်းမှာ မကြားဖူးတဲ့ အနိမ့်ဆုံးဈေး ဖြစ်သွားတယ်။ သူတို့(အိန္ဒိယ)အစိုးရက သူ့ပြည်သူတွေ မနစ်နာအောင် ကာဗာလုပ်ပေးတယ် ဆိုပေမယ့် ဒီဘက်က ကုန်သည်တွေမှာတော့ အတော်အထိနာကြပြီ” ဟု ပြောသည်။

ယခုလဆန်းပိုင်းက မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (သုံးတင်းဝင် တအိတ်)လျှင် ကျပ် ၇၅၀ဝဝ ရှိခဲ့ရာမှာ လက်ရှိတွင် ၄၃၀ဝဝ ကျပ်ထိ ဈေးထိုးကျသွားပြီး မတ်ပဲ (သုံးတင်းဝင်တအိတ်)လျှင် ကျပ် ၁ သိန်းကျော်ရှိရာမှ ကျပ် ၈သောင်း ဝန်းကျင်အထိ ဖြစ်သွားကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ပဲနှမ်းကုန်စည်ဒိုင်)မှ သိရသည်။

ပဲတီစိမ်းသည် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရသည့်အတွက် ဈေးကွက်တွင် ရိုက်ခတ်မှု သိပ်မရှိသော်လည်း ပဲစင်းငုံ နှင့် မတ်ပဲသည် ပြည်တွင်းအသုံးထက် အိန္ဒိယဝယ်လိုအားကိုသာ အဓိကအားပြုနေရ၍ ဝယ်လိုအားနှင့်အပြိုင် ဈေးပါ ကျဆင်းလာသောကြောင့် လက်ရှိတွင် အရောင်းအဝယ်များ ရပ်ထားရကြောင်း မန္တလေးကုန်စည်ဒိုင်မှ အဝယ်တော် ကိုနိုင်ဦးက ပြောသည်။

“ဒါက ကျနော်တို့ကုန်သည်အတွက် ကပ်ဆိုက်တာပဲလေ။ ဒီလိုသာ အရောင်းအဝယ် တန့်နေမယ်ဆိုရင် အားလုံးကို ရိုက်ခတ်မှု ရှိလာနိုင်မယ်။ ဒီလို အခြေအနေတွေကို အစိုးရနဲ့တာဝန်ရှိသူတွေသိဖို့အတွက် အသံ တွေထွက်ဖို့လိုပြီလို့ ထင်တယ်။ ဒါမှ အစိုးရချင်း ချိတ်ဆက်ညှိနှိုင်းမှုတွေ လုပ်နိုင်မှာ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရချင်း ညှိနှိုင်းပေးရန် သြဂုတ်လ ၈ရက်နေ့တွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည် များ အသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးထံ အကူအညီ တောင်းခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံက ပဲစင်းငုံ ဝယ်လိုအား မြင့်တက်ခဲ့၍ ၃တင်းဝင် တစ်အိတ်လျှင် ကျပ် ၁သိန်းခွဲအထိ စံချိန်တင် ဈေးမြင့်တက်သွားခဲ့ပြီး တစ်နှစ်အတွင်း အမြင့်ဆုံးဈေးဖြစ်ခဲ့ကြောင်း မန္တလေးဈေးကွက်မှ ပဲ၊ နှမ်းကုန်သည်များက ပြောသည်။

ပဲကုန်သည် ဦးကျော်သွင်က “အိန္ဒိယက မဝယ်မချင်းတော့ ဈေးက ပြန်တက်လာဖို့ မလွယ်ဘူး။ ထပ်ကျဖို့ကလည်း ဒီ ဈေးက အောက်ဈေး ဖြစ်နေပြီလေ။ ဒီထက် ပိုမဆိုးလာအောင် အစိုးရက နည်းလမ်းရှာကြံပြီး ပြည်သူတွေ အသက်ရှူ ချောင်အောင် လုပ်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု ပြောသည်။

၂၀၁၆ ခုနှစ်တွင် အိန္ဒိယအစိုးရက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ပဲစင်းငုံနှင့် မတ်ပဲတန်ချိန် ၅ သောင်းစီ တရားဝင် ဝယ်ယူမှုများ ရှိခဲ့သည်။

လက်ရှိ မန္တလေးဈေးကွက်သို့ ပဲစင်းငုံနှင့် မတ်ပဲကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် စသည့် ဒေသများမှ ဝင်လာကြပြီး ဈေးကွက်အတွင်း အဝင်များသလို လှောင်လက်များ၌လည်း ကျန်နေသေးသဖြင့် အိန္ဒိယ မဝယ်သေး ပါက ပြည်တွင်းဈေးကွက်တွင် ပဲများ စုပုံနေဦးမည်ဟု ကုန်သည်များက ပြောသည်။

၂၀၁၆-၁၇ဘဏ္ဍဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှပြည်ပသို့ ပဲစင်းငုံ တန်ချိန် ၁သိန်း၈သောင်းကျော်နှင့် မတ်ပဲတန်ချိန် ၅သိန်း၆သောင်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

Topics: ပဲစင်းငုံ

Sources- https://burma.irrawaddy.com/business/2017/08/22/141085.html


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်