အပင်များကြီးထွားသီးပွင့်ရေးအတွက် အဓိကအလိုအပ်ဆုံးအာဟာရ ၃ မျိုး
အပင်တွေရှင်သန်ကြီးထွားဖို့ အခြေခံအကျဆုံး လိုအပ်ချက်ကြီး ၃ ခုဖြစ်တဲ့ သတ္တုဓာတ် မဟုတ်သော ကာဗွန်၊ ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင်တို့အကြောင်းကို ‘ အပင်တွေရှင်သန်ဖို့ အခြေခံအကျဆုံး ဖောင်ဒေးရှင်းကြီး ၃ ပါး’ ဆိုတဲ့ ဆောင်းပါးမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ အပင်တွေ ကောင်းကောင်း ကြီးထွားသီးပွင့်ဖို့ဆိုရင်တော့ နောက်ထပ်လိုအပ်တဲ့ သတ္တု အာဟာရဓာတ် ၁၃ မျိုးရှိသေးတယ်ဆိုတာလည်း အဲ့ဒီဆောင်းပါးထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အဲ့ဒီ ၁၃ မျိုးကိုမှ အဓိကအကျဆုံးလိုအပ်တဲ့အာဟာရဓာတ် ၃ မျိုး၊ ဒုတိယအများဆုံးလိုအပ်တဲ့ အာဟာရဓာတ် ၃ မျိုး၊ နောက်ထပ် အနည်းငယ်သာလိုအပ်တဲ့အာဟာရဓာတ် ၇ မျိုး ဆိုပြီး ထပ်ကွဲပါ သေးတယ်။
ဒီထဲကမှ အခုအပိုင်းမှာတော့ အဓိကအကျဆုံးလိုအပ်တဲ့အာဟာရဓာတ် ၃ မျိုးဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စပရပ်နဲ့ ပိုတက်စီယမ်တွေက ဘာတွေအကျိုးပြုတယ်၊ သူတို့ချို့တဲ့ရင် ဘာတွေဖြစ်တတ်တယ်ဆို တာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ပထမအများလိုအာဟာရဓာတ်များ
နိုက်ထရိုဂျင်
အရွက်တွေစိမ်းပြီး ကြီးထွားနေဖို့ကို ကူညီပေးပါတယ်။ ပရိုတင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နိုက်ထရိုဂျင်ဟာဆိုရင် သက်ရှိတိုင်းရဲ့ ဆဲလ်တိုင်းမှာပါဝင်ပါတယ်။ ဒါ့ကြောင့် ဒီဓာတ်ဟာဆိုရင် တခြားအာဟာရဓာတ်တွေထက် အပင်တွေကြီးထွားမှုတိုးလာဖို့ကို လုပ်ဆောင်ပါတယ်။
အပင်ထဲမှာဆိုရင် နိုက်ထရိုဂျင်ဟာ အမိုင်နိုအက်ဆစ်အဖြစ်ပြောင်းသွားပြီး ပရိုတင်းတည်ဆောက်မှုကို ရပ်တန့်ပစ်လိုက်ပါတယ်။ အင်ဇိုင်းတွေအားလုံးဟာ ပရိုတင်းဓာတ်ဖြစ်ပြီး နိုက်ထရိုဂျင်ဟာဆိုရင်လည်း အင်ဇိုင်းတုံ့ပြန်တဲ့ လှုပ်ဆောင်ချက်တွေမှာ အရေးကြီးတဲ့ ဓာတ်ပဲဖြစ်ပါတယ်။ ကလိုရိုဖီးလ်မော်လီကျူး ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို အလင်းမှီအစာချက်ခြင်းဖြစ်စဉ်မှာလည်း တိုက်ရိုက်ပါဝင် ပတ်သက် နေပါတယ်။ အပင်အထွက်နှုန်းနဲ့ ကာဗွန်ဟိုက်ဒြိတ်ကို အသုံးပြုရာမှာလည်း နိုက်ထရိုဂျင်က ကူညီပေး ပါတယ်။ အပင် DNA ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲဖြစ်ပါတယ်။ မြေဩဇာထုပ်တွေမှာရေးထားတဲ့ ရာခိုင်နှုန်းအချိုးတွေမှာဆို ပထမဆုံးကိန်းဂဏန်းက နိုက်ထရိုဂျင်ကို ရည်ညွှန်းထားတာပဲဖြစ်ပါတယ်။ တောင်သူတွေအသုံးများတဲ့ ပုလဲမြေဩဇာဆိုတာ နိုက်ထရိုဂျင်မြေဩဇာ တစ်ခုလည်းပဲ ဖြစ်ပါတယ်။
နိုက်ထရိုဂျင် ချို့တဲ့ခဲ့မယ်ဆိုရင်
အရွက်တွေက အစိမ်းနုရောင် ဒါမှမဟုတ် အဝါရောင် ဖြစ်သွားခြင်း၊ အပင်ကြီးထွားမှုနှေးသွားခြင်းနဲ့ တစ်ချို့အပင်တွေမှာဆို အရွက်တွေ ကြွေလာတာပါ ဖြစ်နိုင်ပါတယ်။ အရွက်ဝါခြင်းက အရွက်အိုတွေမှာ အရင်ဖြစ်လာပြီး ချို့တဲ့မှုပိုပြင်းလာရင်တော့ နောက်ပိုင်းထွက်လာတဲ့ အရွက်သစ်တွေမှာပါ ဝါလာ ပါတော့တယ်။ နိုက်ထရိုဂျင်ချို့တဲ့တာကို ခွဲခြားနိုင်ရင် အလွယ်တကူ ကုစားနိုင်ပါလိမ့်မယ်။ နိုက်ထရိုဂျင်ကျွေးတာ များသွားရင်တော့ ပင်ပိုင်းကြီးထွားမှုများသွားခြင်း၊ အသီးတွေကြွေကျခြင်းနဲ့ ပန်းပွင့်ပြီး အသီးသီးမှု ညံ့ဖျင်းသွားခြင်းတွေကို ဖြစ်နိုင်ပါတယ်။
နိုက်ထရိုဂျင်ဟာ မြေကြီးထဲမှာရွေ့လျားသွားလာနိုင်တဲ့အတွက် နိုက်ထရိတ်ပုံစံရှိနေတဲ့ နိုက်ထရိုဂျင်ဟာ ဆိုရင် အမြစ်ဇုန်ကနေ အဝေးကို ထွက်သွားနိုင်ပါတယ်။ လေထုထဲမှာလည်း ဆုံးရှုံးနိုင်ပါတယ်။ အထူး သဖြင့် ယူရီးယားကို စိုက်ခင်းထဲထည့်ပြီး ရေလောင်းလိုက်မယ်ဆိုရင် နိုက်ထရိုဂျင်ဓာတ်ဟာ အလွယ် တကူပဲ အငွေ့အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးလေလွင့်မှုနည်းစေဖို့ သဘာဝမြေဩ ဇာတွေနဲ့ရောနှောအသုံးပြုကြဖို့ အကြံပြုကြတာဖြစ်ပါတယ်။

ဖော့စပရပ်
အပင်စွမ်းအင်ပြောင်းလဲမှုမှာ အရေးကြီးတဲ့ဓာတ်ပဲဖြစ်ပါတယ်။ မီးစုန်းဓာတ်လို့လည်း ခေါ်ကြပါသေးတယ်။ ဖော့စပရပ်ဓာတ် မလုံလောက်ဘူးဆိုရင် အရွက်ထဲမှာ ထုတ်လုပ်လိုက်တဲ့ ကာဗိုဟိုက်ဒြိတ်ကို ပန်းပွင့်၊ သီးနေဆဲအသီးတွေဆီ ပို့ဆောင်ပေးနိုင်မှာ မဟုတ်တော့သလို အမြစ်တွေ၊ ဥတွေထဲမှာလည်း သိုလှောင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။
ဖော့စပရပ် ချို့တဲ့မယ်ဆိုရင်
အပင်တစ်ပင်လုံး ကြီးထွားမှုနှေးသွားခြင်းလိုမျိုး အခြားလက္ခဏာတွေနဲ့ ဆင်တူယိုးမှား ဖြစ်နိုင်တဲ့ အတွက် ဖော့စပရပ်ဓာတ်အနည်းငယ်ချို့တဲ့ရင် ဆန်းစစ်ဖို့ ခက်ခဲပါတယ်။ တကယ်လို့ ပြင်းပြင်း ထန်ထန်ချို့တဲ့မယ်ဆိုရင်တော့ အရွက်၊ အသီးနဲ့ ပင်စည်မှာ ဆဲလ်သေကွက်တွေ ပေါ်လာပါတယ်။ ဖော့စပရပ်က အပင်ကြီးထွားမှုပိုင်းကို ရွေ့လျားသွားတဲ့အတွက် အရွက်နုတွေထက် အရွက်အိုတွေမှာ ပိုပြီး ဆဲလ်သေကွက်တွေကို ပြသပါတယ်။
ပြောင်းဖူးပင်မှာဆိုရင်တော့ ခရမ်းရောင် (သို့) နီသလိုအရောင်တွေပြပါတယ်။ ဖော့စပရပ်က မြေကြီးထဲမှာ ရွေ့လျားနိုင်ခြင်းမရှိတာကြောင့် အပင်ကြီးပြီး လိုအပ်တဲ့လက္ခဏာပြမှ ထည့်တာမျိုး မလုပ်ဘဲ စိုက်ရာသီအစ မြေပြင်ကတည်းက မြေခံအနေနဲ့ အသုံးပြုသင့်ပါတယ်။

ပိုတက်ဆီယမ်
ဖိုတိုဆင်းသစ်ဖြစ်စဉ်အတွက် အပင်ဆဲလ်တွေ ကျုံနိုင်စွမ်းအားနဲ့ ရေတွေရွေ့လျားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။ စတိုမာအပေါက်လေးတွေ အဖွင့်အပိတ်လုပ်ဖို့အတွက် ထိန်းချုပ်ပေးတဲ့ ဓာတ်လည်းဖြစ်ပါတယ်။ ပိုတက်ဆီယမ်ကို အပင်လေးတွေ လုံလုံလောက်ကျွေးမယ်ဆို ရေငတ်ဒဏ်၊ ရောဂါပိုးမွှားဒဏ်ခံ၊ နှင်းခဲရိုက်ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး သီးနှံတွေရဲ့ အရသာကို တိုးစေပါတယ်။
ပိုတက်ဆီယမ်ဓာတ်ချို့တဲ့မယ်ဆိုရင်
အဖြစ်များတဲ့ လက္ခဏာကတော့ အရွက်ရင့်တွေရဲ့ ရွက်နားတစ်လျှောက်မှာ အဝါရောင် လက္ခဏာပြသနေတာပဲဖြစ်ပါတယ်။ အပင်ပိုင်းမှာဆိုရင် ကြီးထွားနှုန်းနှေးလာမယ်။ အမြစ်ဖွံ့ဖြိုးမှုနအားနည်းလာပြီး ပင်စည်ပါ ပျော့လာမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အပင်ယိုင်လဲတာက ပိုတက်ချို့တဲ့ရင် အဖြစ်များပါတယ်။ ပိုတက်ဆီယမ်က စိုက်ရာသီတစ်ရာသီမှာ ပမာဏအနည်းငယ်ပဲလိုအပ်တဲ့ ဓာတ်လည်းဖြစ်ပါတယ်။ ပိုတက်က ရေမှာပျော်ဝင်ပြီး သူလိုအပ်တဲ့ ပမာဏကို အပင်က စုပ်ယူတာဖြစ်ပါတယ်။
ပိုတက်စီယမ် ဓာတ်မြေဩဇာကို လွန်ကဲစွာထည့်သွင်းပါက မြေတွင်း မဂ္ဂနီဆီယမ်ဓာတ်ကို ချို့တဲ့စေပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်သည် အပင်နှင့် နီးကပ်စွာကျွေးပါက အပင်လောင်နိုင်သောကြောင့် ခွာ၍ကျွေးပါ။ ပိုတက်စီယမ်မြေဩဇာများစွာအသုံးပြုပါက နိုက်ထရိုဂျင်နှင့် တွဲသုံးပေးပါ။
မြန်မာနိုင်ငံမှာတွေ့ရတဲ့ ပိုတက်စီယမ်ပါဝင်တဲ့ ဓာတ်မြေဩဇာတွေကတော့ ပိုတက်စီယမ်ကလိုရိုဒ် (KCL)နှင့် ပိုတက်စီယမ်ဆာလဖိတ် (K2SO4) တို့ဖြစ်ပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်က အများဆုံးသုံးတဲ့မြေဩဇာဖြစ်ပြီး ၎င်းတွင် ပိုတက်စီယမ် ၆၂% နှင့် ကလိုရင်း ၃၅.၅% ပါဝင်ပါတယ်။ ကလိုရင်းသည် အပင်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်သော်လည်း ပိုတက်ဆီယမ်ကလိုရိုဒ်မြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် ကလိုရင်းဒဏ် ခံနိုင်ရည်မရှိသော ဆေးရွက်ကြီးကဲ့သို့သီးနှံများတွင် အသုံးမပြုသင့်ပါ။ စပါး၊ ကြံ၊ အုန်း၊ ပြောင်းစသော ကလိုရင်းဒဏ်ခံနိုင်ရည်ရှိသော သီးနှံများတွင်သာ အသုံးပြုသင့်ပါတယ်။ ဤမြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် အဆိပ်သင့်နိုင်သဖြင့် ရွက်ဖျန်းမြေဩဇာအဖြစ် အသုံးမပြုသင့်ပါ။
ဒါ့အပြင် ပိုတက်စီယမ်ဓာတ်ကို တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ရရှနိုင်ပြီး သီးနှံအကြွင်းအကျန်များကို ကောင်းစွာစီမံခန့်ခွဲခြင်းဖြင့် ရရှိနိုင်ပါတယ်။ သီးနှံရာသီအတွင်း ကျွေးလိုက်သောပိုတက်စီယမ်ကို သီးနှံများက စုပ်ယူသလို အပင်အစိတ်အပိုင်းများကလည်း စုပ်ယူပါတယ်။ စပါးခင်မှာ စပါးရိတ်သိမ်းပြီးနောက် ကောက်ရိုးများကို စိုက်ခင်းထဲသို့ ပြန်လည်ထည့်သွင်းပေးပါက နောက်သီးနှံအတွက် ပိုတက်စီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။
အစိမ်းရောင်လမ်းရှိဖော်ပြခဲ့ဖူးသောဆောင်းပါးများ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အပင်အာဟာရဓာတ်များ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကကိုင်းဖျားခြောက်ရောဂါဝင်ရင် နောက်ပြန်ခြောက်တတ်ပါတယ်။ ရောဂါဝင်တာနဲ့၊အာဟာရဓါတ် မစုပ်ယူနိုင်/မလည်ပတ်နိုင်တော့ပါ။ ပိုတက်ချ် ချို့တဲ့လက္ခဏာ ပြတတ်ပါတယ်၊
Wai Lwin
လွန်ခဲ့သော ၃ နှစ် ကပင်စည်ကိုင်းခြောက်သွေ့တာဘာချို့တဲ့တာလဲဗျာ
ဆက်စပ်မေးခွန်းများ
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 4 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်
လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....