အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ပြောင်းစိုက်ဧကများအတွက် ပြောင်းမျိုးစေ့များ ပြန်လည်ထောက်ပံ့မည်

ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ပြောင်းစိုက်ဧကများအတွက် ပြောင်းမျိုးစေ့များ ပြန်လည်ထောက်ပံ့မည်

Green Way
Green Way Greenovator 06/08/2018

မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရွာသွန်းမှူကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီး စိုက်ခင်းများပျက်စီးသွားသော ပြောင်းစိုက်တောင်သူများအတွက် မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်း၏ အစီအစဉ်ဖြင့် ပြောင်းပြန်လည်စိုက်ပျိုးမည့်တောင်သူများကို ပြောင်းမျိုးစေ့များ ထောက်ပံ့ပေးမည်ဟု သိရသည်။

ထို့ကြောင့် ပြောင်းခင်းများ ပြန်လည်စိုက်ပျိုးမည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာအသင်းခွဲများထံတွင် ဆက်သွယ်ကြရန်နှင့် ရေကြီးနစ်မြုပ်ခဲ့သော ဒေသများရှိ အသင်းခွဲများက တိကျသောစာရင်းများကို မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းသို့ စောလျင်စွာပေးပို့ပါရန်အကြောင်းကြားခဲ့ကြောင်းသိရပြီး သွင်းအားစုဖြစ်သော မြေသြဇာကိစ္စများအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းပြီး သတင်းထုတ်ပြန်ပေးပါမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖုန်း - 09767014356/ 097774371430

        09422552133/09895603331

အီးမေးလ် - [email protected]

               mcfta hq2016 @ gmail.com

 

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

Paclobutrazol 15% WP Plant Growth Regulator အာနိသင်ရှိ ဆေးကို စပါးခင်းမှာ အသုံးပြုချင်တာပါ။ စပါးပင်သတ်တမ်း ဘယ်အရွယ်မှာ အသုံးပြုသင့်ပါသလဲခင်ဗျာ။ ဆိုးကျိုးအနေနဲ့ ဘာတွေများ ဖြစ်နိုင်ပါသလဲ။

Nan Lin Soe • ဖြေကြားချက် 1 ခု

ကရင်ပြည်နယ်ကော့ကရိတ် တဝိုက်မှာ ပန်းစိုက်ခြံများ ရှိကြလားဗျ

Ye Htut Ko • ဖြေကြားချက် 0 ခု

အိမ်စားဖို့ ကန်စွန်းရိုးတံလေးတွေ ရေစိမ် အမြစ်ဖောက်ပြီးမှ မြေဆီလွှာဖြည့်ထားတဲ့အိုးထဲစိုက်တာ။ ၈ ရက်ကြာတော့ ပုံထဲကလိုဖြစ်ပြီး တစ်အိုးလုံးနှုတ်ပစ်လိုက်ရတယ်။ဘာဖြစ်တာလဲ‌ဗျ။ အဲလိုမဖြစ်အောင် ဘယ်လိုစိုက်ရမလဲ ပြောပြပေးပါခင်ဗျ။

ကို ငယ် • ဖြေကြားချက် 2 ခု

မှိုသတ်ဆေး Copper Oxychloride. 45 % Kasugamycin. 2 % ဖျန်းထားတာ ၂ ရက်ရှိပြီ။ ပေါင်းသတ်ဆေး 2/4 D သုံးချင်လို့ ရက် ဘယ်လောက်ခြားရမလဲဗျ။

Ye Naing • ဖြေကြားချက် 2 ခု

မှိုသတ်ဆေးCopper Oxychloride 45% Kasugamycin. 2% သုံးထားတာ ၂ ရက်ရှိပြီ။ပေါင်းသတ်ဆေး 2/4 D ဖျန်းချင်လို့ ရက် ဘယ်လောက်ခြားရမလဲဗျ။

Ye Naing • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။