(၂၀၁၉-၂၀၂၀)ခုနှစ် စိုက်ပျိုးရာသီတွင် နှမ်းမျိုးသန့်ပွားစိုက်ပျိုးမည့် တောင်သူများအား နှမ်းမျိုးစေ့အခမဲ့ ထောက်ပံ့

26/04/2019 12:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 (၂၀၁၉-၂၀၂၀)ခုနှစ် စိုက်ပျိုးရာသီတွင် နှမ်းမျိုးသန့်ပွားစိုက်ပျိုးမည့် တောင်သူများအား ဧပြီလ (၂၃)ရက်နေ့က နှမ်းမျိုးစေ့ အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ နှမ်းမျိုးစေ့ အခမဲ့ ထောက်ပံ့ခြင်းကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးနှင့် တာဝန်ရှိသူများက မကွေးမြို့နယ်တွင်းရှိ ကျေးရွာ(၇)မှ နှမ်းမျိုးသန့်ပွားစိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့ပံ့ပိုးပေးအပ်ခဲ့ခြင်းဖြစ်သည်။

နှမ်းမျိုးသန့်ထောက်ပံ့ပေးရာတွင် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ တောင်သူပေါင်း (၃၈)ဦး၏ စိုက်ဧက (၁၅၃.၅၀)ဧကအတွက် တစ်ဧက စမုံနက်နှမ်းမျိုးသုံးပြည်နှုန်းဖြင့် တင်းပေါင်း(၂၈.၅၀)တင်း ပံ့ပိုး ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ကို  မျိုးသန့်ပွားဖို့ရန်အတွက် နှမ်းမျိုးစေ့ အခမဲ့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်မျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောပြသည်။

တစ်ဧကကို(၃)ပြည်နှုံးထောက်ပံ့တယ် နှမ်းပေါ်လာပြီဆိုရင် အတိုးမယူဘဲနဲ့ တစ်ဧက နှမ်း(၃)ပြည် ပြန်ပေးရမယ် ပေါ်လာတဲ့နှမ်းအကုန်ကိုလည်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့က အကုန်ပြန်ဝယ်မှာပါဟု မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးကျော်ဆန်းက ပြောသည်။

သက်မှူးအိမ်(မင်းဘူး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်