📢 ဉာဏ်စမ်းအတွက် အဖြေမှန်လေးတိုက်လို့ရပါပြီရှင့်
👩🌾 အဖြေမှန်ကတော့ စပါးနှံစုပ်ကြမ်းပိုးပဲ ဖြစ်ပါတယ်
စပါးနှံစုပ်ပိုးရဲ့ အရေအတွက်ဟာ မိုးရာသီအကုန်မှာ တိုးလာတတ်ပြီးတော့ စပါးပန်းပွင့်တဲ့အချိန်ကနေ နို့ရည်တည်တဲ့အဆင့်အထိကို ပိုနှစ်သက်ကြပါတယ်နော်
တကယ်လို့ အစိမ်းရောင်လမ်းက မိတ်ဆွေတို့ စပါးခင်းမှာ စပါးနှံစုပ်ကြမ်းပိုးကျရောက်နေပြီဆိုရင်တော့ ကာကွယ်နှိမ်နင်းကို ဆော့ဝဲအတွင်းမှာ ဝင်ရောက်လေ့လာလို့ရပါတယ်ရှင့်
အခုလိုဗဟုသုတကို မင်မင်ဘယ်က သိလဲဆို အစိမ်းရောင်လမ်းက ဆောင်းပါးတွေ ဖတ်ကြည့်ရင်းနဲ့ သိတာပါနော်
ဗဟုသုတရဖွယ်ဆောင်းပါးတွေ ဖတ်ရှုဖို့ ဘာမှမလိုပါဘူး အစိမ်းရောင်လမ်းဆော့ဝဲလေးပါ လိုတာပါရှင့်. 👉📲
ဒါနဲ့ ဘယ်သူတွေမှန်ကြလဲနော် ပြောပြပေးသွားကြပါဦး ♥️
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်