ဆန်စပါးအသင်းများမှ စပါးကို စျေးကောင်းပေးဝယ်ရေး တောင်သူများစုပေါင်းကာ သမ္မတထံ တင်ပြမည်

16/10/2018 11:16 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်​နိုင်ငံသို့ စပါးကုန်ကြမ်းများအား မှောင်​ခိုစနစ်ဖြင့် တင်​ပို့​နေခြင်းကို မြန်မာ့ဆန်​စပါးအသင်​း၊ အဖွဲ့များမှ ကန့်ကွက်​စာများ ထုတ်​ပြန်​​နေသည်​့အပေါ် တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သည်။

" ​တောင်​သူ​တွေဆီကို တရုတ်​ကုန်​သည်​​တွေက စပါး​စျေး​ကောင်​း​ ပေးဝယ်​သလို၊ ဒီဘက်​က​နေလည်​း တရုတ်​ကို ​စပါး​စျေး​ကောင်​းရရင်​ တင်​ပို့တယ်​။ ​တောင်​သူပဲ စပါး​စျေး​ကောင်​းရတဲ့သူဆီပဲ ​ရောင်​းမှာ​ပေါ့။ အခုကျ ဆန်​စပါး အသင်​း​တွေက စပါးတင်​ပို့မှုကို ကန်​့သတ်​လိုက်​တယ်​။ ဒါ မတရားဘူး ။ သူတို့ကကျ ကျွန်​​တော်​တို့ဆီက စပါးကို ​စျေး​ကောင်​း​ပေးဝယ်​လား။ သူတို့အချင်​းချင်​းညှိပြီး စပါးကို ​စျေးနည်​းနည်​း​လေးနဲ့ ဝယ်​တယ်​။ ဘယ်​မှာ တရားလဲ။ ကိုယ်​ကျ ​စျေး​ကောင်​းမ​ပေးဘူး။​ စျေး​ကောင်​း​ပေးတဲ့ သူ​တွေကိုလည်​း မ​ရောင်​းခိုင်​းဘူးဆို​တော့ သူတို့အသင်​း​တွေရဲ့ သ​ဘောက ​တောင်​သူ​တွေကို ညစ်​​ရေးလား" ဟု​ ရွှေဘိုမြို့မှ စပါးစိုက်​​တောင်​သူ ဦးဝင်​းကိုက ​ပြော သည်​။

သတင်း အပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်