စပါးပင်တွင်မဂ္ဂနီဆီယမ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

01/08/2024 10:52 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင်ကြီးထွားမှု အဆင့်တိုင်းတွင် ချို့တဲ့မှု ဖြစ်ပေါ်နိုင်သည်။ အလွန်အမင်းမချို့တဲ့ပါက အပင်အမြင့်နှင့် ပင်ပွားအရေအတွက်ကို မထိခိုက်သေည်လည်း အနှံအရည်အသွေးနိမ့်သည်။ အောင်စေ့နည်းပါးပြီး ပရိုတင်း နှင့် ကစီဓာတ် ပါဝင်မှုနည်းစေသည်။

ဆည်ရေသောက်လယ်များတွင် သွင်းရေနှင့်အတူ Mg ဓာတ်ပါလေ့ရှိသဖြင့် ချို့တဲ့မှုအလွန်နည်းသည်။ မိုးကောင်းသောက်လယ်နှင့် ယာစပါးခင်းများတွင်မူ အပင်အကြွင်းအကျန်များနှင့် သတ္ထုဓာတ်များကို သေချာစွာပြန်လည်မဖြည့်တင်းပေးပါက Mg ဓာတ်ချို့တဲ့မှုများသည်။ အထူးသဖြင့် အချဥ်ဓာတ်များပြီး ရေလေ တိုက်စားခံရမှုများသော မြေများ၊ သဲကြမ်းဆန် ၍ စိမ့်ဝင်စီးဆင်းမှုများသော မြေများတွင် အဖြစ်များသည်။ 

လက္ခဏာများ

အပင်အမြင့်နှင့် ပင်ပွား အရေအတွက်ကို ထိခိုက်နိုင်သည်။ အရွက်ဟောင်းများ လိမ္မော်-ဝါရောင် သို့ပြောင်းကာ ရွက်ထိပ်များမှာ ဖြူနေမည်။ အရွက်ပြားများ လှိုင်းကဲ့သို့တွန့်ပြီး ငိုက်ကျနေသည်။ ရွက်ဟောင်းများပေါ်တွင် ရောင်မညီကွက်များဖြစ်ပေါ်ပြီး လိမ္မော်ရောင် တွေ့ရသည်။ 

ပြုပြင်ရန်နည်းလမ်း

  • ရွက်ဖျန်းမြေသြဇာ 0.5 % MgSO4 (5g/lit) ကို ၁၅ ရက်ခြား၍ ၂ ကြိမ် ပက်ဖြန်းပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်