ဗုဒ္ဓဟူးနေ့ရောက်လာပြန်ပါပြီ။
ဒီတစ်ပတ်ရဲ့ အဖြေမှန်ကတော့ မြန်မာမှုလုပ်ငန်းတွေဖြစ်တဲ့ ရက်ကန်းရက်ခြင်းမှာပါဝင်တဲ့ ချည်ငင်ခြင်း ဖြစ်ပါတယ်တဲ့ ပရိတ်သတ်ကြီးရေ။
ဖြေဆိုသူ ၁၂၀ ကျော်ရှိတဲ့အထဲက အဖြေမှန်သူ ၂ ယောက်ကို ဂုဏ်ပြုလိုက်ရပါအောင်နော်။
ဒီလို စကားပုံလေးတွေကနေ မြန်မာမှုတွေရဲ့ အငွေ့အသက်တွေကို ပြန်လည်မြင်ယောင်မိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်မှာတော့ ဘယ်လို ပဟေဠိလေးလာမလဲ အတူရင်ခုန်လိုက်ရအောင်နော်။
*ဒီအစဉ်လေးကို အပတ်စဉ်ပြုလုပ်နေမှာဖြစ်ပြီး လက်ဆောင်ပေးတာကိုတော့ ဒီလကုန်ထိပဲ ရတော့မှာပါဖြစ်ပါတယ်နော်* အဖြေမှန်သူအားလုံးကိုတော့ အပတ်စဉ်ကြေညာပေးသွားမှာပါ။
အပတ်စဉ် စကားပုံလေးတွေဖြေရင်း အားလပ်ချိန်တွေမှာ အပန်းလည်းဖြေ အသိပညာတွေလည်းတိုးနိုင်ကြပါစေ
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်