ရေဘေးသင့်လယ်ယာမြေများအား ပြန်လည်ပြုပြင်နိုင်မည့်နည်းလမ်းများ

01/10/2024 15:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ရေဘေးသင့်ဒေသများတွင် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်ခြေ၊ ကျွဲနွားတိရစ္ဆာန်များ၊ ပစ္စည်းအသုံးအဆောင်များ ကာလတန်ဖိုးဖြတ်ဖို့ခက်လောက်အောင် ဖြစ်ခဲ့ရပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း အမြိူ့မြို့အနယ်နယ်မှ အလွှာအသီးသီးပါဝင်လှူဒါန်းကြသည်ကိုလည်း ရေဘေးသင့်ပြည်သူများကိုယ်စား သာဓုအနုမောဓနာခေါ်မိပါသည်။

အဆိုပါဖြစ်စဥ်နှင့်အတူ နောက်ဆက်တွဲအဖြစ် ရေလွှမ်းလွင်ပြင်ဖြစ်ခဲ့ကြသောလယ်ယာမြေများအတွက် နောက်သီးနှံစိုက်ချိန်အမီ ကြိုတင်ပြင်ဆင်နိုင်ပါရန် အကြံပြုရေးသားတိုက်တွန်းလိုက်ရပါသည်။

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းအရေးကြီးသကဲ့သို့ မြေ ​ဘေးကယ်ဆယ်ရေးလုပ်ငန်းအတွက်လည်း လူအား၊ စက်အား၊ ငွေအား၊ အကြံဥာဏ်များ ဝိုင်းဝန်းဖို့အတွက် တတ်သိပညာရှင်များ၊ အဖွဲအစည်းများအား တဖက်တလမ်းမှ ကူညီနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

လက်ရှိ မြေပြင်အခြေအနေသည် ရေတိုက်စားခြင်း၊ အမှိုက်၊ ဒိုက်ပုံများစုပုံနေခြင်း၊ နုံး၊ ရွှံစေးမြေများထုထည်မြင့်မားစွာ ဖုံးလွှမ်းနေခြင်း၊ အချို့နေရာများတွင် ကျွဲနွားတိရစ္ဆာန်များ၊ ပစ္စည်းကိရိယာများ သဲ၊ နုံးနှစ်များပိနေခြင်းနှင့် အချို့ နေရာများတွင်Standing  cropsများ(စပါး၊ ခြံသီးနှံ၊ ပြောင်း၊ ဝါ..စသည်)များရွှံနွံဖုံးလွှမ်းပျက်စီးခြင်းစသည့် အခြေအနေမျိုးစုံတွေ့ရပါသည်။

ရေကြီးနစ်မြုပ်ခြင်း၏ ဖြစ်လေ့ဖြစ်ထအတိုင်း ရေလွှမ်းဧရိယာများတွင် ကျွဲနွားတိရစ္ဆာန် သေကြေပျက်စီးမှုကြောင့် ရေဆိုးရေညစ်များအပြင် အထက်မှ သတ္တုတူးဖော်ရေးလုပ်ငန်းများမှလည်းကောင်း၊ ရွှေမှော်လုပ်ငန်းများမှလည်းကောင်း၊ အာဆင်းနစ်ကဲ့သို့ ရေအဆိပ်သင့် သတ္တုများပါနိုင်သောကြောင့် သောက်သုံးရေ/ချက်ပြုတ်ရေအဖြစ် သုံးစွဲပါက လူ့အသက်အန္တရယ်ထိရှိနိုင်သောကြောင့် သတိပြုကြစေလိုသည်။

ရေလွှမ်းမြေများတွင် မြေဆီလွှာ ဓာတ်ဂုဏ်သတ္တိအရ NPK အပါအဝင် အပင်အတွက် အကျိုးပြုသောအာဟာရများပါဝင်နိုင်သကဲ့သို့ မြေဆီလွှာအဆိပ်သင့်သတ္ထုများဖြစ်သည့် အာဆင်းနစ်၊ ကက်မီယံ၊ ခဲ၊ ဇင့်၊ ကာ့ပါး၊ ခရိုမီယံ စသည်များလည်းပါဝင်နိုင်ပါသည်။

ရေဘေးသင့်မြေဆီလွှာသည် မြစ်ရေကြီးမှုကြောင့် အနည်ထိုင်သော နုန်းမြေမျိုးမဟုတ်ဘဲ ကုန်းပိုင်းရေလွှမ်းမှုမျိုးဖြစ်၍ ရွှံ့စေးမြေမျိုးသာဖြစ်ပြီး အစိုဓာတ်ခမ်းခြောက်သည်နှင့် မြေမျက်နှာပြင်မာကျောကာ နှမ်းဖတ်ခဲကဲ့သို့ဖြစ်သွားသဖြင့် ထွန်ထယ်ဝင်သော်လည်း အခဲမကြေဖြစ်ရပါသည်။ (အချို့နေရာများတွင် သဲထုများ ဖုံးလွှမ်းပါသည်။)

သဲထုဖုံးလွှမ်းမြေများကို နွားချေး၊ သဘာဝမြေသြဇာ၊ အီးအမ် ဘိုကာရှီ များများထည့်ပေးရုံဖြင့် ပြန်လည်ပြူပြင်နိုင်ပါသည်။

 

ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောရေကြီးနစ်မြုပ်လယ်ယာမြေများ (Flooded Soil) ကို နောက်သီးနှံမစိုက်ပျိုးမီ ရုပ်ပိုင်းဆိုင်ရာ ဓာတ်ပိုင်းဆိုင်ရာပြုပြင်နည်းများကို အောက်ပါအတိုင်းအကြံပြုတင်ပြလိုက်ပါသည်။

ရုပ်ပိုင်းဆိုင်ရာမြေပြုပြင်နည်း (Physical Soil Amendment)

  • နုံးရွှံ့စေးမြေများ ဖုံးလွှမ်းမှုအနည်းအများ၊ အထူအပါးအပေါ်မူတည်၍ ပြုပြင်မှုနည်းလမ်းကွာခြားနိုင်ပါသည်။
  • အကယ်၍ ဖို့မြေ(ရေလွှမ်းမြေထု)သည် ၄လက်မအောက်သာရှိပါက ထယ်ထိုးထွန်မွှေရုံမျှဖြင့် မူလမြေသားနှင့် အလွယ်တကူရောလွယ်ပါသည်။
  • ရွှံ့စေးမြေထုသည် ၁၀-၁၂လက်မထုဖြစ်ပါက ထယ်ထိုးထွန်မွှေဖို့ ခက်ခဲနိုင်ပါသည်။
  • ထို့ကြောင့် မြေဆီလွှာအတွင်းအောက်ဆီဂျင်ရရှိစေခြင်း မြေတွင်းကာဗွန်စုဆောင်းမှု ခက်ခဲနိုင်ခြင်းတို့ကြောင့် C:N အချိုးမှန်ကန်စေရန်အတွက် ရွှံစေးမြေ(Clay Soil)၏ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲပေးရန် လိုအပ်ပါသည်။
  • မြေတွင်းအကျိုးပြုအနုဇီဝများမရှိတော့သဖြင့် မြေသေ(Dead soil)ကဲ့သို့ဖြစ်ရာ မြေရှင်(Healthy soil)ဖြစ်အောင် ပြန်လည်မွေးမြူရပါမည်။

ရွှံစေးမြပြုပြင်ရန်အချက်များ

  • ရွှံစေးမြေထုထည်ပေါ်သို့ သဲမြေများထည့်သွင်းခြင်း (အပေါ်ယံမြေ ၆ လက်မထုအတွင်း သဲနှင့်ရွှံ့စေး ဆတူဖြစ်လျှင် အပင်အတွက်ပိုကောင်းပါသည်။)
  • ဘိုင်အိုချာBiochor / ကြံမြှုပ်ချေး၊ ဇီဝမြေဩဇာများ /EMဘိုကာရှီ၊ စပါးခွံ ဖွဲပြာများ ထည့်သွင်းခြင်း၊
  • Organic Matterများ/နွားချေး သဘာဝမြေဆွေး/ ကောက်ရိုးဆွေး/ပဲမှော် နှမ်းမှော်များ ထည့်သွင်းခြင်း၊
  • တီကောင်​​ မွေးမြူခြင်း/ တီကျစ်စာထည့်သွင်းခြင်းများ ထည့်ပေးနိုင်ပါသည်။

မြေဆီလွှာဓာတ်ပိုင်း​ဆိုင်ရာပြုပြင်ခြင်း (Chemical Soil Amendment)

  • ရေဘေးသင့် လယ်ယာများသည် ဓာတ်သတ္ထု တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံမှ ရေဆိုးရေညစ်များ စီးမျောအနည်ပို့ချစေခြင်းဖြစ်ရာ Heavy Metals(အာဆင်းနစ်/ခဲ/ကက်မီယံ/ကော့ပါး.) များ မြေဆီလွှာအဆိပ်သင့် ဓာတုဓာတ်ကြွင်းအာနိသင်များ ရောနှောပါဝင်နိုင်ပါသည်။
  • ထို့အပြင် မြေတွင်းအကျိုးပြုအနုဇီဝများမရှိတော့သဖြင့် မြေသေ(Dead soil)ကဲ့သို့ဖြစ်ရာ မြေရှင်(Healthy soil)ဖြစ်အောင် ပြန်လည်မွေးမြူရပါမည်။
  • သို့ဖြစ်၍၊အဆိုပါအခြေနေများကို ဓာတ်ပြုဖလှယ်နည်းဖြင့်ချေဖျက်နိုင်ရန် အောက်ပါအချက်များ မဖြစ်မနေလုပ် ဆောင်ရန်လိုအပ်ပါသည်။
  • မြေဆီလွှာဓာတ်ခွဲစမ်းသပ်ခြင်း
  • မြေချဥ်/မြေငံတိုင်းတာခြင်း
  • မြေဆီလွှာ ချဥ်ငံပြကိန်းအလိုက် ထုံး (Lime) ၊ ကန့် (Sulphur)ထည့်ခြင်း
  • Gypsum /Dolomiteများ ထည့်ခြင်း
  • ဆီလီကာမြေသြဇာအသုံးပြုခြင်းများအပြင်
  • ဓာတုဓာတ်ကြွင်းများကို ချေဖျက်နိုင်ရန်အတွက် ဟူးမစ်အက်ဆစ်၊ ဖူးလ်ဗစ်အက်ဆစ်များပါသော မြေပြင်ဓာတ်မြေဩဇာများထည့်သွင်းခြင်း၊ အီးအမ်၊ ထရိုင်ကိုဒါမား ထည့်ခြင်းတို့ပြုလုပ်နိုင်သည်။

ဖော်ပြပါ မြေဆီလွှာပြုပြင်ရေးနည်းလမ်းများသည် လိုအပ်ချက်များရှိနိုင်ပါသည်။

သို့သော် ယခုအကြံပြုချက်များကိုပင် တောင်သူတဦးတစ်ယောက်တည်း လုပ်ဆောင်ရန် လွယ်ကူမည်မဟုတ်ပါ။

မြေနမူနာယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများကို ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ မြေဘေးကယ်ဆယ်ရေးအဖြစ် ဝိုင်းဝန်းပံ့ပိုးနိုင်မှသာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းဆီသို့ ဦးတည်နိုင်မှာဖြစ်ကြောင်း စေတနာအရင်းခံကာ တိုက်တွန်းနှိုးဆော်ရေးသားအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်