နှင်းဆီပင်ကို အာလူး အသုံးပြု ၍ ပျိုးထောင်ခြင်း
အာလူးဟာ စား၍အရသာရှိရုံတင်မက တခြားနေရာတွေမှာလဲ အရမ်းအသုံးဝင်ပါတယ်။ အာလူးဟာ နှင်းဆီပင်ပျိုးဖို့ နှင်းဆီ ရိုးတံဖြတ်တွေအတွက် လုံလောက်တဲ့ အဟာရဓါတ်တွေ၊စိုထိုင်းဆ တွေနဲ့ပြည့်စုံပြီး နှင်းဆီပျိုးတံကို ကျန်းမာသန်စွမ်းတဲ့ အမြစ်တွေထွက်ရှိ…ဖွံ့ဖြိုးစေပါတယ်။
သင့်မှာနှင်းဆီပင်တွေရှိတယ်။မျိုးအတွက် ပျိုးပင်တွေ ထပ်ပျိုးချင်တယ်ဆိုရင်တော့အာလူးအသုံးပြု ပျိုးနည်းကို စဉ်းစားစေချင်ပါတယ်။ ဒီနည်းက အပင်စိုက်ပျိုးစ…သူတွေအတွက်ရိုးရှင်းလွယ်ကူတဲ့အပြင်…စိုက်ပျိုးကုန်ကျစရိတ် သက်သာချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့နည်းတခု ဖြစ်ပါတယ်။
၁။ ပထမဦးဆုံးကျန်းမာသန်စွမ်းတဲ့ နှင်းဆီပင်တွေကနေ ၄၅ံ စောင်းပြီးထွက်နေတဲ့ နှင်းဆီ ရိုးတံ များကို ၈လက်မ အရှည် .. ဖြတ်ပါ။ ဖြတ်တဲ့ကတ်ကျေးဟာ ..ပိုးသတ်ပြီး .. သန့်ရှင်းစေရန် သတိပြုပါ။ အဲဒီဖြတ်ပြီးတဲ့ ရိုးတံများကို ချက်ချင်း.. စိုက်ပါ။( သို့မဟုတ်) ချက်ချင်းမစိုက်နိုင်ပါက ရိုးတံဖြတ်များကို.. သန့်ရှင်းသောရေထဲသို့အရင်းပိုင်းမှစိမ်ထားပါ။(သို့)ပလတ်စတစ် အိတ်ဖြင့်ထည့်ပြီး ရေခဲတုံးပေါ်တင်ပြီးသိမ်းပါ။ ရိုးတံများကို ဖြတ်ပြီးပြီးချင်း….ချက်ချင်းအသုံးပြုပါကပိုမိုကောင်းမွန်ပါသည်။
၂ ။ အပွင့်ညှိုး၊ အဖူးညှိုးနေတာတွေကို ဖယ်ရှားပစ်ပါ။ ရိုးတံအရင်းက အရွက်များကိုလည်းဖယ်ရှားပါ။ အဖျားပိုင်းမှ ကျန်းမာ သန်စွမ်းသော အရွက်များသာချန်ပါ။
၃။ အလယ်အလတ်ဆိုဒ်ပန်းအိုး၁ လုံး တွင် မြေသြဇာကောင်းမွန်သော မြေကို ထည့်ပါ။ စွတ်စိုစေရန် ..ရေ အနည်းငယ်ဖြန်းပါ။
၄။ မျက်စိများဖယ်ထားပြီးသောအာလူး(အရွယ်ခပ်ကြီးကြီး) ကို သန့်ရှင်းတဲ့ ဝက်အူလှည့်( Screw Driver) နဲ့ ၃လက်မလောက်အနက် အပေါက်ဖေါက်ပါ။ အပေါက်ရဲ့ အရွယ်အစားက ထည့်မဲ့ရိုးတံရဲ့ အရွယ်အစားနဲ့ညီအောင်ဖေါက်ပါ။ အပေါက်သေးနေပါက.. ရိုးတံထည့်လို့ရသည်အထိ ချဲ့ပါ။
၅။ ရိုးတံရဲ့အရင်းပိုင်းကို အမြစ်ထွက် ဟော်မုန်းအမှုန့်သုတ်လိမ်းပါ။ ပိုနေသည်များကိုခါချပစ်ပါ။ ဒီအဆင့်က မလုပ်လဲရပေမဲ့ အမြစ်ထွက်ဟော်မုန်းက အမြစ်ကြီးထွားသန်စွမ်းဖို့ အားပေးပြီးအပင်သန်စွမ်းစေပါတယ်။ အမြစ်ထွက် ဟော်မုန်းသုတ်လိမ်းထားသည့်ဘက်မှ..ရိုးတံအား… ကြိုတင်ဖေါက်ထားသည့် အာလူးအပေါက်ထဲသို့ထည့်ပါ။
၆။ ပန်းအိုးထဲမှမြေကြီးများကို အားလူးထည့်လို့ရသည်အထိ သန့်ရှင်းသော မြေတူးဇွန်းဖြင့် တူးပါ။
၇။ တူးထားသောကျင်းထဲသို့အာလူးကိုထည့်ပါ။ အာလူးသာမြုပ်ပြီး ရိုးတံအရင်းပိုင်းကမြေပေါ် ..ပေါ်နေစေရန်သတိပြုပါ။
၈။ သန့်ရှင်းခြောက်သွေ့သော ဆိုဒါဗူးခွံ၊ ကိုလာဗူးခွံ၊ တို့ကို ထိပ်၂ဖက် ဖြတ်ပြီး ပုံပါအတိုင်းပျိုးတံကိုစွပ်ပါ။ ဗူးခွံကိုမြေကြီးတွင်စွဲမြဲစေရန်…အောက်သို့လှည့်တွန်းပြီးထည့်ပါ။
၉။ ပျိုးအိုးကိုနေရောင်တိုက်ရိုက်မကျသော…. နွေး၍ အလင်းရသောနေရာမှာထားပါ။ ပျိုးပင် လေရှူ နိုင်အောင် ပလတ်စတစ်ဗူးခွံကိုနေ ့စဉ် မိနစ် အနည်းငယ်ခန့်ဖယ်ရှားပေးပါ။ ပျိုးပင်မှာအရွက်အတက် အသစ်များထွက်လာသည်ကို မတွေ့မချင်းဘာမှမလုပ်ပါနှင့်။ မြေကြီးအားကောင်းမွန် စိုစွတ်အောင်ထားပါ။ (ရေလဲအရမ်းမများအောင်ဂရုစိုက်ပါ။ ရေများပြီးအရမ်းစိုစွတ်လွန်းရင်ပျိုးပင်နဲ့အာလူးများပုပ်သွားနိုင်ပါတယ်။)
၁၀။ ၂ပတ်ခန့်အကြာ…. အပင်ရွှေ့ပြောင်းဖို့ခံနိုင်ရည်ရှိပြီလို့ သင်ထင်ပြီ ဆိုရင်တော့ ပျိုးပင်ကို အပေါ်သို့အနည်းငယ်ဆွဲထုတ်ကြည့်ပါ။ အမြစ်သစ်များကောင်းမွန်စွာ ထွက်နေတာကိုတွေ့ရပါမယ်။
၁၁။ ပလတ်စတစ်ဗူးခွံကိုဖယ်ပြီး၊ ပျိုးအိုးကို နေရောင်ပိုမိုရရှိပြီး အလင်းရောင်ကောင်းစွာရရှိတဲ့နေရာသို့ ပြောင်းရွှေ့ပါ။ပျိုးပင်ကောင်းမွန်စွာ..သန်မာကြီးထွားလာသည်အထိ ထိုနေရာတွင် ထားပါ။ မြေကြီးစိုစွတ်နေပါစေ။
၁၂။ပြင်ပအပူချိန် ခံနိုင်ရည်ရှိတဲ့ အထိပျိုးပင် ..သန်မာကြံ့ခိုင် လာအောင်. .လုံလောက်တဲ့ အလင်းရောင်ရရှိပြီး… အကာအရံရှိ တဲ့နေရာမှာ ပျိုးအိုးကို နေ့စဉ်နာရီ အနည်းငယ်ခန့်ထားပေးပါ။မြေကြီးများစိုစွတ်နေပါစေ။
၁၃။ ပျိုးပင်သန်မာကြံ့ခိုင်ပြီးတပတ်အကြာ… မိမိရဲ့ ဥယျာဉ်မြေကွက်လပ်သို့ရွှေ့ပြောင်းစိုက်နိုင်ပြီဖြစ်ပါတယ်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အာလူးစိုက်ပျိုးနည်း
Thein Zaw Win
လွန်ခဲ့သော ၄ နှစ် ကအမြစ်ထွက်ရန်ဘာဟော်မုန်းဆေးလဲဆရာပြောပေးပါအုံးဆရာ
kyawkyawsan
လွန်ခဲ့သော ၅ နှစ် ကနှင်းဆီပင်ဘယ်လိုပြုပြင်အဆင်ပြေမလဲ
ဦးကြည်စိုး
လွန်ခဲ့သော ၅ နှစ် ကပလပ်စတစ်ဗူးခွံကိုဘယ်လိုစွပ်ရလဲရှင်းပြပါ စွပ်ထားပုံလေးလဲတင်ပေးစေချင်ပါတယ်၊ ပုံပါအတိုင်းဆိုပြီးပုံမတွေ့ရလို့ပါ။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲ TBL9 ကို ဘယ်လထိနောက်ဆုံး စိုက်ပျိုးလို့ရလဲ ထွန်ပဲစနစ်ဖြင့်စိုက်မှာပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ
zin myo thu • ဖြေကြားချက် 1 ခု
ဆရာရေ လှရဲ့လားဗျာ ဆျာတို့နဲ့ စသိခဲ့တာ ၃ နှစ်ရှိပီ ဆျာတို့ပေးတဲ့အကြံဥာဏ်အတိုင်း လိုက်ပါဆောင်ရွက်တာပါ ဒီနှစ်မှာလဲ အောင်မြင်မှုဆီသို့ နီးစပ်လာပါပြီခင်ဗျ Green Way app ထုတ်လုပ်သူတွေရော အမြဲစိတ်ရှည်အကြံဥာဏ်ပေးတဲ့ ကိုသော်ဇင် / ဒို့ဦးလေး ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်လောင်းပြောပါရစေခင်ဗျ
U Yan • ဖြေကြားချက် 2 ခု
မတ်ပဲကျဲရာတွင် ငန်းမဟာအောင် လက်ပေါက်လှအောင်ဘယ်လိုကျဲသင့်လဲရှင်းပြပေးပါဦးဆရာတို့
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ဆရာကြီးဗျာ မိုးရာသီစပါးဖုံးတဲ့အချိန် ပိုတက်မြေဩစာကျွေးထားp ရေဖောက်ချင်လို မြေဩဇာကျွေးpဘယ်နယ်ရက်နေမှ ရေဖောက်သင့်သလဲဗျ မြေဆီရေထဲပါသွားမလားစောစီဖောက်ရင်ဗျ ဆင်းသုခစပါးမျိုး
KO Thiha lin • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026