ပြည်တွင်းရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ အပိုဝင်ငွေတိုးပွားစေရန် ဒေသဖားများကို သားဖောက်မွေးမြူသည့်နည်းပညာများ ဖြန့်ဝေပေးမည်

10/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်တွင်းရှိ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ အပိုဝင်ငွေတိုးပွားစေရန်နှင့် ပြည်ပမှဝင်ရောက်နေသည့် ထိုင်းဖား/ဗီယက်နမ်ဖားများ ဈေးကွက်နေရာယူနေခြင်းကို ထိန်းချုပ်နိုင်စေရန် ဒေသဖားများကို သားဖောက်မွေးမြူသည့် နည်းပညာများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဝေပေးသွားမည်ဟု သိရသည်။

    ဒေသဖားများကို ကျုံးသွင်း၍ သားဖောက်မွေးမြူနိုင်ပါက တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများ ရရှိစေမည်ဖြစ်ပြီး ဈေးကြီးပေး၍ ဖားမျိုးဝယ်ယူမွေးမြူရသည့် အခက်အခဲများမှလည်း သက်သာစေရန် ရည်ရွယ်ကြောင်း နမ်းခမ်းဒေသရှိ ဖားစီးပွားဖြစ်မွေးမြူရေးခြံမှ ပြောသည်။

ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသတွင်းက လယ်ကွက်တွေထဲမှာတွေ့ရတဲ့ ဒေသဖားတွေကို သားဖောက်ပြီး စီးပွားဖြစ်မွေးမြူရေးလုပ်ကိုင်လို့ရတယ်ဆိုတာကို အားလုံးကို အသိပညာတွေပေးချင်တာပါ။ အများအကျိုးအတွက် ဖားသားဖောက်တတ်တဲ့ ဖားမွေးမြူရေးပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်သွားပါမယ်။ ပညာရှင်ခေါ်ပြီး ဒေသဖားတွေကို သားဖောက်ပါမယ်။ ဒီပညာရပ်တွေက တစ်ဦးတစ်ယောက်တည်း အကျိုးအတွက်မဟုတ်ဘဲ လူအများကို ပြန်လည်ဖြန့်ဝေပေးသွားဖို့အတွက် ရည်ရွယ်ထားပါတယ်။ လက်ရှိ မွေးနေသူတွေအားလုံးကိုပါ အဆင်ပြေစေချင်တာပါ။

ဟု စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းဒေသမှ ဖားစီးပွားဖြစ်မွေးမြူရေးခြံမှ ဦးကျော့စိုးက ပြောသည်။

    ဈေးကွက်ဒေသဖားများကို မွေးမြူရာတွင် အစာအနေဖြင့် နေ့ဘက်တွင် ငါးသိမ်ငါးမွှားကလေးများနှင့် ညဘက်တွင်မူ မီးအလင်းရောင်ကြောင့် ကျရောက်လာတတ်သည့် သဘာဝ နှံကောင်၊ ပလူကောင်များ၊ သီးနှံပင်ဖျက်ပိုးများကို စားသုံးကြကြောင်း သိရသည်။

လယ်ယာသမားတွေပါ တစ်နိုင်တပိုင်လုပ်သင့်တာပါ။ ဒီမွေးမြူရေးလုပ်ငန်းက အရင်းမများဘူး။ နေရာအကျယ် မလိုဘူး။ သဘာဝဖားဖြစ်တာကြောင့် သဘာဝအတိုင်း အစာကျွေးရတော့ အစာဖိုးအတွက် ကုန်ကျစရိတ်သက်သာတာကြောင့် တွက်ချေလည်းကိုက်တယ်။ ဖားမွေးမြူတဲ့ အရှုံးမပေါ်အောင် အသင့်ထုတ်ထားတဲ့ မွေးမြူရေးစာတွေကို သုံးစွဲမှုလျော့နိုင်မယ်ဆိုရင် မွေးမြူသမားတိုင်း အဆင်ပြေသွားမယ်။ အဲ့ဒါလေးကို အသိပေးချင်တာပါ။ စားတာက အင်းဆက်ပိုးမွှားမျိုးစုံကို စားတယ်။ ငါးသေးလေးတွ ကျွေးကြည့်တာလည်း စားတယ်။ ညကို မီးထွန်းပေးရင် နှံကောင်မျိုးစုံ၊ ပလူတွေပါကျလာတော့ ဖားစာအတွက်အဆင်ပြေတယ်။ အပင်ဖျက်ပိုးတွေကို ဖားကစားတော့ အပင်ဖျက်ပိုးတွေ နည်းသွားပြီး စိုက်ပျိုးရေးအတွက်လည်း အထောက်အကူပြုစေပါတယ်။

ဟု ဦးကျော့စိုးက ဆက်လက်ပြောသည်။

    ဒေသဖားများသည် မွေးမြူရေးဖားများဖြင့် သဘာဝမတူညီဘဲ လွတ်လပ်မှုကို ကြိုက်နှစ်သက်ခြင်း၊ ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ သန်မာကြံခိုင်ခြင်းတို့ ရှိသဖြင့် သဘာဝအတိုင်းမွေးမြူရကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်