ပထမဆုံးစိုက်ပျိုးချိန်တွင် ဝဥရွက်သီးထက် မျိုးဥများဖြင့် စတင်သင့်

19/06/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဝဥပင် ပထမဆုံးစတင်စိုက်ပျိုးချိန်တွင် ဝဥ ရွက်သီးထက် ဝဥမျိုးဥများကို မျိုုးအဖြစ် ရွေးချယ်အသုံးပြုသင့်ကြောင်း စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။

ဘာကြောင့်လဲဆိုတော့ မျိုးဥနဲ့စစိုက်ရင် တစ်နှစ်(တစ်မိုး)လွန်ရင် ရောင်းလို့ရပါပြီ။ ဝဥပင်ကရတဲ့ အသီး (ရွက်သီး) ဆိုရင် ပျိုးထောင်ပြီး (၂)နှစ်ကြာမှ ရောင်းတန်းဝင်တယ်။ နှစ်ဥ (ပျိုးထောင်ပြီး ရွက်သီး) ကတော့ တစ်မိုး (သို့မဟုတ်) တစ်ရာသီနဲ့တင် ရောင်းတန်းဝင်ပါတယ်။

ဟု ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့မှ စီးပွားဖြစ်ဝဥစိုက်ပျိုးသူ ဦးကီးထန်း က ပြောသည်။

    မျိုးသီးဖြင့် စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးမယ့်နှစ်မှာ တစ်ဧကစိုက်ပျိုးစရိတ် ကျပ် သိန်း (၄၀) ဝန်းကျင် ကုန်ကျပြီး၊ မျိုးဥဖြင့် စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးမယ့်နှစ်မှာ တစ်ဧက စိုက်ပျိုးစရိတ် ကျပ်(၅၅)သိန်းခန့် ကုန်ကျနိုင်ကြောင်း သိရသည်။ 

တစ်ဧက စိုက်ပျိုးစရိတ်ကတော့ မျိုးသီးနဲ့ မျိုးဥမတူပါဘူး။ ပထမနှစ်မှာ ကုန်ကျစရိတ် များပါတယ်။ နောက်နှစ်တွေဆိုရင်တော့ ကုန်ကျစရိတ် နည်းသွားမှာပါ။

ဟု ဦးကီးထန်း က ဆက်လက်ပြောသည်။

    ဝဥပင်ကို နှစ်စဉ် မတ်လမှ မေလအတွင်း စိုက်ပျိုးလေ့ရှိပြီး၊ ပင်ကြား တန်းကြား (၂.၅x၃) ပေ အကွာထား၍ စိုက်ပျိုးလေ့ရှိသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်