ကင်ပွန်းချဉ် စိုက်ပျိုးနည်း

09/01/2018 14:44 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကင်ပွန်းချဉ်မျိုး တစ်မျိုးတည်းသာရှိပြီး မူရင်းဒေသကိုတော့ မှတ်တမ်းတင်ထားခြင်း မတွေ့ရှိပါ။
မြန်မာအမည်မှာ ကင်ပွန်းချဉ်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Soap Pod ဖြစ်သည်။ ရုက္ခဗေဒ အမည်အားဖြင့် Acacia concinna ဖြစ်ပြီး MIMOSACEAE မျိုးရင်းတွင် ပါဝင်သည်။

စိုက်ပျိုးသည့်ဒေသ

ရှေးယခင်က ခြံစည်းရိုးတန်းအဖြစ်စိုက်ပျိုးပြီး အညွန့်ခူးရောင်းချကြသည်။ ယခုအခါ ကင်ပွန်းချဉ်ကို စီးပွားဖြစ် အခင်းလိုက်စိုက်ပျိုးလာကြပြီး အညွန့်ထွက်အောင် ပြုပြင်ပေးကြသည်။ ဒေသမရွေးစိုက်ပျိုးနိုင်ကြသည်။

ရေမြေရာသီဥတု

မိုးများသော အောက်မြန်မာနိုင်ငံတွင် ကောင်းစွာဖြစ်ထွန်းသည်။ အထက်ပိုင်းတွင်လည်း ရေစနစ်တကျ ပေးနိုင် ပါက ဖြစ်ထွန်းနိုင်ပါသည်။ မြေဆွေဓာတ်များသော သဲနုန်းမြေ၊ နုန်းမြေစေးများတွင် ဖြစ်ထွန်းသည်။ ရေဝပ်ခြင်းကို မကြိုက်လို့ ရေကောင်းစွာထုတ်ပေးရန်လိုအပ်သည်။

စိုက်ခင်းမြေပြုပြင်ခြင်း

မြေထုပ်စီးထားသော ကင်ပွန်းချဉ်ကို မြေမချမီတစ်ပတ်ခန့်အလိုတွင် စိုက်ခင်းမြေပြင်ရမည်။ စိုက်ခင်းနေရာကို မြက်ပြောင်အောင်ရှင်း၍ နွားထွန်ဖြင့်သော်လည်းကောင်း၊ ပေါက်ပြားဖြင့်လည်းကောင်း မြေလှန်ပေးရမည်။ ပြီးနောက် မြေကို ညီညာအောင် ပြန်ညှိထားရမည်။

စိုက်ပျိုနည်း

မြေထုပ်စီးထားသော ကင်ပွန်းချဉ်ကိုင်းကို မြေလုံးမပျက် အုန်းဆံမခွာပဲ စိုက်ရပါမည်။ စိုက်ပျိုးရာတွင် တန်းကြား ၆ ပေ၊ ပင်ကြား ၃ ပေခြား၍ အကိုင်းကြီးလျှင် မြေအနက် ၆ လက်မ ၊ အကိုင်းသေးလျှင် ၄ လက်မ မြှုပ်၍ စိုက်သည်။ မြေထုပ်စီးကိုင်းကို မတ်မတ်ထောင်နေအောင်စိုက်ရသည်။ ပြီးနောက် အပင်ရင်းတွင် မြေကို ၄ လက်မခန့် မြင့်အောင်ဖုံးပေးပြီး မြေမဟာစေရန် လက်ဖြင့် ဖိပေးရသည်။ 

မိုးပြတ်သွားပါက (၃)ရက်ခန့်ဆက်တိုက် နေ့စဉ် တစ်နေ့တစ်ကြိမ် ရေလောင်းပေးရန်လိုသည်။

မျိုးပွားနည်း

မြေထုပ်စည်းနည်းဖြင့် မျိုးပွားကြသည်။ စိုက်ချိန်ပေါ်မူတည်၍ တစ်လခန့် ကြိုတင်ပြီး မြေထုပ်စီးကြသည်။ ထို့ကြောင့် ကင်ပွန်းချဉ်ကို ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မြေထုပ်စီးကြသည်။ မြေထုပ်စီးပြီး (၂၁) ရက်တွင် အမြစ်စထွက်ပြီး (၇) ရက်ခန့်တွင် အကိုင်းဖြတ်စိုက်နိုင်သည်။ တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း၊ အစေ့ကို ပျိုးထောင်ခြင်းဖြင့်လည်း မျိုးပွားနိုင်သည်။ အစေ့စိုက်အပင်သည် အညွန့်ထွက်နိုင်ရန်ကြာသဖြင့် ထိုနည်းကို အသုံးမပြုပဲ မြေထုပ်စီးနည်းကိုသာ အသုံးပြုကြသည်။ 

မြေဩဇာကျွေးနည်း

ကင်ပွန်းချဉ်စိုက်ပျိုးပြီးစအခင်းတွင် စိုက်ပြီး (၃) ပတ်မှ တစ်လအတွင်း (၁၀)လံမြောင်း တစ်မြောင်းလျှင် ယူရီးယားဓာတ်မြေဩဇာ နို့ဆီဘူးဝက်ခန့် ကျွေးကြသည်။ ထို့ပြင် စိုက်ပြီးစ အခင်းတွင် နိုဝင်ဘာလလျှင် (၁၀)လံ မြောင်းတစ်မြောင်းကို နွားချေးဆွေးခွဲတောင်း (၁၀) တောင်းခန့်ကျွေးပေးသည်။ နွားချေးဆွေးကျွေးရာတွင် ဘောင်ခွဲပြီးကျွေးရသည်။ မြေပြန်ဖုံးပေးရသည်။ ဘောင်ခွဲရာတွင် အပင်အမြစ်များမထိခိုက်အောင် ဂရုစိုက်ရ သည်။ ရွက်နုထွက်ရန်အတွက် အကိုင်းချိုင်ပြီးသည်နှင့် မြေဩဇာကျွေးရသည်။

အပင်ပြုပြင်ခြင်း

အပင်များကို (၄) ပေခန့် အမြင့်ထားပြီး လုံးဝိုင်းပုံဖြစ်သွားအောင် အကိုင်းများကို ချိုင်ပေးရသည်။ အရွက်ပြောင် အောင်လည်း ချွေပေးရသည်။ ရွက်ကြမ်းချသည်ဟုခေါ်သည်။
စိုက်ခင်းတွင် အကိုင်းချိုင်ပြီးသည်နှင့် မြေဩဇာကျွေးပြီး ရေဝအောင်လောင်းပေးရသည်။ ငုတ်တက်စိုက်ခင်းတွင် အကိုင်းချိုင်ပြီး (၁၅)ရက်တွင် အညွန့်သစ်များထွက်သည်။ (၄) ပေအမြင့်ထားပြီးချိုင်သောစိုက်ခင်းသည် (၃) ပတ်ခန့်ကြာလျှင် အညွန့်သစ်ထွက်လာသည်။ အကိုင်းချိုင်ခြင်းကို တစ်နှစ်လျှင်တစ်ခါ နိုဝင်ဘာလတွင် ပြုလုပ်ပေးကြသည်။

ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း

မြေဩဇာ အပြည့်အဝကျွေးပြီး ရေအပြည့်အဝလောင်းပေးလျှင် (၅) ရက်တစ်ကြိမ်ခန့် ဆွတ်ခူးနိုင်သည်။ အညွန့် ခူးခြင်းကို တစ်နွေလုံးခူးနိုင်ပြီး အောက်တိုဘာလတွင် မခူးပဲ (၂) လခန့် အနားပေးကြသည်။

ကင်ပွန်းချဉ်အညွန့်ကိုခူး၍ စီးပွားဖြစ်စိုက်ပျိုးရောင်းချသော စိုက်ခင်းများတွင် အသီး သီးသည်အထိ မထားပါ။ ကင်ပွန်းချဉ်အသီးကို အမျိုးသမီးများ ခေါင်းလျှော်ရည်တွင် လျှော်ခေါက်နှင့်အတူ ထည့်ပြုတ်ပြီး သုံးလေ့ရှိကြသည်။ တစ်ဧက တစ်ခါခူးလျှင် ကင်ပွန်းချဉ်အစီးပေါင်း (၁၂၀၀) ခန့်ရနိုင်ပါသည်။ (၅) ရက်တစ်ကြိမ်ကျ ခူးသဖြင့် တစ်ဧကစိုက်ခင်းမှ တစ်လလျှင်အစီးပေါင်း (၇၂၀၀၀) ခန့်ရနိုင်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်