ရာသီဥတုပြောင်းလဲခြင်းက မြေဆီလွှာအပေါ် ဘယ်လိုအကျိုးသက်ရောက်လဲ..(အပိုင်း - ၁)

25/06/2024 13:35 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ကမ္ဘာကြီးပူနွေးစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ယခုအခါ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်မြင့်မားမှုကို လျှော့ချရန် ကာဗွန်ကိုလက်ခံသိမ်းထားနိုင်သော စိုက်ပျိုးမြေများအပေါ်မှာ အာရုံစိုက်လုပ်ဆောင်လာကြသည်။ ရာသီဥတု ပြောင်းလဲမှုများသည် မြေကြီးကို ပျက်စီးဆုတ်ယုတ်စေသော အကြောင်းအရင်းများထဲက တစ်ခုဖြစ်သည်။ ထို့ကြောင့် ပျက်စီးဆုတ်ယုတ်သွားသော မြေများကို ပြုပြင်ရန် အထူးတလည်လိုအပ်သည်။

ရာသီဥတုလိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်များသည် အချိန်အတိုင်းအတာတစ်ခုအထိ မြေမျက်နှာပြင် (၀-၁၀ စင်တီမီတာ) ၌ ကာဗွန်ကို သိုလှောင်နိုင်စွမ်းရှိသည်။ ရေရှည်မြေစီမံခန့်ခွဲမှုသည် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော နည်းစနစ်များ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရေရှည်မြေစီမံခန့်ခွဲမှုတွင် လူတို့၏ အကျိုးစီးပွားကို တိုးမြင့်စေပြီး မြေအရင်းအမြစ်မှပေးသော ဂေဟစနစ်ကို တိုးတက်ကောင်းမွန် စေသော စီမံခန့်ခွဲမှုများပါဝင်သော မြေအသုံးချမှုစနစ်များပါဝင်သည်။

ရေရှည်မြေစီမံခန့်ခွဲမှုတွင် မြေကြီးတိုးတက် ကောင်းမွန်စေရန်အတွက် သဘာဝမြေဆွေးပါဝင်မှုသည် အဓိကကျသည်။ ထို့အပြင် မြေကြီး၏ ကာဗွန်ဖယ်ထုတ်နိုင်သည့်စွမ်းအားကို ပို၍ အာရုံစိုက်စီမံခန့်ခွဲ လုပ်ဆောင်လာကြသည်။ သဘာဝသစ်တောမြေနှင့် စားကျက်မြေများကို သီးနှံစိုက်ပျိုးသော မြေအဖြစ် ကာလရှည်ကြာပြောင်းလဲမှုသည် မြေကြီး၏ သဘာဝပစ္စည်းပါဝင်မှုပမာဏကို (၄၂)% နှင့် (၅၉)% ကျဆင်းကြောင်း စတော့မန်းနှင့် အပေါင်းပါက ၂၀၁၃ ခုနှစ် (Stockmann et al. 2013) တွင် ရေးသားတင်ပြခဲ့သည်။ 

၁၇၅၀ မှ ၂၀၀၇ အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်သည် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသော အဓိက အကြောင်းရင်းဖြစ်ပြီး အကျိုးဆက်ဖြင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ မြေကြီးသည် ကာဗွန်၏ အဓိက လက်ခံ (sink) ဖြစ်ပြီး အပင်က ထိန်းသိမ်းထားနိုင်သော ကာဗွန်ထက် (၄) ဆ၊ လေထုက စုပ်ယူထားနိုင်သော ကာဗွန်ထက် (၂) ဆ သိုလှောင်ထားနိုင်သည်။ 

ကာဗွန်နှင့် နိုက်ထရိုဂျင်သည် မြေကြီးအော်ဂဲနစ်ပစ္စည်း၏ အဓိကပါဝင်ပစ္စည်းဖြစ်သည်။ မြေသားတည်ဆောက်ပုံ၊ ရေထိန်းသိမ်းနိုင်စွမ်းအား၊ ဓာတ်ဖိုဖလှယ်နိုင်စွမ်းအားနှင့် အာဟာရဓာတ်မျှဝေပေးသည့် စနစ်ကဲ့သို့ မြေကြီး၏ ဂုဏ်သတ္တိများကို မြေကြီးအော်ဂဲနစ်ပစ္စည်းက များစွာ လွှမ်းမိုးလျက်ရှိသည်။ အော်ဂဲနစ်ပစ္စည်းပါဝင်မှုများသော မြေကြီးက ပို၍ ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အတွင်း သီးနှံများထုတ်လုပ်ခြင်းကြောင်း အန္တရာယ်ဖြစ်စေသော ဓာတ်ငွေ့ထုတ်လုပ်မှုကို လျော့နည်းစေကာ မြေကြီး-သီးနှံသဟဇာတဖြစ်မှုတိုးမြင့်စေရန်အတွက် ရေရှည်စိုက်ပျိုးထုတ် လုပ်နိုင်သော နည်းလမ်းများသည် မရှိမဖြစ်လိုအပ်သည်။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေး၏ အဓိကအချက်ဖြစ်သော ရေရှည်မြေစီမံခန့်ခွဲမှုသည် မြေကြီး သီးနှံ ဆက်နွှယ်ချက်ကို ကောင်းမွန်စေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချကာ စိုက်ပျိုးရေးကြောင့် ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေပါသည်။ ထို့အပြင် မြေကြီး၏ ကာဗွန်သိုလှောင်နိုင်စွမ်းအားကို တိုးမြင့်ကောင်းမွန်စေသည်။ ရေရှည်မြေစီမံခန့်ခွဲမှုသည် သဘာဝတရားကြီး ၏ ဝန်ဆောင်မှုများကို တိုးမြင့်စေပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားကို တိုးမြင့်ကောင်းမွန်စေသည်။ ကာဗွန်ထိန်းသိမ်းသည့် နည်းလမ်းများအသုံးပြုခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းခြင်း၊ ကာဗွန်သိုလှောင် ခြင်းစသည့် အကျိူးအမြတ် (၃) ခုကို ရေရှည်မြေစီမံခန့်ခွဲမှုမှ ရရှိနိုင်သည်။ ဥပမာ-သစ်တောမြေနှင့် စားကျက်မြေများသည် မြေထဲတွင် ကာဗွန်ကို များစွာသိုလှောင်နိုင်စွမ်းရှိသည်။ 

ပင်ကြွင်းပင်ကျန်မီးရှို့ခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ ထွန်ယက်စိုက်ပျိုးခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ သစ်တောပြုန်းတီးခြင်း (ကာဗွန်ဒိုင်အောက် ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ ရွှံ့မြေတူးဖော်ခြင်း (ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း)၊ ထိန်းချုပ်မှုမရှိသော လွှတ်ကျောင်းခြင်း  (ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်ထုတ်လွှတ်ခြင်း) ကဲ့သို့သော စိုက်ပျိုးနည်းစနစ်များသည် ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဖြစ်ပေါ်စေသည်။

မြေအသုံးချမှုအတွက် မြေကြီးအတွင်း ကာဗွန်ပမာဏသည် အခြေခံအကျဆုံးအရင်း အမြစ်ဖြစ်ပြီး မြေအသုံးချမှုစီမံခန့်ခွဲမှုနည်းလမ်းများ၏ အဓိကသော့ချက်ဖြစ်သည်။ တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူခြင်းနည်းလမ်းများသည် မြေအရည်အသွေးတိုးမြင့်ခြင်း၊ မြေတိုက်စားမှုထိန်းချုပ်ခြင်း၊ ရေစီမံခန့်ခွဲခြင်း၊ မြေဩဇာစီမံခန့်ခွဲခြင်းအပေါ်မှာ ကောင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သမားရိုးကျနည်းလမ်းများကို ပြန်လည်ပြုပြင်သည့်နည်းလမ်းများအနေဖြင့် ပိုမိုအသုံးပြုလာကြသည်။ မြေကြီးအတွင်းမှာရှိသော ကာဗွန်များသည် အော်ဂဲနစ်များ၏ အစိတ်အပိုင်းများဖြစ်၍ သဘာဝ၊ သီးနှံဂေဟစနစ်နှင့် မြေ၏အရည်အသွေးပေါ်မှာ များစွာလွှမ်းမိုးမှုရှိသည်။

စိုက်ပျိုးမြေအများစုသည် လုံးဝမစိုက်ပျိုးထားသော မြေ (တစ်ကီလိုဂရမ်တွင် ၁၅ မှ ၂၀ ဂရမ် အော်ဂဲနစ်ကာဗွန်ပမာဏရှိ) နှင့်နှိုင်းယှဉ်လျှင် တစ်ကီလိုဂရမ်တွင် ၅ ဂရမ်ထက်နည်းပြီး မြေကြီး၏ အော်ဂဲနစ်ကာဗွန်ပမာဏပါဝင်သည်။ စိုက်ပျိုးမြေမှ ကမ္ဘာလုံးဆိုင်ရာမြေကြီး၏ ကာဗွန်ပမာဏဆုံးရှုံးမှုသည် ၅၀ ဂစ်ဂါတန် (၁ ဂစ်ဂါတန်= ၁ ဘီလီယံတန်) ပမာဏရှိသည်။ ဤဆုံးရှုံးသွားသော ကာဗွန်၏ ပမာဏအချို့ကို ရေရှည်မြေစီမံခန့်ခွဲသော နည်းလမ်းအားဖြင့် ပြန်လည်ဖြည့်တင်းရယူနိုင်သည်။ 

အမြစ်နက်နက်ဆင်းသော သီးနှံများနှင့် စားကျက်သီးနှံများသည် မြေကြီးအတွင်း ကာဗွန်ပမာဏကို ပို၍ ပွားများစေသည်။ လေထုထဲမှ ကာဗွန်ဖယ်ထုတ်ခြင်းကို မြေကို ထိန်းသိမ်းပြုပြင်သည့်ထွန်ယက်စိုက်ပျိုးနည်း၊ ပင်ကြွင်းပင်ကျန်ဖုံးအုပ်ခြင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ စုပေါင်းအာဟာရနှင့် ရေစီမံခန့်ခွဲခြင်းတို့ဖြင့် လုပ်ဆောင်နိုင်သည်။

ဤတိုးတက်သောမြေစီမံခန့်ခွဲမှု နည်းလမ်းများသည် လယ်သမားများ၏ မြေကြီးအတွင်း ကာဗွန်ပမာဏကို တိုးတက်ကောင်းမွန်စေပြီး သီးနှံအထွက်နှုန်းကို တိုးတက်ကောင်းမွန်စေသည်။ ကျေးလက်ဆင်းရဲမွဲတေမှုကို လျော့နည်းစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချစေပြီး အကျိုးဆက်အားဖြင့် ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေသည်။ 

Reference

IPCC. (2007). Forster, P., Ramaswamy, V. P., Artaxo, T., Berntsen, R., Betts, D. W., Fahey, J., Haywood, J., Lean, D. C., Lowe, G.,Myhre, J.,Nganga, R., Prinn, G., Raga, M., Schulz., &

Dorland, R. Van. Changes in Atmospheric constituents and in radiative forcing. In Climate

change 2007, The physical science basis. Contribution of working group I to the fourth

assessment report of the Intergovernmental Panel on Climate Change [Solomon, S., D. Qin,

M. Manning, Z. Chen, M. Marquis, K. B. Averyt, M. Tignor, & H. L. Miller (Eds.). Cambridge

University Press.

Stockmann, U., et al. (2013). The knowns known unknowns and unknowns of sequestration of soil organic carbon. Agriculture, Ecosystems and Environment, 164, 80–99.

World Bank. (2010). Deep wells and prudence: Towards pragmatic action for addressing groundwater overexploitation in India. DC, World Bank. Online: http://siteresources.worldbank.org/INDIAEXTN/

Lal, R. (2004). Soil carbon sequestration impacts on global climate change and food security.

Science, 304, 1623.

Lal, R. (2011). Sequestering carbon in soils of agroecosystems. Food Policy, 36, S33–S39.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်