ပဲနို့ရည်၊ ပဲပြား ကိုယ်တိုင်ပြုလုပ်မယ်

24/01/2018 15:25 PM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပဲပုပ်ကို အသုံးပြုပြီးတော့ ပဲနို့ရည်နှင့် ပဲပြားပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဈေးကွက်မှာ တွေ့နေရတဲ့ ပဲနို့ရည်တွေ ပဲပြားတွေရှိပေမယ့် ကိုယ်တိုင်ပြုလုပ်တဲ့အရာလောက်တော့ သန့်ရှင်းသပ်ရပ်မှု့၊ ကျန်းမာရေးနဲ့ ညီညွတ်မှု့အတွက် အာမခံချက်ပေးနိုင်ရဲ့လား စဉ်းစားရပါမယ်။ အိမ်ရှင်မများ သိတဲ့ အတိုင်း ပဲပြား၊ မုန့်ဖတ် စတာတွေမှာ တာရှည်ခံအောင် ဖော်မလင်သုံးထားတာတွေ တွေ့ရတဲ့အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ကလည်းရှောင်တခင် ဝင်ရောက်စစ်ဆေးမှု့ တွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ပဲနို့ရည်နဲ့ ပဲပြားဟာဆိုရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး လူကြီး လူငယ်မရွေး ကြိုက်နှစ် သက်တဲ့ အစားအစာလည်းဖြစ်ပါတယ်။ ဆိုတော့....ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင့်လတ်ဆတ်တဲ့ ပဲနို့နို့ရည်နဲ့ ပဲပြားကို ကိုယ်တိုင်ပြုလုပ်စားသုံးမယ်ဆို ပိုမကောင်းဘူးလား။

ပဲနို့ရည် ပြုလုပ်နည်း

လိုအပ်သောပစ္စည်းများ
- ပဲပုပ်စိမ်ရန်ဇလုံကြီး (၂ )လုံး
- ကြိတ်စက်
- အရည်ခံရန် ဇလုံလတ်(၁)လုံး
- ပုဝါပါး/ ပိတ်စိမ်းပါး ( ၂)ခု
- ပဲနို့ရည်ထည့်ရန် ပုလင်း+ အဖုံး
- ပဲနို့ပုလင်းများပိုးသန့်ရန် ဒယ်အိုးကြီး (၁)လုံး
- ပဲနို့ရည်ကြိုရန် ဒန်အိုး (၁)လုံး (၁၀ လီတာဆန့်)
- ပုလင်းများ အဖုံးပိတ်ရန် ပိတ်စက်
- Shrink plastic (ပုလင်းအဖုံးနှင့်အညီထည့်ရန်)
- အပူခံကေတာ့
- ပဲနို့ရည်ကြိုရန် ယောက်ချိုဇွန်း (၁) ချောင်း
- ဇကော (၁)ချပ်
- ပဲပုပ်စေ့ (၁) ပြည်
- ဆွမ်းမွှေးရွက်
- ရေသန့် (၅)လီတာ

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပဲပုပ်စေ့များကို သန့်စင်စေရန် စကောတွင်ထည့်၍ ပိုးကိုက်များ သဲ၊ ခဲများမပါစေရန် ရွေးချယ်သန့်စင် ပါ။
၂။ သန့်စင်ပြီးပဲပုပ်စေ့များကို ရေဆေး၍ ရေ (၄) ဆ မှ (၆)ဆထည့်၍ တစ်ညအိပ်ရေစိမ်ပါ။
၃။ ရေစိမ်ထားသော ပဲပုပ်များကို အခွံချွတ်ပါ။
၄။ အခွံချွတ်ပြီးပဲပုပ်များကိုရေ (၂) ဆရော၍ကြိတ်ပါ။ ကြိတ်စက်တွင် အနှစ်နူးလာသည်အထိ ကြိတ်ပါ။
၅။ ကြိတ်ပြီးပဲပုပ်ဖတ်များကို ပိတ်ပါးစဖြင့်စစ်ယူပါ။ လိုအပ်ပါက ရေ (၁)ဆ ထပ်မံထည့်၍ စစ်ပါ။
၆။ အရည်များကို အိုးသန့်သန့်တွင်ထည့်၍ (၈၀ - ၈၂) ဒီဂရီစင်ဒီဂရိတ်အထိ အပူပေးပါ။ (၂၀) မိနစ်ခန့် အပူပေးပါ။ ချခါနီးတွင် ဆွမ်းမွှေးရွက်ထည့်ပါ။
၇။ အပူပေးထားသည့်အရည်များကို ပိုးသန့်စင်ပြီးသော ပုလင်းတွင်ထည့်၍ အဖုံးဖုံးပါ။
၈။ အဖုံးကို Shrink plastic ဖြင့်အုပ်၍အပူပေးပါ။
၉။ သောက်သုံးရန်အသင့်ဖြစ်သော ပဲနို့ကိုရရှိပါမည်။
✲ ၎င်းပဲနို့ရည်ကို ရေခဲသေတ္တာတွင် ထည့်ထားပါက (၄) ရက်အထိ အထားခံပါသည်။

ပဲပြားပြုလုပ်နည်း

ပါဝင်ပစ္စည်းများ
၁။ ပဲနို့ရည် (၂) လီတာ
၂။ ပုံစံခွက်
၃။ ပိတ္ပါးစ
၄။ ကယ်ဆီယမ်ဆာလဖိတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (10)g (သို့) မဂ္ဂနီဆီယမ်ကလိုရိုက် လက်ဖက် ရည်ဇွန်း ၁ ဇွန်း (5) g

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပဲနို့ရည်ကိုအပူပေးပါ။ ဆူပွက်ပြီးနောက် အပူချိန်ကို (၇၀ - ၈၀) ဒီဂရီစင်ဒီဂရိတ်အထိ ရောက်အောင် ပြန်ထားပါ။
၂။ ကယ်ဆီယမ်ဆာလဖိတ် (သို့) မဂ္ဂနီဆီယမ်ကလိုရိုက်ကို ရေနွေးနွေးဖြင့်ဖျော်ပါ။
၃။ ပဲနို့ရည်ထဲသို့ ဖျော်ပြီးဆေးရည်ထည့်ပါ။ ဖြေးဖြေးမွှေပေးပါ။ အဖတ်ဖတ်များကျလာပါမည်။
(၁၅ -၂၅) မိနစ္ထိ ေမႊေပးပါ။
၄။ အဖတ်များကျလာသော ပဲနို့ရည်ကို ပုံစံခွက်တွင် ပိတ်ပါးစခံ၍ လောင်းထည့်ပါ။
၅။ အပေါ်မှ အလေးတစ်ခုခုဖြင့် ဖိထားပါ။ (၂၀-၃၀) မိနစ် ကြာသောအခါ အလေးကိုဖယ်ပေးပါက ပုံစံခွက်တွင် ပဲပြားအတုံးလေးကိုများ ရရှိမည်ဖြစ်ပါသည်။
၆။ ပဲပြားတုံးများကို ရေအေးအေးဖြင့်ထည့်၍ ရေခဲသေတ္တာတွင်သိုလှောင်ထားပါ။ ရေခဲသေတ္တာတွင် သိုလှောင်ထားစဉ်အတွင်း နေ့စဉ် ရေအေးလဲပေးပါ။

Thet Thet Nwe 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်