ဆော့ဝဲထဲက အထူးအစီအစဉ် (၂၁)

11/01/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါဦးကြီးတို့..

ခုချိန်က ကုလားပဲတွေလည်းစိုက်ပျိုးထားရောပေါ့

ကုလားပဲနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေ အစိမ်းရောင်လမ်းမှာရော ဖတ်ဖြစ်လားဦးကြီးတို့..

ဒီတစ်ပတ်မှာ ဆွေးနွေးသွားချင်တဲ့အကြောင်းအရာလေးကတော့ “ကုလားပဲ ပင်ညှိုးရောဂါ(Wilt)” အကြောင်းလေးပါ

အစိမ်းရောင်လမ်းမှာတင်ထားတဲ့ ဆောင်းပါးတွေထဲက တစ်ပုဒ်ပေါ့။ စာတန်းကိုနှိပ်လိုက်မယ်ဆိုရင် ဆောင်းပါးဖတ်ရှူလို့ရပါတယ်နော်။

ဒီတော့...အဲ့ဆောင်းပါးကိုအရင်ကရောဖတ်ဖြစ်လား? ဖတ်ဖြစ်တယ် လေ့လာဖြစ်တယ် ဆိုရင်တော့ အဲ့ဆောင်းပါးဆီက ဘယ်လိုအကြောင်းအရာလေးတွေ မှတ်မှတ်ရရရှိတယ်ဆိုတာလေး ဆွေးနွေးပေးသွားကြပါဦး။ 

ကိုယ်စိတ်ထဲမှာမှတ်သားမိသလို ပေါ့ပေါ့ပါးပါးလေးပါပဲနော်…

ဆွေးနွေးပေးသွားတဲ့သူအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ကံထူးသူ ၁၀ ယောက်ကိုလည်းရွေးချယ်ပြီး ဖုန်းဘေပေးသွားမှာပါနော်။

မနက်ဖြန်မှာ ကံထူးသူတွေနဲ့အတူပြန်လာခဲ့ပါမယ်။

ဆွေးနွေးရန်လင့်ကို အောက်မှာနှိပ်ပါ..

ဆော့ဝဲထဲက အထူးအစီအစဉ် (၂၁)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်