အာလူးစိုက်တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် အာလူးအအေးခန်းကို နောင်တရားဒေသ၌ စတင်တည်ဆောက်နေ

27/07/2020 11:00 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အာလူးစိုက်တောင်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် အာလူးအအေးခန်းကို နောင်တရားဒေသ၌ စတင်တည်ဆောက်နေကြောင်း သိရသည်။

“ဒီဒေသရဲ့လိုအပ်ချက်က တန် ၄၀၀၀ ရှိတာပါ။ လောလောဆယ်မှာ တန် ၂၀၀၀ အရင် ဆောက်တာပါ။ အာလူးမျိုးတွေကို ပုံမှန်အတိုင်း ထိန်းသိမ်းထားမယ်ဆိုရင် သုံးလ (ရက်ပေါင်း ၉၀) ထိန်းသိမ်းထားလို့ရတယ်။ အလွန်ဆုံး ရက်ပေါင်း ၁၂၀ ဆိုရင် မြေမှာချစိုက်ရတယ်။ အာလူးမျိုး လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့ဒေသတွေက မှာယူတဲ့အခါ ပေးတဲ့အချိန်နောက်ကျတာ စောနေတာမျိုးတွေ မဖြစ်ဖို့အတွက် ထိန်းသိမ်းထားနိုင်ဖို့ တကယ်လိုအပ်နေတာပါ။ အအေးခန်းဆောက်လိုက်တဲ့အတွက် မျိုးတွေကို တာရှည်ထိန်းသိမ်းလို့ ရသွားမယ်။”ဟု နောင်တရား အာလူးအစုအဖွဲ့ကုမ္ပဏီဥက္ကဌ ဦးခွန်ဆန်းဦး ကပြောသည်။

အဆိုပါ အာလူးအအေးခန်းဆောက်လုပ်ပြီးစီးပါက အာလူးတန် ၂၀၀၀ ကို အေးခဲနိုင်မည်ဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ၏ ဦးဆောင်လမ်းညွန်မှု၊ စန္တားခမ်း နောင်တရား အာလူးအသင်း၏ ပူးပေါင်းဆောင်ရွက်မှု၊ နောင်တရားဒေသနှင့် ပင်လောင်းဒေသရှိ တောင်သူများ လုပ်ငန်းရှင်များ၏ စုပေါင်းပါဝင်မှုတို့ဖြင့် နောင်တရား အာလူးအစုအဖွဲ့ကုမ္ပဏီ (Naung Ta Yar Potato Group Co.ltd.,) မှ ဦးဆောင်တည်ဆောက်ခြင်း ဖြစ်သည်။

“အအေးခန်းစက်ရုံမှာ တပ်ဆင်မယ့် အအေးပေးစက်တွေကို နယ်သာလန်နိုင်ငံကနေ မှာယူတင်သွင်းတာပါ။ အအေးခန်းအကာ panel တွေကိုတော့ ကိုးရီးယားနိုင်ငံကပါ။ နောင်တရားဒေသတွင်းမှာ ရှိတဲ့ တောင်သူအားလုံးအပြင် မြန်မာနိုင်ငံမှာရှိတဲ့ အာလူးစိုက်ဒေသအားလုံးရဲ့ အာလူးစိုက်ပျိုးမှု တိုးတက်လာစေဖို့ အာလူးမျိုး သိုလှောင်နိုင်ဖို့ တာရှည်အထားခံပြီး စျေးကွက်ထိန်းညှိနိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်တာဖြစ်ပါတယ်။ အအေးခန်းစက်ရုံရဲ့ တန်ဖိုးက ကျပ်သိန်း ၂၀၀၀၀ ကုန်ကျမှာပါ။ ဒီလောက်ပမာဏကြီးကို တစ်ဦးတစ်ယောက်ချင်း အင်အားနဲ့ဆို ခဲယဉ်းပေမယ့်လည်း အားလုံးညီညီညွှတ်ညွှတ်နဲ့ ကြိုးစားခဲ့ရပါတယ်။ ပြိုင်တူတွန်းလို့ ရွေ့နိုင်တာပါ။” ဟု ဦးခွန်ဆန်းဦး က ဆက်လက်ပြောသည်။

အဆိုပါ တန်၂၀၀၀ ဆန့် (တန်၅၀၀ ၄ခန်း) အာလူးအအေးခန်းကြီးကို နောင်တရားမြို့၊ ရပ်ကွက်(၃)၊ ကျောင်းကုန်းစုဒေသရှိ ၁၂.၇၇ ဧက ကျယ်ဝန်းသည့် မြေပေါ်၌ တည်ဆောက်နေခြင်း ဖြစ်သည်။

နန်းထက်ထက်ချစ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်