သြဇာသီးစိုက်ပျိုးနည်း

12/08/2020 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အင်္ဂလိပ်အမည်- Sugar Apple, Sweetsop, Custard Apple

    အရသာကောင်းမွန်တဲ့သြဇာသီးကို ကမ္ဘာတစ်ဝန်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပါသည်။ အပူပိုင်းဒေသကို ပို၍နှစ်သက်သည်။ ရေစီးကောင်းပြီး ပူနွေးစိုစွတ်သောမြေမျိုးတွင် ကောင်းစွာဖြစ်ထွန်းသည်။ ရေဝပ်ခြင်းဒဏ်ကို မခံနိုင်ပေ။ မိုးရေချိန်လက်မ (၄၀) ခန့်ရသောဒေသများတွင် ဖြစ်ထွန်းပြီး မိုးရေချိန်လက်မ (၈၀) ထက်ကျော်သော အရပ်ဒေသများတွင် စိုက်ပျိုးရန် မသင့်ပေ။

    ပျိုးထောင်ခြင်း- အစေ့မှပျိုးထောင်ခြင်းနှင့် ကိုင်းဖြတ်ပင်များမှ ပျိုးထောင်ခြင်းဟူ၍ နှစ်နည်းရှိပါသည်။ အစေ့မှပျိုးထောင်ပြီးစိုက်ပျိုးလျှင် အပင်(၆)နှစ်သားတွင် စတင်သီးပြီး (၁၅) နှစ်သားတွင် သီးအားလျော့သွားတတ်သည်။ ကိုင်းဖြတ်၍သော်လည်းကောင်း မြေထုပ်စည်း၍သော်လည်းကောင်း စိုက်ပျိုးပါက (၂-၃) နှစ်သားတွင် အသီးစသီးပါသည်။ အစေ့မှပျိုးထောင်ပါက ပျိုးခင်းတွင် (၁) နှစ်သားအထိထားပြီး ကိုင်းဖြတ်များမှ စိုက်ပျိုးလျှင် ပျိုးခင်းတွင် (၃-၄) လမျှသာထားရှိပြီး စိုက်ခင်းသို့ မိုးဦးရာသီတွင် ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးခြင်း

    စိုက်ကျင်းတစ်ကျင်းနှင့် တစ်ကျင်း ၈ ပေခြား စိုက်ကျင်းအကျယ် တစ်ပေနှင့် ၇ လက်မ၊ အနက် တစ်ပေထားပြီး စိုက်ပျိုးနိုင်ပါသည်။ သက်ကြီးပင်ဖြစ်ပြီး အမြစ်နက်နက်ဆင်းသောကြောင့် မြေအမျိုးအစားပေါ်မူတည်ပြီး ကျင်းကို ကျယ်ကျယ်တူးသင့်ပါသည်။ ကြက်ချေး ၁ ဆ၊ နွားချေး ၁ ဆ၊ စပါးခွံ ၂ ဆ၊ ဖွဲကြမ်း၂ ဆ၊ သစ်ရွက်ခြောက် ၁ ဆတို့ကို မြေဆွေးနှင့် ရေစပ်ထည့်ပြီး စိုက်ကျင်းတွင် သိပ်ထားပါ။ တစ်လလောက်သိပ်ပြီးလျှင် ပျိုးပင်ထည့်စိုက်ရန် အကောင်းဆုံးစိုက်ကျင်းကို ရရှိမှာဖြစ်ပါတယ်။ ပျိုးပင်စိုက်တဲ့နေရာတွင် ပင်ရင်းကို ရေမဝပ်အောင် ခပ်မို့မို့လေးမြေဖုံးပေးပါ။ စောင့်ရှောက်ထိန်းသိမ်းမှု လွယ်ကူစေရန် သြဇာပင်များကို တန်းစီ၍စိုက်ပျိုးသင့်သည်။

မြေသြဇာကျွေးခြင်း

    မြေသြဇာကျွေးမည်ဆိုပါက ပင်ခြေမှ (၂) ပေခွာ၍ အပင်ပတ်လည် မြောင်းဝိုင်းလေးဖော်ပြီး ထည့်သွင်းပေးပါ။ ပန်းများစတင်ပွင့်သည့်နှစ်မှစ၍ နှစ်စဉ် တစ်နှစ်ထက်တစ်နှစ် ပင်ခြေမှ (၆) လက်မခန့်စီပို၍ ကွာဝေးသော မြောင်းဝိုင်းများအတွင်းသို့ မြေသြဇာများထည့်သွင်းကာ ရေလုံလောက်အောင်လောင်းပေးရမည်။ 

    သြဇာသီးက သဘာဝမြေသြဇာများထည့်ပေးနိုင်လျှင် သီးနှုန်းကောင်းပြီး အသီးအရသာပိုကောင်းမွန်ပါသည်။ နွားချေး၊ ကြက်ချေး တစ်ပင်လျှင် ၃ ပိဿာနှုန်းဖြင့် အနည်းဆုံး ၆ လတစ်ကြိမ်ကျွေးပေးပါ။ အဏုဇီဝမြေသြဇာအရည်ကို ပုံမှန်လောင်းပေးရပါမည်။ မြေသြဇာကျွေးရာတွင်လည်း နည်းနည်းနှင့် မကြာမကြာပေးခြင်းသည် အပင်အတွက် ပိုကောင်းမွန်ပါသည်။ 

ရေပေးခြင်း

    အစေ့မှစိုက်သောအပင်များကို နွေရာသီတွင် ရေလောင်းပေးရန် မလိုအပ်သော်လည်း ရံဖန်ရံခါလောင်းပေးရပါမည်။ ရေကို ပုံမှန်လောင်းပေးနေတာမျိုးမဟုတ်ပဲ မြေကြီးအစိုဓာတ်အရ ရေကိုဂရုတစိုက်လောင်းပေးရန် လိုအပ်ပါသည်။ 

အပင်ပြုစုခြင်း

    အပင်အတက်မြန်စေရန် တစ်နှစ်တစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ မြေဆွပေးပါ။ အမြစ်သစ်များထွက်မည့်အချိန်တွင် မိုးရေချိန်နည်းပါက ရေလောင်းပေးရပါမည်။ ကိုင်းပြတ်များ၊ စိုက်၍ကြီးပြင်းလာသော အပင်ကြီးများကို လိုအပ်သလိုပြုပြင်နိုင်ပါသည်။ ကိုင်းဆက် စိုက်ပျိုးထားသောအပင်များတွင် ၂ နှစ်နှင့်သီးလာသော အသီးများကို မယူဘဲ ခြွေချပစ်ပြီး ၃ နှစ်မှ စတင်ယူပါ။ ၅ နှစ်အရွယ်လောက်ဆိုရင်တော့ အသီးလည်းကြီးပြီး ဈေးကောင်းရတဲ့အသီးများ ဖြစ်လာမှာပါ။ 

    မလိုအပ်တဲ့ကိုင်းခြောက် အမှိုက်သရိုက်များကိုဖယ်ရှားပြီး သြဇာပင်ကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးရပါမည်။ မကောင်းသောအသီး၊ အသီးအသေးများကိုခူးပြီး ကောင်းသောအသီးများကိုသာ ချန်ထားပါ။ အသီးများ ပိုးမထိုးအောင် အသီးရင့်ပြီး မမှည့်ခင်တစ်လလောက်အလိုတွင် အိတ်ဖြင့် လိုက်စွပ်ပေးသင့်ပါသည်။ 

ပိုးမွှားရောဂါ

    ဒဏ်ပိုးများသည် ပင်စည်ပေါ်၌ကျရောက်တတ်သည်။ ပိုးကျရောက်လျှင် အသီးအရောင်မှာ ပျက်သွားတတ်သည်။ ပိုးကျရောက်သည့်လက္ခဏာများ တွေ့ပါက ပိုးသတ်ဆေးများဖျန်းပေးနိုင်ပါသည်။

ကိုးကား- သီးပင်စိုက်ပျိုးဝင်ငွေတိုး အောင်ဝင်းထွဋ် စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်