စကားပြောသောစိုက်ပျိုးမြေများ
စိုက်ပျိုးရေးပညာပေးလုပ်ငန်း(Extension)တွင်ပြောဆိုကြသောစကား၊ စိုက်ပျိုးရေးစကားများတွင်မျိုးလို အပ် မှု၊မြေသြဇာသုံးစွဲမှုပိုးမွှားနှင့်ရောဂါကျရောက်မှု၊ကြွက်ငှက်ခရုမြွေဖျက်ဆီးမှုတွေအကြောင်းသာ အပြောများနေကြပြီးအခြေခံကျသော “စိုက်ပျိုးမြေ” ကိုပြောဆိုသူနည်းပါးနေကြောင်းလေ့လာတွေ့ရှိရပသည်။မသိ၍မပြောတာလား ဒါမှမဟုတ် ဒို့ဘာပဲလုပ်လုပ်မြေက ဒို့လိုချင်တာကိုပြန်ထုတ်ပေးနေတာပဲ ဘာမှပူစရာမလို(ပြောစရာမလို) ဟုများထင်မှတ်နေကြသလားဟု မေးလိုပါသည်။တကယ်တော့ဒီကမ္ဘာကြီးအတွင်းသတ္တဝါဟူသမျှတို့သည်ဓါတ်ကြီး(၄)ပါးဖြစ်သော(ပထဝီ၊တေဇော၊အာပေါ၊ဝါယော)တို့ကိုမှီခိုနေကြသကဲ့သို့လူသားအပါအဝင်(သတ္တဝါသက်ရှိအားလုံး)တို့သည်မြေ၊ရေ၊လေ၊မီးတို့မှရရှိသောစွမ်းပကားအပေါ်မူတည်နေကြကြောင်းမေ့များနေသလားဟုဆိုလိုက်ချင်ပါသည်။
၂။ “စိုက်ပျိုးရေးအခြေခံမြေမှန်”
လွန်စွာအရေးကြီးအရေးပါသောစိုက်ပျိုးရေးစကားတစ်ခုဖြစ်ပါသည်။မြေမှန်မြေကောင်းတစ်ခုကိုရယူပိုင်ဆိုင်မှသာလျှင်ယခင်ကဖော်ပြခဲ့ပြီး သော(အခန်း(၁၊၂၊၃) တို့တွင်လေ့လာခဲ့ပြီးသော) မြေဆီ လွှာပြဿနာ ရပ်များမဖြစ်ပေါ်စေဘဲမိမိစိုက်ပျိုးလိုသောသီးနှံကို(Crops requirement) စိတ်ချလက်ချထုတ်လုပ်နိုင်မည်ဖြစ်ပေသည်။ထို့ကြောင့်မြေကောင်း(မြေမှန်) တစ်ခုတွင်ဘာအချက်အလက်တွေပါဝင်သနည်း။သိရှိထားသင့်ပါသည်။(a good soil)ခေါ် မြေကောင်းတစ်ခုတွင်------
(၁) ရေစီးဆင်းမှုကောင်းမွန်ပြီး ၊နွေဦးရာသီတွင်ရေထိန်းထားနိုင်ရမည်။
(၂) သီးနှံများစိုက်ပျိုးပြီးပါက မြေပက်ကြားအက်မှုမရှိစေရ။
(၃) ရွာသွန်းသောမိုးရေများကို ထိန်းထားနိုင်ပြီးစီးဆင်းပျောက်ဆုံးမှုနည်းရမည်။
(၄) ခြောက်သွေ့သောကာလတွင်အစိုဓွတ်ထိန်းနိုင်ရမည်။
(၅) ကျောက်တုံးကျောက်ခဲနှင့်မြေမှာမှုနည်းပါးရမည်။
(၆) ရေလေတိုက်စားမှုနှင့်အဟာရဓါတ်ဆုံးရှုံးမှုလျော့နည်းစေရမည်။
(၇) သက်ရှိအဏုဇီဝများပေါက်ပွားမှုများပြားစေရမည်။
(၈) သီးနှံအထွက်နှုန်းတိုးမြင့်စေရေးအတွက်ဓါတ်မြေသြဇာဖြည့်သွင်းမှုများများမပြုလုပ်ရသေးသောမြေဖြစ်ရမည်။(အထူးသတိထားသင့်ပါသည်။)
(၉) မြေဆီမြေနှစ်ပြည့်ဝပြီးမြေသင်းနံရှိရမည်။
(၁၀) ကျန်းမာကြံ့ခိုင်သောမြေဖြစ်၍အရည်အသွေးမြင့်သောသီးနှံများထုတ်လုပ်ပေးနိုင်ရမည်။(produce healthy,high quality crops production)
၎င်းအချက်(၁၀)ချက်တို့သည်မြေကောင်း(မြေမှန်)တစ်ခု၏ပိုင်ဆိုင်ထားရှိရမည့်လက္ခဏာရပ်များဖြစ်ကြပါသည်။
၃။ မြေဆီလွှာသည် အသက်ရှိသည်။
အင်္ဂလိပ်လိုပြောရရင်Soil is alive ဟုဆိုသည်။၂၄ နာရီရှိတနေ့တာကာလတွင်ကမ္ဘာမြေဆီလွှာများသည်(၈)နာရီတစ်ကြိမ်(တနည်းအားဖြင့်) တစ်နေ့လျှင်(၃)ကြိမ်ပြောင်းလဲမှုဖြစ်ပေါ်နေသည်။ထို့အပြင်အချို့လည်းကြားဖူးပြီးသားဖြစ်ချင်လည်းဖြစ်ပါမည်။အချို့လည်းမကြားဖူးသေးပါကအသစ်အဆန်းဖြစ်ပါမည်။အဲဒါက “Soil is the vital matural resource that is non renewable” ဆိုလိုတာက မြေဆီလွှာဆိုတာပြန်လည်အစားထိုးရှာ၍မရသော သဘာဝအရင်းအမြစ်တစ်ခုဟုအဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဓါတ်ခွဲစမ်းသပ်တွေ့ရှိချက်အရ မြေကုဗပေ(၁၀ဝ)အတွင်းမှမြေနမူနာကိုယူ၍စမ်းသပ်လိုက်သောအခါတွင်
သတ္တုဓါတ် (mireal) ၃၉၀ဝ ပေါင်
အဟာရဓါတ် (Organic matter) ၂၅၀ပေါင်
သက်ရှိအနုဇီဝ (living Organism) ၄-၆ ပေါင် ပေါင်(၅၀ဝဝ)
ရေ (water) ၈၄၄ ပေါင်
လေ(air) ၂၀-၂၅% by volume တွေ့ရှိရမည်။ စုစုပေါင်းအလေးချိန်အားဖြင့်ပေါင်(၅၀ဝဝ)ရှိသည်ဟုဆိုပါသည်။
ထို့ကြောင့်သီးနှံစိုက်ပျိုးကြသူများအတွက်မိမိတို့၏စိုက်ပျိုးမြေများတွင်ဖော်ပြခဲ့သောမြေကောင်းတစ်ခု၏လက္ခများထဲမှပြန်လည်ဆန်းစစ်လျှင်မြေကောင်းတစ်ခု၌ပါရှိရမည့်သတ္တုဓါတ်၊ရုက္ခအဟာရဓါတ်၊သက်ရှိအဏုဇီဝ၊ရေနှင့်လေတို့သည်ညီညွတ်စွာပါဝင်ဖို့အရေးကြီးကြောင်းသိရှိပြီးနောက်သီးနှံမစိုက်မီလိုအပ်သောကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ပါရန် အသိပေးလိုက်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
ခြံကမြေကြီးမှာပုံထဲကပိုကောင်တွေရှိနေတာအပင်တွေရဲကောင်ကြိုဆိုကြိုသိခြင်ပါတယ်သိတဲဆရာများဖြေးပေကြပါ
ဇင်မင်းကို • ဖြေကြားချက် 1 ခု
မဂ်လာပါEM ၁လီတာဗူးကို ၁ဧက အတွက်အကုန်သုံးရမှာလာ ဆေးပုံးတစ်ပုံးကိုဘယ်လောက်ဖျန်းရမလဲဖြေကြားပေးပါ။
bominthu • ဖြေကြားချက် 1 ခု
အိမ်စားဖို့ ဆလပ်ရွက် ၊ ပူစီနံ ၊ ကိုက်လန်၊ ကန်စွန်း၊နံနံ ၊ အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်လေးတွေ ပျိုးထားပါတယ်။ စိုက်ပျိုးဖို့မြေက အဆင်ပြေရဲ့လား ဘာထည့်ပေးရဦးမလဲ သိချင်လို့ပါဆရာ။ မြေကြီးစမ်းသပ်ကြည့်တာကတော့ - အောက်ဆုံးအလွှာ 1.5cm အလယ်အလွှာ 1.4cm အပေါ်ဆုံးအလွှာ 0.6cm စုစုပေါင်းအမြင့် 3.5cm ရှိပါတယ်။ ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျာ။
ကို ငယ် • ဖြေကြားချက် 2 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from ဦးထင်အောင်ရှိန်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....