ကြက်မီးကိုင်ခြင်းအတွက် အဓိကအချက် ၅ ချက် လိုအပ်ပါသည်။ ၄င်းတို့မှာ-
၁။ လိုအပ်တဲ့ အပူချိန်
၂။ လေကောင်းလေသန့် (Oxygen)
၃။ အလင်းရောင်
၄။ အစာ
၅။ သန့်ရှင်းသော သောက်ရေတို့ လိုအပ်ပါသည်။
ကြက်ပေါက်ကလေးများ မီးကိုင်ရာတွင် အကျယ်အဝန်း အလျား ၃ ပေ၊ အနံ ၂ ပေ အတွင်းတွင် ကြက်ပေါက်ကလေး အကောင် ၂၀ မှ ၃၀ အထိ ၃ ပတ် မှ ၄ ပတ် အတွင်း ထားနိုင်ပါသည်။
မီးကိုင်ခန်းတွင်း ကြက်ပေါက်ကလေးများအတွက် အခင်းကို စပါးခွံ သို့မဟုတ် လွှစာမှုန့်ခင်းပေးနိုင်ပါသည်။ ကြက်ပေါက်ကလေး ၃ ရက် မှ ၅ ရက်သားအတွင်းတွင် စပါးခွံအပေါ် မှ သတင်းစာစက္ကူ ခံပေးသင့်ပါသည်။
လျှပ်စစ်အပူချိန်သည် အနီးစပ်ဆုံး ကြက်ပေါက်ကလေးတစ်ကောင်အတွက် ၁ ဝပ် ဖြစ်ပါသည်။ ဥပမာအားဖြင့် ၄၀ ဝပ် မီးလုံးတစ်လုံးသည် ကြက်ပေါက်ကလေး ၄၀ ကောင်အား မီးကိုင်နိုင်ပါသည်။
နေ့စဉ်ပေးရမည့်အပူချိန်
ဒေသကြက်မီးကိုင်စဉ် နေ့စဉ်ပေးရမည့်အပူချိန်မှာ-
၁ ရက်မှ ၃ ရက် = ၃၅ ဒီဂရီ စင်တီဂရိတ်
၄ ရက်မှ ၇ ရက် = ၃၃ ဒီဂရီ စင်တီဂရိတ်
၈ ရက်မှ ၁၄ ရက် = ၃၁ ဒီဂရီ စင်တီဂရိတ်
၁၅ ရက်မှ ၂၁ ရက် = ၂၉ ဒီဂရီ စင်တီဂရိတ်
၂၂ ရက်မှ ၂၈ ရက် = ၂၇ ဒီဂရီ စင်တီဂရိတ်
၂၉ ရက်မှ ၃၅ ရက် = ၂၄ ဒီဂရီ စင်တီဂရိတ်
၃၆ ရက်မှ ၄၂ ရက် = ၂၃ ဒီဂရီ စင်တီဂရိတ်တို့ ရှိရပါမည်။
မီးကိုင်နေစဉ် စိုထိုင်းဆမှာ ၄၀ မှ ၇၀ အတွင်း ဖြစ်သင့်ပါသည်။ အကောင်းဆုံး စိုထိုင်းဆမှာ ၆၀ ဖြစ်ပါသည်။
မှီငြမ်း-အေဘယ် ဒေသကြက်မွေးမြူရေးခြံ။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more