''ဖြစ်လေ့ဖြစ်ထရှိသော ငါးရောဂါလက္ခဏာများနှင့် တစ်နိုင်တပိုင် ကာကွယ်စောင့်ရှောက်ခြင်း''
ငါးသားပေါက်မွေးမြူရာတွင် ရေ၏ အပူချိန် အတိုင်းအတာကို ထိန်းချုပ်တတ်ခြင်းမှာ အရေးပါသကဲ့သို့ ရာသီဥတုကြောင့် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဘယများကိုလည်း သိရှိထားရန် အထူးလိုအပ်သည်။
အအေးပိုင်းကာလများတွင် ငါးများသည် အရေပြားရောဂါနှင့် ဗိုင်းရပ်စ်ရောဂါများ ဖြစ်ပွားတတ်ပြီး၊ ရောဂါဖြစ်ပွားချိန် ယေဘုယျသွင်ပြင် အနေဖြင့်-
(၁) နှုတ်ခမ်းများ ဖြူလာကာ အစာစားနှုန်း ကျဆင်းခြင်း၊
(၂) ဆူးတောင်များ အနီရောင်သန်းလာခြင်း၊
(၃) အရေပြားပေါ်တွင် အနီရောင်အစက်အပျောက်များ ဖြစ်ပေါ်လာခြင်း၊
(၄) အရေပြားပေါ်တွင် မှိုစွဲသကဲ့သို့ အရေပြားများ လန်ပြီး အကွက်လိုက်ဖြစ်ခြင်း စသည့် သွင်ပြင်လက္ခဏာများကို တွေ့မြင်ရနိုင်သည်။
ဆောင်းတွင်းကာလမှာ ငါးသားပေါက်တွေကို ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ဗိုင်းရပ်စ်ရောဂါမျိုးတွေ ကျနိုင်တယ်။ ကျန်တဲ့ရာသီတွေမှာလည်း ဖြစ်တတ်ပေမယ့် အခုလို ဆောင်းတွင်းမှာ ဖြစ်တာက ပိုပြီး ကုသရခက်ပါတယ်။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက္ကံမြို့နယ်ရှိ ငါးသားပေါက် စီးပွားဖြစ် ရောင်းချနေသူ ကိုနေမင်းက ပြောသည်။
ငါးရောဂါများ ကျရောက်ပါက သက်ဆိုင်ရာဆေးဝါးများ သုံးစွဲရသဖြင့် ကုန်ကျစရိတ်များ၍ တွက်ချေမကိုက်နိုင်သဖြင့်၊ ရောဂါပေါက်ဖွားမှု နည်းစေရန် ငါးကန်သန့်ရှင်းရေးကို အဓိကထား ဂရုစိုက်ခြင်းနှင့် ကန်၏ အပူချိန်ကို ထိန်းသိမ်းပေးခြင်းများ ကြိုတင်လုပ်ဆောင်သင့်ကြောင်း သိရသည်။
ရောဂါကျရောက်မှု နည်းနိုင်သမျှ နည်းစေရန်၊ ဆောင်းအကုန်-နွေအကူး ရာသီအကူးအပြောင်းကာလတွင် ငါးသားပေါက် ထည့်သွင်းမွေးမြူခြင်း မလုပ်ပဲ၊ မေလမှ သြဂုတ်လအထိ ကာလများတွင်သာ ငါးမွေးမြူသင့်ကြောင်း ငါးမွေးမြူရေး ကျွမ်းကျင်သူများက ပြောသည်။
ကျွန်တော်တို့ ငါးသားဖောက်လုပ်ငန်းတွေမှာက ဧပြီလမှာ ငါးသားပေါက်တွေ စဖောက်တယ်။ မေလနဲ့ဇွန်လမှာ သားပေါက်တွေကို စရောင်းတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာတော့ ဇွန် ဇူလိုင်လတွေမှ ငါးသားပေါက် စထည့်သင့်တယ်။ အပူပိုင်းဒေသတွေက မိုးနောက်ကျလို့ပါ။
ဟု ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်ရှိ ငါးပုစွန် မွေးမြူရောင်းဝယ်ရေးလုပ်ငန်းမှ ကိုကျော်စွာက ပြောသည်။
နွေရာသီများနှင့် အပူချိန်မြင့်မားသည့် အရပ်ဒေသများတွင် ငါးသားပေါက် စတင်ထည့်သွင်းပါက အပူဒဏ်ကာကွယ်ပြီး ရေ၏အပူချိန် level ကို ညှိယူနိုင်စေရန်-
(၁) ကန်ရေကို အပေါ်ရေ အောက်ရေ လှည့်ပေးခြင်း (သို့မဟုတ်) ရေသစ်ထပ်ဖြည့်ခြင်း။
(၂) မြေကန်ဖြင့် မွေးမြူပါက ငါးကန်အနီး၌ အရိပ်ရအပင်များ စိုက်ပျိုးပြီး အပူဒဏ်ကို ထိန်းပေးနိုင်ခြင်း။ ဥပမာ- ကန်အနီး၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်း။
(၃) တစ်နိုင်တပိုင်သမားများ အနေဖြင့် ငါးကန်ပေါ်တွင် အရိပ်ရစေရန် အမိုးထိုးပေးခြင်း စသည့် လွယ်ကူရိုးရှင်းသော နည်းစနစ်များဖြင့် အပူဒဏ်မှ ကာကွယ်ပေးနိုင်သည်။
နန်းထက်ထက်ချစ်(ABM)
Ni Za Mawi
လွန်ခဲ့သော ၃ နှစ် ကငါးရောဂါကျရင်ဘယ်လိုကုသရမလဲဆိုတာကသိသင့်တယ်
Aung Myo
လွန်ခဲ့သော ၃ နှစ် က၄
Aung Myo
လွန်ခဲ့သော ၃ နှစ် က၄
Aung Myo
လွန်ခဲ့သော ၃ နှစ် က၄
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ပျိုးပင်များကိုစွမ်းထက်EMအရည်များဖြန်းပေးလို့ရမလားဗျ။
U Win Zaw • ဖြေကြားချက် 0 ခု
အီးအမ်1ကိုဘယ်မှာဝယ်လို့ရမလဲအသေးစိတ်ပြောပြပေးပါ
ကျော်မျိုးလှိုင် • ဖြေကြားချက် 3 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
မြေချဉ်ငန် တိုင်းစက် နဲ့ NPK တိုင်းစက် ဘယ်တံဆိပ်လေးတွေကတိတိကျကျ တိုင်းပေးနိုင်လဲခဗျာ ... လမ်းညွှန်ပေးကြပါဦး။ကွမ်းခြံကုန်းမြို့နယ်မှာ ဘယ်နေရာဌာနကို သွားပြီးဓာတ်ခွဲရမှန်း မသိလို့ပါ။ လယ်တွေက ဒီနှစ်တောင် ရောဂါတွေကျနေတာ နောက်နှစ်ပိုဆိုးလာမှာကြောက်လို့ပါ...🙏🙏🙏
မြင့်မြတ် • ဖြေကြားချက် 1 ခု
စပါပင်များကိုရွှေခရုများကိုက်ဖြတ်တက်၍မည်သို့လုပ်ဆောင်ရမ ည်နည်း
U Win Zaw • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022