စိုက်ခင်းများတွင် ငမြှောင်တောင်ပိုး တွေ့ရှိပါက အကြောင်းကြားရန် ထုတ်ပြန်

Photo - ငမြှောင်တောင်ပိုးများ ကိုက်ဖြတ်စားသောက်ထားသည့် စိုက်ခင်းတစ်ခုအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်။ ဓာတ်ပုံ- မှိုင်းဝေ(AMIA)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်အတွင်း သီးနှံဖျက်ဆီးသည့် ငမြှောင်တောင်ပိုးအချို့အား တွေ့ရှိလာသည့်အတွက် မိမိစိုက်ခင်းအတွင်း ငမြှောင်တောင်ပိုးများ ကျရောက်နေသည်ကို တွေ့ရှိပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနများထံ အကြောင်းကြားအသိပေးရန် မိုင်းဖြတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

" ငမြှောင်တောင်ပိုးကို အခုစတွေ့နေပြီ။ အများကြီးတော့ မဟုတ်သေးဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်လာစေဖို့ အသိပေးခိုင်းတာပါ။ ပိုးတွေ့ရင် အကြောင်းကြားပါ။ ကျွန်တော်တို့ လိုက်ကူညီပေးမယ် " ဟု မိုင်းဖြတ်မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးသန်းထွဋ်လွင်က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောပင်စိုက် မိလိုက်ဘပါ"