TOCOM ရော်ဘာစျေးဟာ ငါးလအတွင်း ပြောစမှတ်ပြုလောက်အောင်ထိုးကျခဲ့ပြီး ရှန်ဟိုင်းမှာလည်း ကျနေ

22/04/2017 14:26 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
တိုကျို (ဧပြီ ၁၉  ရက်) : တိုကျို ကမ္ဘာ လုံးဆိုင်ရာရော်ဘာစျေးကွက်များမှ ဧပရယ်လ ၁၉ရက်နေ့ကထုတ်ပြန်လိုက်သည်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့မှာဆိုရင် ရော်ဘာစျေးဟာ ငါးလအတွင်း ပြောစမှတ်ပြုလောက်အောင်ထိုးကျခဲ့ပြီး လေးရာသီမြောက်စျေးကွက်ဆုံးရှုံးမှုအဖြစ် ၁ကီလိုဂရမ်၂၀၀ ထိဘဲပေါက်စျေးရရှိခဲ့ရတဲ့ အကြောင်းရင်းကတော့ စိုက်ပျိူးထုတ်လုပ်သူများက အများအပြားထုတ်လုပ်လိုက်လို့ဖြစ်တယ်ဆိုတဲ့အကြောင်းကို ထုတ်ပြန်သွားခဲ့ပါတယ်။ ရှန်ဟိုင်းရဲ့ရော်ဘာစျေးကွက်ဟာ တရှိန်ထိုးကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
 
ထိုင်းနိုင်ငံရဲ့ ပွဲတော်ဖြစ်တဲ့ ရိုးရာသကြ်န်ပွဲအပေါ်မှာ အားခဲပြီး အများအပြားစိုက်ပျိူးခဲ့ကြတဲ့အတွက်အထွက်မှာလည်း ထင်ထားတာထက်ပိုများများထွက်လာတာကြောင့်လည်း ရှန်ဟိုင်းစျေးကွက်ဟာ ဝယ်လိုအားရောင်းလိုအားပျော့သွားတာဖြစ်ပါတယ်လို့ နစ်ဆန်း အုပ်စုရဲ့ သုတေသနမန်နေဂျာဖြစ်တဲံ ဟီရိုယုကီကိကုကာဝါ ကပြောသွားခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်တဲ့ရော်ဘာဟာ အပင်ကနေအရွက်တွေကြွေတဲ့ ခြောက်သွေ့တဲ့ဆောင်းရာသီမှာတော့ အစေးထွက်နှံူးဟာ ကျဆင်းသွားပါတယ်။ ထိုင်းမှာ ဆောင်းရာသီဖြစ်နေခဲ့ချိန်မှာ အကောင်းဆုံးရော်သာထုတ်လုပ်နိုင်တဲ့အချိန်က ဖေဖော်ဝါရီ ကနေ မေလ လယ်ပိုင်းထိအောင် အစေးခြစ်နိုင်ကြတယ်။
 
 
တိုကျိူကုန်ပစ္စည်းဖလှယ်မှူ့ ကုမ္ပဏီ ဟာဆိုရင် အစေးခြစ်ရာသီအစောပိုင်းမှာ အနိမ့်ဆုံးစျေးဖြစ်တဲ့ တစ်ကီလိုဂရမ်ကို ၂၀၀ ယွမ်ကနေပေးဝယ်ခဲ့တာဟာ ၄ရာခိုင်​နှုန်​း လျော့ပီးဝယ်ခဲ့ရသလို  စက်တင်ဘာလကုန်ခါနီးမှာတော့ ၉.၉ ရာနူန်းထိနဲ့သာ စာချူပ်ချူပ်သယ်ယူခဲ့ရပါတယ်။
 
ရှန်ဟိုင်းစျေးကွက်ရဲ့ အလှုပ်ရှားဆုံးစျေးကွက်ကတော့ တစ်တန်ကို တသောင်းလေးထောင်ရှစ်ရာကျော်ကနေ တသောင်းသုံးထောင့်ကိုးရာ့ငါးဆယ်ကျာ်အထိ လေးရာယွမ် ကျဆင်းသွားခဲ့ပါတယ်။ ကီကုကဝါရဲ့ပြောချက်အရ "ခုဆိုရင် TOCOM ရဲ့စျေးဟာ ၂၀၀ ရှိနေပေမယ့် ရှေ့တစ်ပတ်ထဲမှာ ၁၅၀ ယွမ်ထိ ကျဆင်းသွားမယ့်အနေအထားမှာရှိနေပါတယ်။" လို့ပြောထားပါတယ်။ အကျိူးအမြတ်ရရှိလိုမှုတခုထဲအတွက် ရော်ဘာလုပ်ငန်းထဲကိုခြေစုံပစ်ဝင်လာခဲ့တဲ့ ရင်းနှီးမြ ူပ်နှံသူတွေ ပြန်ထွက်သွားမှဘဲ ရော်သာစျေးလည်းအရင်အတိုင်းပြန်ရောက်ဖို့အခြေအနေရှိပါတယ်´ လို့ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
 
TOCOM အနေနဲ့ အရှေ့တောင်အာရှ မှာရော်ဘာစျေးကို ရှေ့လာမယ့် စက်တင်ဘာမှာစမယ့်ရာသီအတွက်ကို ၁၅၀ ကနေ ၃၇၀ ယွမ်အထိတိုးပေးပြီးဝယ်ပေးနိုင်ပေမယ့် အဲ့ဒီတဝက်တိတိစျေးနဲ့ပေးဝယ်ခြင်းကဘဲ သူတို့ကိုတစ်ဝက်အရှုံးခံနေရပြီဖြစ်ပါတယ်။ ဧပရယ်လရဲ့လာမယ့် တနင်္လာ နေ့မှာတော့ ၂၂၉ ယွမ်အထိပေးပြီးဝယ်မယ့် စာချူပ်ဟာ ကုန်​ဆုံး ပြီဖြစ်ပါတယ်။ ဧပရယ် ၂၄ မတိုင်ခင် စာချုပ်ချုပ်ထားတဲ့အတိုင်း ဝယ်ယူပေးနိုင်ဖို့အပြင် အခြားရင်းနှီးးမြုပ်နှံသူအချို့အတွက်လည်း အခွင်​့အ​ရေး ရရှိစေဖို့အတွက် TOCOM ဟာ ရင်းနှီးမြုပ်နှံသူများနဲ့အချေအတင် ညှိနှိုင်းပေးနေပြီဖြစ်ပါတယ်။
 
ရင်းနှီးမြ ူပ်နှံသူတွေ အနေနဲ့စျေးရုတ်တရက် အတက်အကျဖြစ်နေတာကို ထိန်းဖို့အတွက် ထုတ်လုပ်မှုပမာဏကို အခြေအနေတစ်ခုမှာ ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။
စင်္ကာပူ စျေးကွက်ရဲ့နောက်ဆုံးပေါက်စျေး အရင်နှစ်မေလကတော့ တစ်ကီလိုဂရမ်ကို ၁၅၂ဒေါ်လာဖြစ်ပါတယ်။
 
သတင်းအရင်းအမြစ် - globalrubbermarkets.com

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်