"ရာသီစာ……… မျှစ်တာလပေါ့(ခေါ်) မျှစ်သောက်ဆမ်း"
မိုးရာသီရောက်ပြီဆို မျှစ်နုနုလေးနဲ့ မှိုမျိုးစုံရယ်က ရာသီစာလို့ ပြောလို့ရပေသည်။ ရာသီစာမျှစ်တာလပေါ့ဟင်းချက်မည်ဆိုပါက ဝါးပိုးမျှစ်လို မျှစ်အမျိုးအစားကို ရွေးဝယ်ရပါသည်။ အပေါ်အခွံအရင့်တွေကို များများလှီးထုတ်ပြီး နုနုလေးတွေကိုပဲ ပါးပါးလှီးပြီးပြုတ်ပါက လတ်ဆတ်ပြီး အရမ်းချိုပါသည်။
တာလပေါ့ဟင်းမှာ မိုးကာလထွက် ဝါးပိုးမျှစ်ကို အဓိထား၍ ဆန်(ဆန်လှော်မှုန့်)၊ ပင်စိမ်း၊ ဆူးပုတ်ရွက်၊ ကြိမ်ခါးဖူး၊ စွယ်တော်ရွက်၊ ဂွေးတောက်ရွက်၊ လဲလူရွက်၊ ကောက်ကောက်ညွှန့်၊ တညင်းသီး၊ ခရမ်းကဆော့သီး၊ မယ်ဇလီဖူး၊ မယ်ဇလီအရွက်၊ ပိတ်ချင်းရွက်၊ ရှမ်းနံနံ၊ စပါးလင်၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့ ပါဝင်ပါသည်။ အသားအဖြစ် ကြက်သား၊ ငါးရံ့၊ ပုစွန်၊ ခရု တစ်မျိုးမျိုးထည့်ကြပါသည်။
ပြုလုပ်နည်း -
၁။ ဝါးပိုးမျှစ်(မျှစ်ချို)ကို ရေများများဖြင့် အရင်ပြုတ်ရပါသည်။ ထို့နောက် စပါးလင်ကိုလည်း ဓါးပြားရိုက်ပြီးထည့်ပြုတ်ရပါသည်။
၂။ မျှစ်နူးလာပြီး ရေဆူလာပါက ကြက်သွန်နီကို ပါးပါးလှီးထည့်၊ မျှင်ငါးပိကို ဖျော်ထည့်ရပါသည်။
၃။ ရေအရမ်းဆူလာပါက ဆန်လှော်မှုန့်ကို ရေဖြင့်ဖျော်ပြီး ဟင်းရည်အိုးထဲသို့ ထည့်ရပါသည်။ အရည်ပျစ်ပျစ်ကြိုက်ပါက ဆန်မှုန့်ကို ပိုထည့်နိုင်ပါသည်။
၄။ ပြီးလျှင် အချိုမှုန့်၊ ဆားအနည်းငယ်ထည့်ပေးပါ။ ကြက်သား၊ ပုစွန်၊ ခရု တစ်မျိုးမျိုး ထည့်ပြီး မွှေပေးရပါသည်။
၅။ အားလုံးထည့်ပြီးပါက အသီးအရွက်စုံ ဆူးပုတ်၊ တညင်းသီး၊ ကြိမ်ခါးဖူး၊ ပင်စိမ်း၊ ရှမ်းနံနံ စသဖြင့် ထည့်ပြီး မွှေပေးရပါသည်။ (၂)မိနစ်လောက်ကြာပါက မီးဖိုပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီ။
မျှစ်တာလပေါ့ ဟင်းထဲက မျှစ်ဖတ်ရဲ့ ကျွတ်ကျွတ်ချိုချိုအရသာ၊ ပင်စိမ်းရဲ့ မွှေးရနံ့၊ ငရုတ်ကောင်း၊ ငရုတ်သီးစိမ်းတို့ရဲ့ ရှူးရူးရှဲရှဲ စပ်စပ် အရသာ၊ အရွက်စုံ၊ ပုစွန်၊ ခရု၊ ကြက်သားတို့ရဲ့ ချိုတဲ့အရသာပေါင်းစပ်လိုက်ပါက အရသာထူးလှတဲ့ ထမင်းမြိန်စရာ ဟင်းကောင်းတစ်ခွက်ကို ရရှိလာပေသည်။
ဆီမပါ မျှစ်တာလပေါ့ ဟင်းပူပူနှင့် ရှောက်သီးသုပ် ချဥ်ချဥ်စပ်စပ်ကို တွဲဖက်စားသုံးမည်ဆိုပါက မိုးရာသီအေးအေးနှင့် အလွန်လိုက်ဖက်ညီတဲ့ စားဖွယ်တစ်ခုဖြစ်သွားပါတော့သည်။
မိုးရာသီကာလတွင် ပေါပေါများများရရှိသော ဝါးပိုးမျှစ်ဖြင့် ရိုးရာဟင်းတစ်မယ် ပြုလုပ်ပုံကို လေ့လာရေးသားတင်ပြလိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 1 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026