ယခုလအတွင်း မြန်မာ့ငရုတ်သီးစျေးနှုန်းမှာ တည်ငြိမ်မှုမရှိကြောင်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
လတ်တလောဖြစ်ပျက်နေတဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် ကုန်ပစ္စည်းတင်ပို့နေတဲ့ လမ်းကြောင်းများမှာ အခက်အခဲရှိနေတဲ့အတွက် စျေးနှုန်းများမှာ တည်ငြိမ်မှုမရှိနေတာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောပါတယ်။
ငရုတ်သီးတွေက ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးအခြေအနေကြောင်း ဆက်သွယ်ရေးလမ်းကြောင်း မကောင်းတာရယ် ပြီးတော့ ဝယ်ယူနေတဲ့နိုင်ငံကလည်း ငရုတ်သီးရာသီဖြစ်နေတာရယ်ကြောင့် စျေးနှုန်းကတည်ငြိမ်မှုမရှိဘဲ ကျနေတာပါ
အခုလကုန်မှာတော့ မြန်မာ့ငရုတ်သီးစျေးနှုန်း ပြန်လည်ကောင်းမွန်လာရန် မျှော်မှန်းထားတယ်လို့လည်း အဆိုပါအသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်သီးစျေးနှုန်းမှာ အရင်က ဧရာဝတီတိုင်းမှထွက်ရှိတဲ့ ငရုတ်သီးမျိုးများမှာ တစ်ပိဿာ ကျပ် ၃၀၀၀ ဝန်းကျင်ရရှိနေသော်လည်း အခုလက်ရှိမှာ တစ်ပိဿာ ၆၅၀ ဝန်းကျင်သာ စျေးနှုန်းရရှိနေကြောင်း မြန်မာ့ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်