သနပ်ခါး အသုံးဝင်ပုံ

31/03/2020 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အသားအရေ အတွက်အသုံးပြုပုံ

မြန်မာ့ ရိုးရာသနပ်ခါးကို အမျိုးသမီးများသာ မက အမျိုးသားများပါ ကြိုက်နှစ်သက်စွာ သုံးစွဲကြပါသည်။ သနပ်ခါးသည် အသားအရေအမျိုးအစား မရွေးသုံးစွဲနိုင်ပြီး ယနေ့အချိန်တွင် ခရင်မ်၊ ပေါင်ဒါ၊ မျက်နှာသစ်ဆေး၊ မိတ်ကပ် အစရှိသည်ဖြင့် ကျား/ မ မရွေးသုံးစွဲနိုင်အောင် ဖန်တီးထုတ်လုပ်နေကြပြီဖြစ်ပါသည်။ သနပ်ခါးတွင် အသားအရေအတွက် ကောင်းစေသော ဗီတာမင် အီး၊ Anti-bacterialAnti-fungalCoumarine နှင့် Mamesin အစရှိသော ဓာတ်များ ပါဝင်သောကြောင့် ဝက်ခြံ၊ တင်းတိပ်ကို ပျောက်ကင်းစေပါသည်။ အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး၊ အဖုအပိတ်များကိုလည်း ပျောက်ကင်းစေပါသည်။ အသားအရေပေါ်တွင် ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများ ကို ဖယ်ရှားပေးနိုင်ပြီး၊ အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျို လန်းဆန်းစေပါသည်။ ခရမ်းလွန်ရောင်ချည် (UV-A ray) ကြောင့်ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း မှကာကွယ်ပြီး တင်းတိတ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပါသည်။

ကျန်းမာရေး အတွက် အသုံးဝင်ပုံ

မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွစေတတ်၏။ ပူ ခါး ချုပ် ပွင့် ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ။ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားပါသည်။

အသုံးပြုပုံ

အရွက်

ဝက်ရူးပြန်ရောဂါဆေးတွင် သုံးသည်။ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများ ခတ်၍ သောက်ပါက ငှက်ဖျားရောဂါ ပျောက်သည်။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရသည်။အရွက်ကို အခြောက်လှမ်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင်။ အနာအဆာနှင့် ကိုယ်တွင်းရောဂါ ဟူသမျှ ကင်းရှင်းပပျောက်၏။

အသီး

အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အမြစ်

ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါများလည်း ပျောက်၏။ ကလေးချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျ၏။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ၅-ပဲသားစီကို ပျားရည် ၆-ပဲသားနှင့် ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏။သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့် ရောလျက်သောက်ပါက အစာအိမ်ရှိ အဆိပ်ပြေစေ၏။ ဟု ဆိုထားပါသည်။

ဇင်ထူးနိုင်

ကိုးကားချက်

. https://en.wikipedia.org/wiki/Thanaka

. စိုက်ပျိုးရေး ဦးစီးဌာန ထုတ်၊ သနပ်ခါး အကြောင်း သိကောင်းစရာ နှင့် စိုက်ပျိုးနည်းစနစ် စာအုပ်မှ

. Application of Myanmar traditional THANAKHA as cosmetic; Asian Institute of Technology. Food Engineering and Bioprocess Technology, School of Environment, Resources and Development.


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်