အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘက်စုံအသုံးဝင် ခွေးလှေးယားပင် ( Mucuna Pruriens )

ဘက်စုံအသုံးဝင် ခွေးလှေးယားပင် ( Mucuna Pruriens )

Green Way
Green Way • 22/01/2018

ခွေးလှေးယားပင် (Mucuna Pruriens) သည် Fabaceae သို့မဟုတ် Leguminosae ပဲမျိုးရင်းဝင် ဖြစ်သည်။ Velvet Bean, Cowhage အပြင် တခြား အမည်ကွဲများလဲ ရှိသေးသည်။ အာဖရိက၊ အာရှတွင် သဘာဝ အလေ့ကျပေါက်ပင်အဖြစ် နေရာအနှံ့ တွေ့နိုင်သည်။

ပင်ငယ်စဉ် အရွက်များနှင့် အသီးတွင်ရှိသော အမွှေးများကြောင့် အလွန် အကျွံယားယံမှုကို ဖြစ်စေသည်။ အပင်ကြီးလာသည်နှင့် အမွှေးများပါးလာပြီး လုံးဝမရှိတော့သည်အထိ ဖြစ်နိုင်သည်။ ၎င်းကို စိုက်ပျိုးရေး အချို့ကိစ္စများနှင့် ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။ ရာသီပင်ဖြစ်ပြီး နွယ်အမျိုးအစား ဖြစ်ကာ ၁၅ မီတာ( ၄၉ ပေခန့်) အထိ ရှည်နိုင်သည်။

အရွက်မှာ Tripinnate ရွက်ငယ် ၃ ရွက်တွဲ အောက်ဝိုင်း ထိပ်ချွန်ပုံဖြစ်ပြီး ပုံတွင် ကြည့်နိုင်သည်။ အပင်ငယ်စဉ် အရွက် မျက်နှာပြင် ၂ ဖက်စလုံးတွင် အမွှေးများ ပါရှိသည်။ အပွင့်မှာ အဖြူရောင်၊ ခရမ်းဖျော့၊ ခရမ်းရောင် ပွင့်ကာ အခိုင်လိုက်ပွင့်ပြီး အသီးမှာ အမွှေးထူသည်။ လိမ္မော်ရောင် အမွှေးများ ဖြစ်သည်။ အသီးတွင် ၇ စေ့ခန့် ပါတတ်သည်။ အစေ့မှာ အနက်ရောင်၊ အညိုရောင် ရှိတတ်သည်။ အစေ့ ၁၀၀ စေ့ အလေးချိန်မှာ ၅၅ မှ ၈၅ ဂရမ်ခန့် ရှိနိုင်သည်။

ခွေးလှေးယားပင်ကို တိရစ္ဆာန်အစာ အဖြစ်သော်၎င်း၊ မြေဖုံးပင် အဖြစ်သော်၎င်း၊ သစ်စိမ်းမြေသြဇာ အဖြစ်သော်၎င်း အသုံးပြုနိုင်သည်။ ၎င်းသည် ပဲမျိုးရင်းဝင် အပင် ဖြစ်သောကြောင့် နိုက်ထရိုဂျင်ဓာတ်ကို မြေထဲမှ ဖမ်းယူနိုင်သဖြင့် စိုက်ပျိုးရေးတွင် ညံပင်ကဲ့သို့ မြေဖုံး အသုံးပြုနိုင်သည်။ ၎င်းအပင် အခြောက် အစေ့များကို တိရစ္ဆာန်အစာ အဖြစ် ဒေသတော်တော် များများတွင် အသုံးပြုကြသည်။ တိရစ္ဆာန်အစာအဖြစ် အပင် တစ်ပင်လုံးတွင် အာဟာရ ပါဝင်မှုမှာ (အပင်ခြောက်အတွက်) ပရိုတိန်း ၁၁-၁၂%၊ ဖိုက်ဘာ အမျှင်ဓာတ် ၃၅-၄၀%၊ အစေ့ခြောက်တွင် ပရိုတိန်း ၂၀-၃၅% တို့ ပါဝင်သည်။

ဗီယက်နမ် နိုင်ငံနှင့် အာဖရိကတိုက်ရှိ ဘီနင်နိုင်ငံ တို့တွင် Imperata cylindrica မျိုးစိတ် ဖြစ်သော သက်ကယ်မြက် တစ်မျိုးမှာ နှိမ်နင်းရခက်သော ပေါင်းမြက် ဖြစ်သည်။ ခွေးလှေးယားပင်ကို ၎င်းပေါင်းမြက်အား နှိမ်နင်းရန် ဇီဝပေါင်းသတ်ဆေး အဖြစ် အသုံးပြုသည်။ ထို့ပြင် ခွေးလှေးယားပင်သည် ပေါင်းပင်အမျိုးအစား မဟုတ်ချေ။ အလွန်အကျွံ ပွားများတတ်သည့် အပင်မျိုး မဟုတ်ချေ။

၎င်းအပြင် ခွေးလှေးယာစေ့ကို Nescafe ဟုခေါ်သော “ ကော်ဖီစေ့ အစားထိုး” အနေဖြင့် တခါတရံ အသုံးပြုသည်။ (စျေးကွက်တွင် ရှိသော Nescafé နှင့် မရောထွေးစေလိုပါ။) အစေ့နှင့် အညွှန့် များကို ချက်ပြုတ် စားသောက်နိုင်သည်။ သို့သော် ရေဖြင့်စိမ်ခြင်း ပြုတ်ခြင်းတို့ အကြိမ်ကြိမ် ပြုလုပ်သင့်သည် သို့မဟုတ်ပါက လူကို အဆိပ်အတောက် ဖြစ်စေနိုင်သည်။
၎င်းတွင်ပါဝင်သော ဓာတ်တမျိုး အနဲငယ်စားလျှင် ကောင်းကျိုးပေးသော်လည်း အလွန်အကျွံ စားသုံးမိပါက ruminant မဟုတ်သော (ruminant = ခွာပါသော၊ အစာအိမ် အခန်းများစွာ ပါသော၊ စားမြုန်ပြန်သော) နို့တိုက်သတ္တဝါ (လူအပါအဝင်) များအတွက် ဘေးဥပါဒ် ဖြစ်စေပါသည်။

အစေ့တွင်ပါဝင်သော Levodopa သည် ဦးနှောက်အတွင်း Dopamine အဖြစ်ပြောင်းလဲကာ ဦးနှောက်ဆဲလ်များကို အသစ်တဖန် ပြန်ဖြစ်စေနိုင်သော စွမ်းအင်ရှိသောကြောင့် လေဖြတ် လေငန်းရောဂါသည်များ အတွက် ဆေးကောင်းသဖွယ်ဖြစ်သည်။

ထို့ပြင် မြွေကိုက်ခံရသော လူနာများကိုလဲ အဆိပ်ဖြေစေသော သတ္တိ ၎င်းအပင်တွင် ပါဝင်သည်။
ကိုယ်လက်ကိုက်ခဲ ဖျားနာခြင်း၊ မြွေကိုက်ခံရခြင်း တို့အတွက် ၎င်းကို အသုံးပြုကာ အန်ချစေခြင်းဖြင့် ရောဂါကို သက်သာပျောက်ကင်းစေသည်။

လေငန်းလေဖြန်း၊ ကိုယ်တခြမ်းသေ၊ သွေးလေခြောက်ခြား၊ အဆစ်အမြစ်ကိုက်၊ ထုံကျင်၊ ကိုယ်လက်ကိုက်ခဲခြင်း တို့အတွက်လဲ အသုံးပြုနိုင်သည်။ အရွက် သို့မဟုတ် အစေ့ကိုခြေပြီး အရေပြားပေါ် တိုက်ရိုက်အသုံးပြုကြသူတွေ ရှိသည်။

ခွေးလှေယားသီး၊ အရွက်ကြောင့် ယားယံလာပါက ထိုနေရာကို မကုတ်ပါနှင့်။ ရေဖြင့်လဲ မဆေးပါနှင့်။ အကောင်းဆုံးမှာ ဆေးရွက်ကြီးအရွက်ဖြင့် ပွတ်ပါ။ တချို့နောက်ချေးစိမ်းဖြင့် ပွတ်ကြသည်။

ထိုသို့ ဘက်စုံအသုံးဝင်သော ခွေးလှေးယားအပင်အကြောင်း အများသူငါ ဗဟုသုတရစေခြင်းငှာ စုဆောင်းတင်ပြလိုက်ရပါသည်။

ဝေယံအောင်
(Ref : Wikipedia, the free encyclopedia)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 1 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။