ကန်စွန်းရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများ

14/02/2019 17:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဟေ့ ဘာဟင်းချက်

ဘဲဥ နဲ့ ဆိတ်သား၊ ငပိရည်လေးနဲ့ လာစားပါဦး။

ဟင်းကောင်းလှချည်လားပေါ့။ လက်နဲ့ ဆိတ်ချွေ ကြော်ထားတဲ့ ကန်စွန်းရွက်ဆို ဆိတ်သားလို့ ပြောကြတာ ခေတ်တစ်ခုဖြစ်ခဲ့ပါတယ်။ အစိမ်းစားစား ကြော်စားစား သူများနဲ့ မတူတဲ့ အနံ့လေးရယ်၊ ချိုပြီး ကြွပ်တဲ့ အရသာရယ်ကြောင့် ကန်စွန်းရွက်ဆိုရင် မသိတဲ့သူမရှိ မကြိုက်တဲ့သူမရှိပါပဲ၊ အချဉ်လေးတည်ပြီး စားဦးမလား မြိန်မှ မြိန်ပါပဲ။ 

အဲ့ကန်စွန်းရွက်ကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကိုလေ့လာကြည့်ရအောင်။ 

(၁) ကိုလက်စထရော ကို လျော့ကျစေပါတယ်။ ကဲ ဝိတ်ချချင်တယ်ဆို ကန်စွန်းပလိန်းပေါ့။ ကန်စွန်းရွက်ကို ပုံမှန်စားပေးရင် ကိုလက်စထရောတက်ပြီး ဝ လာတော့မှာ မဟုတ်ပါဘူး။

(၂) အသားဝါနဲ့ အသည်းနဲ့ ပတ်သက်တဲ့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့်မို့ အသည်းနဲ့ သည်းခြေ ကိုထိခိုက်ခြင်းဖြစ်စဉ်တွေကို ကာကွယ်ပေးနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ကုသနိုင်တဲ့ဆေးတွေတောင် ကန်စွန်းရွက်ကနေ ထုတ်နေပြီဖြစ်ပါတယ်။ ကဲ ကိုကိုတို့ရေ သောက်ရင်ကန်စွန်းပလိန်းပဲပေါ့ ……..

(၃) သွေးအားနည်းရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ သံဓာတ်အများကြီးပါဝင်တာကြောင့်မို့ ကန်စွန်းရွက် အနုလေးတွေ အညွှန့်လေးတွေကိုစားပေးရင် သွေးအားနည်းတာကို ကုသပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေအတွက်ဆိုလည်း လိုအပ်တဲ့ သံဓာတ်ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။ လူတွေမှာသံဓာတ်ပြည့်နေမှ သွေးနီဥတွေကိုထုတ်လုပ်ပေးနိုင်ပြီး သွေးအားကောင်းကျန်းမာလာစေမှာပါ။

(၄) အစာမကြေတာနဲ့ ဝမ်းချုပ်တာကို ကုသပေးပါတယ်။ ကန်စွန်းရွက်မှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့်မို့ အစာချေစနစ်ကို အများကြီးအထောက်အကူပြုပါတယ်။ အစာလည်းကြေ ဝမ်းချုပ်တာကိုလည်း သက်သာစေတယ်ဆိုတော့ ကန်စွန်းရွက်က ကောင်းတာပေါ့။ 

(၅) ဆီးချိုဝေဒနာရှင်များအတွက် သင့်တော်တဲ့ ဓာတ်စာပါတဲ့နော်။ ကိုယ်ဝန်ဆောင်ထားရတဲ့ ဆီးချိုဝေဒနာရှင်တွေကို ကုသဖို့ ကန်စွန်းရွက်ကိုသုံးပါတယ်။ ကန်စွန်းရွက်ကို ပုံမှန်စားပေးတဲ့ ဆီးချိုဝေဒနာရှင်တွေက ပိုပြီးတော့ ကျန်းမာရေးကောင်းလာစေမယ်လို့ အာမခံထားပါတယ်။ 

(၆) နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် (အေ) နဲ့ (စီ) ပါဝင်တာရယ်၊ ဘီတာကယ်ရိုတင်း အများကြီးပါဝင်တာကြောင့်ရယ်၊ ကိုလက်စထရော ကိုလျော့ပေးနိုင်တာကြောင့်ရယ် နှလုံးသွေးလမ်းကြောင်းနံရံမှာ အဆီတွေပိတ်တာမျိုး၊ သွေးကြောကျဉ်းတာမျိုး စတာတွေကိုမဖြစ်စေတော့ပါဘူး။  နှလုံးကို ထိခိုက်စေနိုင်တဲ့ homocysteine ဟိုမိုဆိုက်စတင်း ကို ပြောင်းလဲပေးနိုင်တဲ့ ဖိုလိတ်လည်း ကန်စွန်းရွက်မှာ ပါပါတယ်။ ပြီးတော့ မဂ္ဂနီစီယမ်လည်း ပါဝင်တာကြောင့် သွေးဖိအားကိုကောင်းမွန်တိုးတက်လာစေပါတယ်တဲ့.

ကဲ ညနေအလုပ်ပြန်ရင် ဈေးထဲကိုသွား ကန်စွန်းရွက် (၂) စည်းဝယ်၊ ကြော်စားမယ်။ ရေချိုးတဲ့နေရာနား ကန်စွန်းရိုးတွေပစ်ထားလိုက်ရင် ၂၀၀ တန်ကန်စွန်းရွက်က ရွှေထွက်ပြီပေါ့လို့……….. 

ကျန်းမာချမ်းသာပြီး အောင်မြင်ပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ 

ထွန်းဝင်းကျော်

Reference

https://www.stylecraze.com/articles/benefits-of-water-spinach-for-skin-hair-and-health/#gref

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်