ငါးအစာကျွေးခြင်းနည်းလမ်း

04/07/2018 13:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

မိမိထည့်သွင်းမွေးမြူထားသောငါးမျိုးစိတ်များနှင့် ငါးမွေးမြူသည့်နည်းစနစ်ပေါ်မူတည်ပြီး ငါးအစာ ကျွေးခြင်း နည်းလမ်း အမျိုးမျိုးရှိပါသည်။ မိမိသတ်မှတ်ထားသည့် ပုံမှန်နေရာ (၄)နေရာ (သို့)  (၆) နေရာ ၌ အညီအမျှကျဲပက်၍အစာကျွေးခြင်း
ကန်ဘောင်မှ (၆) ပေ (သို့) (၁၀)ပေခန့်ရှည်သော လူသွားလမ်း(သို့) တံတားပြုလုပ်၍ အစာကို ကျဲပက် ခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။ကြီးသောကန်အမျိုးအစားများအတွက် ကြိုး(၂)ချောင်း (သို့) (၃) ချောင်းအား ကန်၏ အရှည်အတိုင်းတား စေပြီး ၎င်းကြိုးလေးများအရှည်အတိုင်းလှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါသည်။
အစာကျွေးချိန်နှင့် အကြိမ်ရေ
ငါးကျပ်သားခန့် အရွယ်အထိတစ်နေ့သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် ကျွေးနိုင်သည်။(အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင်ပမာဏ-  ၅-၇ မီလီဂရမ်/၁လီတာ) ငါးကန်ရေ၏အပူချိန် အတက် အကျသည်လည်း အစာစားနှုန်းကိုလျော့ကျစေသည်။ (အကောင်းဆုံး အပူ ချိန်အတိုင်းအတာ ၂၅-၃၂ဒီဂရီစင်တီဂရိတ်) အကယ်၍ ရေ၏အပူချိန်သည် ၂၀-၂၄ဒီဂရီစင်တီဂရိတ်၊ ၁၆-၁၉ဒီဂရီစင်တီဂရိတ်နှင့် ၃၃-၃၈ဒီဂရီစင်တီဂရိတ် အတွင်း တည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၈၀ရာခိုင်နှုန်း၊၆၀ရာခိုင်နှုန်းအထိလျော့ပြီးကျွေးသင့်သည်။
မနက်ပိုင်းနေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏၆၀-၆၅ရာခိုင်နှုန်း (တစ်နေ့လုံး ကျွေးရမည့် အစာ၏တစ်ဝက်ကျော်)ကို ကျွေး၍ညနေနေမဝင်မီ နှစ်နာရီခန့်အလိုတွင် ကျန် ၃၅-၄၀ရာခိုင် နှုန်းကို ကျွေးသင့်သည်။
ငါးကန်ရေ၏အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့်နေ့များတွင် အပြောင်းအလဲမြန်သဖြင့်ငါးများ အစာစားနှုန်းလျော့ကျလေ့ရှိသည်။
အစာကျွေးချိန်တွင် ငါးကျန်းမာရေးအခြေအနေစစ်ဆေးခြင်း
အစာကျွေးချိန်တွင် ငါးများထင်သလောက်မတွေ့ရှိပါက ကျွေးသည့်အစာကို မကြိုက်/မနှစ်သက် ကြောင်း သိနိုင်သည်။ ငါးအစာစားနည်းရသည့် အကြောင်းအရင်းတစ်ခုမှာ ရေအရည်အသွေးမကောင်း ခြင်းကြောင့်လည်းဖြစ်နိုင်သည်။
ငါးများကျန်းမာသန်စွမ်းမှုရှိမရှိ အခြေအနေကို ငါးနမူနာ ကောက်ယူသည့် အချိန်တွင်လည်း စစ်ဆေး ကြည့်ရှုနိုင်သည်။
ဦးခေါင်းပိုင်းသည် ကိုယ်ထည်ပိုင်းထက် ကြီးနေသည့် အနေအထားတွေ့ရှိပါက အစာပြတ်လပ်မှု၊ မလုံလောက်မှု ဖြစ်နေကြောင်း သိရှိနိုင်သည်။
အရည်အသွေးညံ့သည့် အစာ (ဗီတာမင်၊ သတ္တုဓာတ်နှင့် အခြားအဟာရဖြစ်စေသည့် ကုန်ကြမ်းများမပါ ဝင်သည့် ငါးစာ)များသာ စားသုံးရသဖြင့် သန်စွမ်းမှုမရှိခြင်းကြောင့် အစာစားခြင်းရပ်တန့်သွားနိုင်သည်။ ခန္ဓာကိုယ်နှင့် အမြီးများကောက်ကွေးနေခြင်း၊ ဦးခေါင်းပိုင်းနိမ့်ဆင်းနေခြင်းစသော လက္ခဏာများသည် ငါးများကျန်းမာသန်စွမ်းမှုရှိ၊ မရှိအခြေအနေကို ဆုံးဖြတ်ရာတွင် ထည့်သွင်း စဉ်းစားရမည့်အချက်များ ဖြစ်သည်။
အစာပမာဏ
အစာကျွေးရမည့်ပမာဏသည် ငါး၏အလေးချိန်၊ ငါးအမျိုးအစားနှင့် နေထိုင်သည့် ပတ်ဝန်းကျင်ပေါ်တွင် မူတည်သည်။ စတင်ကျွေးသည့်အဆင့်၌ ငါး၏အလေးချိန်နှင့် အစာကျွေးနှုန်း အချိုးအစားကို ရေပေါ်စာနှင့် ရေမြုပ်စာနှစ်မျိုးလုံးအတွက် လိုက်နာဆောင်ရွက်သင့်သည်။ ၎င်းအဆင့်ကို လွန်သော် ရေပေါ်စာကို မိနစ် ၃၀ခန့်အတွင်း ငါးစားသည့် အစာပမာဏပေါ်မူတည်၍ အစာကျွေးနှုန်းကို သတ်မှတ်နိုင်သည်။ ဆိုလိုသည်မှာ အစာ ၆ပိဿာခန့်ကျွေးပြီးနာရီဝက်ခန့် အကြာတွင် ၇၀ရာခိုင်နှုန်း(၄ပိဿာကျော်ခန့်) ငါးစားသုံးကြောင်းတွေ့ ရှိရပါက နောက်ပိုင်းအစာကျွေးလျှင် ၎င်းနှုန်းအတိုင်း(၆ပိဿာ၏ ၇၀ရာခိုင်နှုန်း-၄ပိဿာကျော်)ဆက်လက် ကျွေးနိုင်ပါသည်။
အကယ်၍ငါးသည် မိနစ်၃၀အတွင်း ကျွေးသည့်အစာအားလုံး(၆ပိဿာ-ဤဥပမာအရ) ကို ကုန်အောင် စား သုံးကောင်းစားသုံးနိုင်မည်ဖြစ်သည်။ ဤအခြေအနေမျိုးတွင်လည်း အစာပမာဏကို အောက်ဖော်ပြပါဇယား တွင်ပါရှိသည့်နှုန်းထားထက် ပိုမိုမကျွေးသင့်ပေ။
ဇယား(၁)တီးလားပီးယားငါးအတွက် အစာပမာဏ

ဇယား(၂) ငါးကြင်းမျိုးနွယ် ငါးများအတွက် အစာပမာဏ


ဇယား(၃) ငါးဒန်ငါးမျိုးများအတွက် အစာကပမာဏ

ဇယား(၄) ငါးကျည်း ငါးမျိုးအတွက် အစာပမာဏ

ဇယား(၅) ငါးပြေမနှင့် ငါးရံ့အတွက် အစားပမာဏ


အစာစိမ်း(အရွက်စိမ်း) ကျွေးနည်းစနစ်
မြက်စားငါးကြင်းနှင့် ငါးခုံးမငါးမျိုးစိပ်များကို အခြားငါးမျိုးများနှင့် ရောနှောမွေးမြူပါက အစာစိမ်း(မြက်/ အရွက်)များကကျွေးခြင်းသည် ငါးထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေသည်။ မြက်စားငါးကြင်းသည် အစာစိမ်း (အရွက်စိမ်း)များကို ၎င်းခန္ဓာကိုယ် အလေးချိန်၏ ၄၀မှ ၅၀ ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏကို စားနိုင်သည်။ မြက်စားငါးကြင်းကို အစာကျွေးလျှင် ရေပေါ်ပေါ်သည့် လေးထောင့်(သို့) အဝိုင်းပုံ ဘောင်ခတ်၍ ၎င်းဘောင် အတွင်း အစာကျွေးသင့်သည်။ အစာကျွေးမည့်ဘောင်ကို ကန်ဘောင်မှ ၃ပေ မှ ၆ပေ ကွာခန့်တွင် ထားရှိနိုင် သည်။ ငါးစာကျွေးမည့် ဘောင်အကျယ်အဝန်းမှ ၀.၃ဧက ကျယ်ဝန်းသည့် ငါးကန်အတွက် ၃ပေပတ်လည်ခန့် ရှိသင့်သည်။ ခုတ်စင်းထားသည့် အပင် အရွက်များကို ၎င်းအစာကျွေး ဘောင်ထဲတွင်ထည့်၍ကျွေးနိုင်သည်။

My Culture - ငါးမွေးမြူရေးဆိုင်ရာ အာဟာရ ပြည့်ဝသည့် ငါးအစာ ပြုလုပ်ထိန်းသိမ်းခြင်း စီမံခန့်ခွဲမှု


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်