ဆိုင်ကလုန်းမုန်တိုင်း REMALသက်ရောက်မှု ရခိုင်ပြည်နယ်မြောက်ပိုင်းအများဆုံးခံရမည်..
မေလ ၂၅ ရက် နံနက်ပိုင်းမှ စတင်၍ အမည်ရဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမည်။
အမည်ရဆိုင်ကလုန်းမုန်တိုင်း "REMAL" ဖြစ်လာမည့်
အိန္ဒိယမိုးလေဝသဌာန(IMD)က ဒီနေ့မနက် ၉ နာရီခွဲအချိန်ထုတ်ပြန်ချက်မှာ -
မေလ ၂၅ ရက် မနက်(၆ နာရီခွဲ)က စပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမယ်လို့ ထုတ်ပြန်ထားပါတယ်။
(ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာရင်တော့ အိုမန်နိုင်ငံက ပေးထားတဲ့အလှည့်ကျအမည် REMAL ဆိုတာ ပေးပါလိမ့်မယ်၊ REMAL ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကတော့ "SAND - သဲ" ဖြစ်ကြောင်း သိရပါတယ်) ဆိုင်ကလုန်းမုန်တိုင်းမှ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအထိဖြစ်လာနိုင်မည်
မုန်တိုင်းအားအကောင်းဆုံးဖြစ်နိုင်မဲ့နေ့တွေက မေလ ၂၆ ရက် ည ၈ နာရီခွဲ နဲ့ မေလ ၂၇ ရက် နံနက် ၆ နာရီခွဲ မှ မေလ ၂၇ ရက် ညနေ ၆ နာရီခွဲအထိ ဖြစ်ပြီး အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SCS)ဖြစ်လာပါမယ်။
မေလ ၂၇ ရက် ညနေ ၆ နာရီခွဲအချိန်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို အားပြန်လျော့သွားမယ်။ ပြီးရင် ၂၈ ရက် မနက် ၆ နာရီခွဲမှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမယ်လို့ အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည့် မုန်တိုင်းကအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း REMAL ဖြစ်လာပြီးတဲ့နောက် မေလ ၂၆ ရက် ညပိုင်းမှ စ ပြီး မေလ ၂၇ ရက် နံနက်ပိုင်းအထိ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ထုတ်ပြန်ထားတာလဲ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် မုန်တိုင်းအရှိန်သက်ရောက်မှုအများဆုံးဖြစ်မည်။
မုန်တိုင်းရွေ့လျားရာလမ်းကြောင်းရဲ့ ညာဘက် အနီးဆုံးမှာတည်ရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းအရှိန်သက်ရောက်မှု အများဆုံးဖြစ်ပြီး မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ပါမယ်။ မိုးသက်လေပြင်းများကျချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး မိုးအလွန်သည်းထန်နိုင်ပါမယ်။
၂၄ နာရီအတွင်း ခန့်မှန်းမိုးရေချိန် ၄၀ မီလီမီတာမှ ၇၀ မီလီမီတာ အထိ ၄ ရက် ဆက်တိုက်(၂၆ ရက်မှ ၂၉ ရက်အထိ) ရွာသွန်းမှာဖြစ်လို့ ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးအန္တရာယ်များကျရောက်နိုင်တာကြောင့် အထူးသတိပြုကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အမည်မသိ
လွန်ခဲ့သော ၂ နှစ် ကHi
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 1 ခု
မန်ကိုဇက်နဲ့ရနိုင်လားဆရာ လက်ထဲ မန်ကိုဇက်ပဲရှိလို့ပါဆရာ အခြားဆေးဆိုလဲ ရှာပါမယ်ဆရာ အခုက မိုးကရွာ ရေက အခြားထွက်မှာစိုးလို့ကို ဘောင်တင်ပီးပိတ်ထားမိတာပါဆရာ အောက်လက်တွေကတော့ အတော်လေးရှင်းပေးထားတယ်ဆရာ မတလဇီး မန်ကိုဇက် ဂရမ်း အဲ့မှိုဆေး သုံးမျိုးရှိပါတယ်ဆရာ
U Yan • ဖြေကြားချက် 1 ခု
ဆလားဗီးယားငါးမွေးထားတာ1နှစ်ကြာပြီ ကန်က4ပေ8ပေအနက်5ပေကန်ကျင်းနေလို့လားလုံးဝမျိုးမပွားပါဘူးပြေားပြပေးပါဗျ
U Mar Taing • ဖြေကြားချက် 1 ခု
ဆရာ ဒါမျိုးလေးတွေပါဆရာ
U Yan • ဖြေကြားချက် 6 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026