ဧပြီလ ၂ ရက်၊ နံနက် ၁ နာရီ၊ မိနစ်၂၀ တွင်ရရှိသည့် မိုးလေဝသ update

02/04/2025 10:01 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဧပြီလ ၂ ရက်၊ နံနက် ၁ နာရီ ၂၀ မိနစ်အချိန်တွင် ရရှိသည့်ဒေတာများအရ ဧပြီလ ၆ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀% အထိ လျော့ကျလာကြောင်းတွေ့ရပါတယ်။

WINDY မှာတော့ ECMWF, GFS နဲ့ ICON model များက ဧပြီလ ၄ ရက်နေ့မှာ အားပျော့သော လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်ကြောင်းပြပါတယ်။ တကယ်ဖြစ်လာနိုင်မဲ့ ဧပြီ ၄ ရက်အထိတော့ အခြေအနေကို စောင့်ကြည့်ရပါဦးမယ်။ 

ဧပြီ ၅ ရက် - နံနက် ၁ နာရီမှ ၆ ရက် နံနက် ၁ နာရီအထိ ၂၄ နာရီအတွင်း မိုးရွာနိုင်မဲ့အခြေအနေက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာသာ မိုးအနည်းငယ်(၂၄ နာရီအတွင်း ၁၆ မီလီမီတာခန့်(၀.၆၃ လက်မ ခန့်)ရွာနိုင်ကြောင်းတွေ့ရပါတယ်။

အထက်ဘက် ငလျင်လှုပ်ထားသည့် ဒေသများမှာ မိုးရွာနိုင်ချေအလွန်နည်းနိုင်မည်ဖြစ်ကြောင်း တွေ့ရပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ၁၂ နာရီ ၅၀ မိနစ် ၅၂ စက္ကန့် မှာ လှုပ်သွားတဲ့ အင်အားပြင်းထန် ငလျင်ကြီးရဲ့ ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ "ရေခါးအင်း"လို့သာ google မှာပေါ်တဲ့ "ရေမျက်ကြီးအင်း"မှာ  USGS က ပြင်းအား ၇.၇ ( ထိုင်းမိုးလေဝသဌာန(TMMD)က ပြင်းအား ၈.၂ )ဟု ဖော်ပြသည့် ငလျင်လှုပ်ခတ်ပြီးနောက် ငလျင်အကြိမ်ရေ ၂၅၂ ကြိမ် ရှိပြီဖြစ်ပါတယ်။

ပြင်းအားအလိုက် အကြိမ်အရေအတွက်များ

  • 1.0 to 2.9 = 73 
  • 3.0 to 3.9 = 114 
  • 4.0 to 4.9 = 56
  • 5.0 to 5.9 = 8
  • 6.0 to 6.9 = 0
  • 7.0 = 1

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်